မျက်နှာပြင်ကို နောက်လှန်ချိုးပြီး၊ တက်ဘလက်တစ်လုံးအနေနဲ့ပါ
သုံးလို့ရတဲ့ စွယ်စုံသုံးလက်ပ်တော့မျိုးကိုမှ ကြိုက်နှစ်သက်သူတွေအတွက်
ထိုင်ဝမ်အခြေစိုက် Asus ကုမ္ပဏီရဲ့ ZenBook Flip UX360 လက်ပ်တော့
ဈေးကွက်ဝင်လာပြီဖြစ်ပါတယ်။
လက်ပ်တော့ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားပြီး၊ ၃၆၀-ဒီဂရီအထိ လှည့်သုံးနိုင်တဲ့မျက်နှာပြင် ပါဝင်ပါတယ်။
Windows 10 Home စနစ် တပါတည်းပါဝင်ပြီး၊ 256GB SSD နဲ့
အနိမ့်ဆုံးမော်ဒယ်ကို ၆၉၉ ဒေါ်လာဈေးနဲ့ အမေရိကန်နိုင်ငံမှာ
စတင်ဝယ်ယူနိုင်နေပြီဖြစ်ပါတယ်။ 512GB SSD မော်ဒယ်ကတော့ ၇၉၉
ဒေါ်လာဈေးရှိပြီး၊ 128GB မော်ဒယ်လည်း ထွက်ရှိမယ်လို့ သိထားပါတယ်။
ZenBook Flip UX360 မှာ ၁၃.၃ လက်မအကျယ်ရှိတဲ့ full-HD (1920×1080 pixels) မျက်နှာပြင်ပါရှိပြီး၊ IPS touchscreen မျက်နှာပြင်ဖြစ်တာကြောင့်၊ တက်ဘလက်အနေနဲ့လည်း အဆင်ပြေပြေသုံးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်က အလွန်ပါးလျမှုရှိတဲ့အပြင်၊ အလေးချိန်ကလည်း ၁.၃ ကီလိုဂရမ်သာရှိတာကြောင့်၊ သယ်ဆောင်ရလွယ်ကူပေါ့ပါးမှုရှိပါတယ်။
Asus ကုမ္ပဏီရဲ့အဆိုအရ ယခုလက်ပ်တော့ဟာ အားတစ်ခါအပြည့်သွင်းပြီးရင် ဘက်ထရီသက်တမ်း ၁၀ နာရီအထိခံတယ်လို့ သိရပါတယ်။
ZenBook Flip UX360 လက်ပ်တော့မော်ဒယ်တွေမှာ Intel ရဲ့ 6th-gen Core M ပရိုဆက်ဆာတွေကို အသုံးပြုထားပြီး၊ Core m3 ၊ m5 နဲ့ m7 ဆိုပြီးကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ မော်ဒယ်အကုန်လုံး Intel HD Graphics 515 နဲ့ပဲ ဖြစ်ပါတယ်။ RAM 8GB LPDDR3-1866 RAM ပါရှိပြီး၊ RAM ကိုလည်း 4GB မော်ဒယ်နဲ့ ၀ယ်ယူနိုင်ပါတယ်။
ချိတ်ဆက်မှုအပိုင်းမှာ Intel WiDi အသုံးပြုနိုင်တဲ့ Wi-Fi ၊ Bluetooth 4.0 ၊ USB 3.0 Type-C အပေါက် တစ်ပေါက်၊ USB 3.0 Type-A အပေါက်နှစ်ပေါက်၊ micro-HDMI တစ်ပေါက် နဲ့ SD card reader တို့ ပါဝင်ပါတယ်။
လက်ပ်တော့ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ပြုလုပ်ထားပြီး၊ ၃၆၀-ဒီဂရီအထိ လှည့်သုံးနိုင်တဲ့မျက်နှာပြင် ပါဝင်ပါတယ်။
ZenBook Flip UX360 မှာ ၁၃.၃ လက်မအကျယ်ရှိတဲ့ full-HD (1920×1080 pixels) မျက်နှာပြင်ပါရှိပြီး၊ IPS touchscreen မျက်နှာပြင်ဖြစ်တာကြောင့်၊ တက်ဘလက်အနေနဲ့လည်း အဆင်ပြေပြေသုံးနိုင်မှာဖြစ်ပါတယ်။ ကိုယ်ထည်က အလွန်ပါးလျမှုရှိတဲ့အပြင်၊ အလေးချိန်ကလည်း ၁.၃ ကီလိုဂရမ်သာရှိတာကြောင့်၊ သယ်ဆောင်ရလွယ်ကူပေါ့ပါးမှုရှိပါတယ်။
Asus ကုမ္ပဏီရဲ့အဆိုအရ ယခုလက်ပ်တော့ဟာ အားတစ်ခါအပြည့်သွင်းပြီးရင် ဘက်ထရီသက်တမ်း ၁၀ နာရီအထိခံတယ်လို့ သိရပါတယ်။
ZenBook Flip UX360 လက်ပ်တော့မော်ဒယ်တွေမှာ Intel ရဲ့ 6th-gen Core M ပရိုဆက်ဆာတွေကို အသုံးပြုထားပြီး၊ Core m3 ၊ m5 နဲ့ m7 ဆိုပြီးကြိုက်နှစ်သက်ရာ ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ ဂရပ်ဖစ်ပိုင်းမှာတော့ မော်ဒယ်အကုန်လုံး Intel HD Graphics 515 နဲ့ပဲ ဖြစ်ပါတယ်။ RAM 8GB LPDDR3-1866 RAM ပါရှိပြီး၊ RAM ကိုလည်း 4GB မော်ဒယ်နဲ့ ၀ယ်ယူနိုင်ပါတယ်။
ချိတ်ဆက်မှုအပိုင်းမှာ Intel WiDi အသုံးပြုနိုင်တဲ့ Wi-Fi ၊ Bluetooth 4.0 ၊ USB 3.0 Type-C အပေါက် တစ်ပေါက်၊ USB 3.0 Type-A အပေါက်နှစ်ပေါက်၊ micro-HDMI တစ်ပေါက် နဲ့ SD card reader တို့ ပါဝင်ပါတယ်။
www.pyaephyo.com