7/24/2016

♪ အရည်သုံးအအေးခံစနစ်ပါဝင်တဲ့ကမ္ဘာ့ပထမဆုံးလက်ပ်တော့ Asus ROG GX700 ကိုစတင်ရောင်းချ ♫


Gaming လက်ပ်တော့တွေထဲမှာ Asus ရဲ့ ROG စီးရီးဟာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့လက်ပ်တော့ဆိုတာ ဂိမ်မာတိုင်းသိကြမှာပါ။ အခုအခါ Asus India ဟာ ကုမ္ပဏီရဲ့ အရည်သုံးအအေးခံစနစ်ပါဝင်တဲ့ကမ္ဘာ့ပထမဆုံးလက်ပ်တော့လို့ ကြွေးကြော်ထားတဲ့ ROG GX700 ကို အိန္ဒိယမှာ စတင်ရောင်းချလိုက်ပြီဖြစ်ပါတယ်။

ယခုလက်ပ်တော့ဟာ ROG မှာပဲသုံးလို့ရတဲ့ Hydro Overclocking အရည်သုံးအအေးခံမော်ဂျူး တပါတည်းပါဝင်လာပြီး၊ ၉၂ မီလီမီတာ radiator (ရေတိုင်ကီ) နှစ်လုံးပါဝင်တာကြောင့် အပူချိန် ၅၀၀ ဝပ်အထိ အပူချိန်လျော့ပေးနိုင်ပါတယ်။ မော်ဂျူး မတပ်ချင်ရင်လည်း လက်ပ်တော့မှာ အအေးခံစနစ်သက်သက် ပါဝင်ပါသေးတယ်။ ဒီ့အပြင် ယခုအအေးခံစနစ်ကိုသယ်သွားဖို့အတွက် ခရီးဆောင်လက်ဆွဲသေတ္တာတစ်လုံး သက်သက်ပေးမှာပါ။

ROG GX700 ကို Intel ရဲ့ ဆဌမမြောက်မျိုးဆက် “Skylake” Core i7-6820HK ပရိုဆက်ဆာအသုံးပြုထားပြီး၊ CPU မြန်နှုန်း 2.7GHz ( အမြင့်ဆုံး 3.6GHz) အထိရရှိနိုင်ပါတယ်။ 16GB DDR4 RAM ပါရှိပြီး၊ NVIDIA GeForce GTX 980 ဂရပ်ဖစ်ကတ်ပါဝင်တာကြောင့် PC ကွန်ပြူတာတစ်လုံးရဲ့ ဂရပ်ဖစ်စွမ်းဆောင်ရည်အတိုင်း သုံးနိုင်မှာဖြစ်ပါတယ်။

ROG GX700 လက်ပ်တော့ဟာ ကမ္ဘာ့ပထမဦးဆုံး ၁၇ လက်မအကျယ် 4K UHD ဂိမ်းမင်းလက်ပ်တော့လည်း ဖြစ်ပြီး၊ NVIDIA ရဲ့ G-SYNC နည်းပညာကိုအသုံးပြုထားတာကြောင့် ပြေပြစ်အကောင်းမွန်ဆုံး ရုပ်ထွက်ကို 4K မျက်နှာပြင်မှာ တဝကြီးခံစားနိုင်မှာဖြစ်ပါတယ်။

asus_gx700_docked

ယခုလက်ပ်တော့ရဲ့ အဓိကထူးခြားချက်ဖြစ်တဲ့ အရည်သုံးအအေးခံစနစ်ဟာ အရည်အသွေးအကောင်းမွန်ဆုံးနဲ့ ဆူညံမှုလုံးဝမရှိတဲ့ပိုက်လိုင်းတွေကို အသုံးပြုထားပြီး၊ CPU ကို ၄၈ ရာခိုင်နှုန်းအထိ overclock လုပ်နိုင်ပါတယ်။

Asus ROG GX700 လက်ပ်တော့ဈေးနှုန်းကတော့ ဖျားချင်စရာကောင်းလောက်အောင်ဖြစ်ပြီး၊ ရူပီး ၄၁၂၉၉၀ (မြန်မာငွေ သိန်း ၇၀ ခန့်) ရှိပါတယ်။

Asus ဟာ ယခုလက်ပ်တော့အပြင် သယ်ဆောင်ရလွယ်ကူတဲ့၊ ROG Strix GL502 လက်ပ်တော့ကိုလည်း တပါတည်းမိတ်ဆက်သွားခဲ့ပါတယ်။ အဆိုပါလက်ပ်တော့ကတော့ ၁၅.၆ လက်မအကျယ်ရှိ 4K မျက်နှာပြင်ပါ ဂိမ်းမင်းလက်ပ်တော့တစ်လုံးပဲဖြစ်ပြီး၊ quad-core Core i7 ပရိုဆက်ဆာ၊ DDR4 RAM 8GB နဲ့ NVIDIA GeForce GTX 980M GPU တို့ ပါရှိပါတယ်။ ဈေးနှုန်းကတော့ ရူပီး ၁၂၇၉၉၀ (မြန်မာငွေ ၂၂ သိန်းခန့်) ရှိပါတယ်။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com