7/03/2016

♪ ၀န်ထမ်းတွ အပန်းပြေဖို့ ညကလပ် ကချေသည်များကို ငှားတဲ့ နည်းပညာ ကုမ္ပဏီ ♫

၁

ရုရှားမှ နည်းပညာကုမ္ပဏီတစ်ခုက ၀န်ထမ်းများ နေ့လည်စာစားချိန်မှာ အပန်းပြေစေဖို့ ညကလပ် ကချေသည်များကို ငှားရမ်း ကပြခိုင်းပါတယ်။ အသက် ၂၅ နှစ်အရွယ် Yulia Tastimbekova ဟာ တစ်ပတ်လျှင် ၂ ကြိမ် အဲဒီ ကုမ္ပဏီမှာ ဖျော်ဖြေရပါတယ်။

ကုမ္ပဏီရဲ့ စီအီးအို ဖြစ်သူ Ruslan Mukhametov က Tastimbekova က ဗုဒ္ဓဟူးနေ့တိုင်း Programmers များနဲ့ သောကြာနေ့တိုင်း ဒါရိုက်တာများကို ဖျော်ဖြေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ကချေသည် ဖျော်ဖြေနေတဲ့ ဗီဒီယိုကို အွန်လိုင်းမှာ တင်ခဲ့ပြီး လူကြိုက်များခဲ့ပါတယ်။ ဗီဒီယိုမှာ ကချေသည်ဟာ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦးတို့ကို ဖျော်ဖြေနေတာကို တွေ့ရပါတယ်။

ဝန်ထမ်းများက နေ့လည်စာစားချိန်မှာ ဖျော်ဖြေပေးတာ အလွန် အပန်းပြေတယ်လို့ ပြောပါတယ်။ ကုမ္ပဏီက ကချေသည်အတွက် အနားယူခန်းကိုလည်း ပြုလုပ်ပေးထားပါတယ်။


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com