7/09/2016

♪ Android Nougat နဲ့ မိတ်ဆက်ကြရအောင် ♫


Google ဟာ မေလမှာကျင်းပခဲ့တဲ့ Google I/O developer များ နှစ်ပတ်လည် ကွန်ဖရင့်မှာ Android N နဲ့ ပတ်သတ်ပြီး တရားဝင်ကြေငြာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီပွဲကနေတစ်ဆင့် ကမ္ဘာ့လူသုံးအများဆုံး မိုဘိုင်း OS ရဲ့ နောက်ထွက်ရှိလာမယ့် major revision အတွက် တရားဝင်နာမည်တစ်ခုရရှိဖို့  သူတို့ ရဲ့ ပရိသတ်တွေဆီက အကြံပြုချက်တွေ တောင်းခံမှုကို လုပ်ခဲ့ကြပါတယ်။ အကြံပြုချက်တွေတောင်းခံပြီးတဲ့နောက် Google ဟာ Android 7.0  (Android N ) ရဲ့ တရားဝင် ကုဒ်နာမည်ကို Nougat လို့ ရွေးချယ်လိုက်ကြောင်း ကြေငြာခဲ့ပါတယ်။



အမှတ်တံဆိပ်အသစ်ဖြစ်တဲ့ Android Nougat ရဲ့ ရုပ်တု ဖွင့်ပွဲကို Googleရဲ့ အစဉ်အလာအတိုင်း ဖွင့်လှစ်ခဲ့တာပါ။



Android Nougat ဟာ အရည်အသွေးမြင့်လုပ်ဆောင်ချက်တွေ ၊ ထုတ်လုပ်နိုင်စွမ်းနဲ့  လုံခြုံစိတ်ချမှုတွေကို ရရှိဖို့ အတွက် ပစ်မှတ်ထားတာပါ။အရင်ကထက်လည်း app တွေကို မြန်မြန်ဆန်ဆန် run နိုင်လာမှာဖြစ်သလို ဒေတာသိုလှောင်အားကိုလည်း နည်းနည်းပဲ ယူသုံးသွားမှာပါ။

အခုလို အဆင့်မြှင့်တာကို သုံးရတဲ့ end-user တစ်ချို့ ထဲမှာဆိုရင် စမတ်ဖုန်းတွေကို ထောက်ပံ့ပေးထားတဲ့ Multi-Window ၊ notificationတက်တာနဲ့ လုပ်ဆောင်ချက်တူတဲ့ Quick Reploy တို့ နဲ့ အတူ Vulkan ကနေတစ်ဆင့် ပိုမြန်တဲ့ ဂိမ်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ ၊ Apple ရဲ့ Metal နဲ့ ဆင်တူတဲ့ low-level ဟာ့ဒ်ဝဲလ်နဲ့ အဆင့်မြှင့်ထားတဲ့ ဂရပ်ဖစ်Framework တွေ နဲ့ Daydream virtual-reality platform တွေအပြင် နောက်ထပ်အဆင့်မြှင့်ချက်တွေပါ ပါဝင်လာမှာဖြစ်ပါတယ်။

Wai Linn Aung (Myanmar Mobile App)




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com