Facebook တို့ Instagram တို့မှာ လူတစ်ယောက်တည်းကို
ကိုယ်ပွားတွေအများကြီးပွားပြီး၊ ပုံဟန်အမျိုးမျိုး နဲ့
ရိုက်ထားတဲ့ဓာတ်ပုံမျိုးတွေ တွေ့ဖူးကြမှာပေါ့။
အိုင်ဒီယာကောင်းရင်ကောင်းသလောက် အမိုက်စားပုံတွေ ရိုက်ကူးနိုင်ပြီး၊
အရင်ကတော့ ဒီလို clone photo မျိုးရိုက်ဖို့အတွက် DSLR
ကင်မရာကောင်းကောင်းတစ်လုံးကို ထောက်တိုင်ခံပြီးရိုက်တာ (ဒါမှမဟုတ်)
ဖိုတိုရှော့နဲ့ ပြင်တာမျိုးတွေ လုပ်လေ့ရှိကြပေမယ့် အခုခေတ်မှာတော့
စမတ်ဖုန်းတစ်လုံးရှိရုံနဲ့ အမိုက်စားကလုန်းဖိုတိုတွေ
ရိုက်နိုင်ပြီဖြစ်ပါတယ်။
Android ဖုန်းအတွက်ကော iOS အတွက်ပါ ကိုယ်ပွားဓာတ်ပုံ (clone photo) ရိုက်နိုင်တဲ့ အက်ပလီကေးရှင်းတွေအများအပြားရှိပြီး၊ တော်တော်များများက အခမဲ့ဖြစ်ပါတယ်။ app ထဲမှာတော့ ပိုက်ဆံနဲ့ နောက်ထပ်ဝယ်ယူနိုင်တဲ့လုပ်ဆောင်ချက်အသစ်တွေ ထပ်ပါမှာပါ။ မ၀ယ်ပဲလည်းသုံးလို့ရပါတယ်။
Clone camera app တွေအများကြီးထဲက အဆင်ပြေဆုံး app ရွေးပါဆိုရင် Clone yourself အက်ပလီကေးရှင်းနဲ့ DMD Clone တို့ကို ရွေးပေးချင်ပြီး၊ နှစ်ခုလုံးက သုံးရလွယ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ DMD Clone ပါ။
Download DMD Clone Here
အများဆုံး ကိုယ်ပွား ငါးပုံအထိ ရိုက်နိုင်ပြီး၊ ဒီ app မှာ အနည်းဆုံး ၃ ပုံရိုက်ပေးရပါမယ်။ (Clone yourself app မှာတော့ နှစ်ပုံ အနည်းဆုံးရိုက်နိုင်ပါတယ်။) ပုံတွေအကုန်ရိုက်ပြီးသွားရင် အမှန်ခြစ်ပုံကို နှိပ်လိုက်ပါ။
ကလုန်းဓာတ်ပုံတွေဟာ ရိုက်ကူးသူရဲ့ စိတ်ကူးကောင်းရင်ကောင်းသလောက် အမိုက်စားဖြစ်နေမှာဖြစ်ပြီး၊ ကိုယ့် ဆိုရှယ်မီဒီယာသူငယ်ချင်းတွေကို ပါးစပ်အဟောင်းသားဖြစ်စေမှာပါ။
Credit to ==> Digital TimesAndroid ဖုန်းအတွက်ကော iOS အတွက်ပါ ကိုယ်ပွားဓာတ်ပုံ (clone photo) ရိုက်နိုင်တဲ့ အက်ပလီကေးရှင်းတွေအများအပြားရှိပြီး၊ တော်တော်များများက အခမဲ့ဖြစ်ပါတယ်။ app ထဲမှာတော့ ပိုက်ဆံနဲ့ နောက်ထပ်ဝယ်ယူနိုင်တဲ့လုပ်ဆောင်ချက်အသစ်တွေ ထပ်ပါမှာပါ။ မ၀ယ်ပဲလည်းသုံးလို့ရပါတယ်။
Clone camera app တွေအများကြီးထဲက အဆင်ပြေဆုံး app ရွေးပါဆိုရင် Clone yourself အက်ပလီကေးရှင်းနဲ့ DMD Clone တို့ကို ရွေးပေးချင်ပြီး၊ နှစ်ခုလုံးက သုံးရလွယ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ DMD Clone ပါ။
အဆင့် (၁) – ပထမဆုံး DMD Clone ကို PlayStore ကနေ ဒေါင်းလုဒ်လုပ်ပါ။
DMD Clone ဟာ app တွင်းမှာ ပိုက်ဆံနဲ့ထပ်မံဝယ်ယူနိုင်တဲ့ feature တွေပါရှိတာကြောင့် PlayStore မှာ မြန်မာနိုင်ငံကနေ ရိုက်ရှာရင်တွေ့မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဒီနည်းလမ်းလေး အတိုင်း VPN သုံးပြီး ဒေါင်းနိုင်သလို၊ တခြား third-party store တွေဖြစ်တဲ့ 1 Mobile Market တို့မှာလည်း ရှိပါတယ်။ DMD Clone ကို iOS မှာတော့ ၀.၉၉ ဒေါ်လာလောက်နဲ့ ပေးဝယ်ရပါလိမ့်မယ်။Download DMD Clone Here
အဆင့် (၂) – app ကို ကျွမ်းကျွမ်းကျင်ကျင်သုံးတတ်အောင် အစမ်းရိုက်ကြည့်ပါ။
ဒေါင်းလုဒ်ဆွဲပြီးသွားပြီဆိုတာနဲ့ ကလုန်းဖိုတိုတွေ တန်းမရိုက်ဘဲ၊ app ကို ရင်းနှီးမှုရှိအောင် သုံးကြည့်ပါ။ app အတွင်းမှာ ပါတဲ့ ရှက်တာခလုတ်တွေ၊ ကင်မရာလှည့်တဲ့ခလုတ်တွေကို စမ်းသုံးထားကြည့်ပါ။ ဒါမှ နောက်ပိုင်း တကယ့်ကလုန်းဖိုတိုကောင်းတစ်ပုံရိုက်မယ်ဆိုရင် အဆင်ပြေမှာပါ။ ၀ီစီခရာပုံလေးက ဖုန်းရှက်တာခလုတ်ကို လက်နဲ့ နှိပ်စရာမလိုဘဲ၊ လေချွန်လိုက်ရုံနဲ့ ပုံရိုက်ပေးနိုင်ပါတယ်။ M ပုံလေးကတော့ ကင်မရာအလိုအလျောက် ရိုက်ဖို့ချိန်တဲ့နေရာပါ။အဆင့် (၃) ပုံစရိုက်မယ်
ပထမဦးဆုံး ပုံစရိုက်မယ်ဆိုရင်၊ မြင်ကွင်းကောင်းကောင်းတစ်ခုကို ရွေးချယ်ထားပြီး၊ ကိုယ့်ကိုယ်ပွားတွေ ဘယ်နေရာမှာရှိမယ်ဆိုတာပါ တခါတည်းစဉ်းစားထားပါ။ ဒါမှ ကလုန်းတွေရိုက်ရာမှာ ရှေ့ကအရိပ်နဲ့ မထပ်မှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တစ်ပုံရိုက်ပြီးတာနဲ့ တတ်နိုင်သမျှ ကင်မရာကို လုံးဝမလှုပ်အောင် ထားထားပါ။ ပထမတစ်ပုံရိုက်ပြီး၊ ဒုတိယတစ်ပုံရိုက်မယ်ဆိုရင်၊ ရှေ့က ပုံရဲ့အရိပ်က မြင်ကွင်းမှာပေါ်နေပါလိမ့်မယ်။ မထပ်အောင် ကင်မရာကိုင်သူကို ပြောပြီးချိန်ခိုင်းပါ။အများဆုံး ကိုယ်ပွား ငါးပုံအထိ ရိုက်နိုင်ပြီး၊ ဒီ app မှာ အနည်းဆုံး ၃ ပုံရိုက်ပေးရပါမယ်။ (Clone yourself app မှာတော့ နှစ်ပုံ အနည်းဆုံးရိုက်နိုင်ပါတယ်။) ပုံတွေအကုန်ရိုက်ပြီးသွားရင် အမှန်ခြစ်ပုံကို နှိပ်လိုက်ပါ။
အဆင့် (၄) ပုံကိုပြင်ပါ။
ကိုယ်ပွားတွေအကုန်လုံးကို တစ်ပုံတည်းမှာ ပေါင်းထည့်ပြီးပြီဆိုရင်၊ ပုံရိပ်တစ်ခုချင်းဆီကို ထည့်မလား၊ ချန်ထားမလား edit လုပ်နိုင်ပါတယ်။ Edit ကတော့ ကိုယ့်စိတ်ကြိုက်လုပ်ပါ။ ပြီးရင် ဖုန်း gallery ထဲမှာ save ပြီး၊ ကိုယ့်စိတ်ကြိုက် ဆိုရှယ်မီဒီယာမှာ တင်နိုင်ပြီဖြစ်ပါတယ်။ကလုန်းဓာတ်ပုံတွေဟာ ရိုက်ကူးသူရဲ့ စိတ်ကူးကောင်းရင်ကောင်းသလောက် အမိုက်စားဖြစ်နေမှာဖြစ်ပြီး၊ ကိုယ့် ဆိုရှယ်မီဒီယာသူငယ်ချင်းတွေကို ပါးစပ်အဟောင်းသားဖြစ်စေမှာပါ။
www.pyaephyo.com