6/14/2016

♪ သူ့ရဲ့ BlackBerry ဖုန်းအဟောင်းလေးကို ဝဲလိုက်ပြီဖြစ်တဲ့ သမ္မတဘားရက်အိုဘားမား ♫


အမေရိကန်သမ္မတ ဘာရက်အိုဘားမားဟာ သူစတင်ရုံးထိုင်ကတည်းကရင်း BlackBerry ဖုန်းလေးကို အသုံးပြုခဲ့ရပါတယ်။ အခုတော့ ဒီ BlackBerry ဖုန်းလေးကို မော်ဒန်ကျတဲ့ ဖုန်းတစ်မျိုးနဲ့ အစားထိုး လဲလှယ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကြည့်ရတာတော့ ဒီဖုန်းမော်ဒယ်အသစ်အပေါ်ကိုလည်း သိပ်ပြီးတော့ ပျော်ရွှင်ကျေနပ်ဖွယ်မရှိပါဘူး။

“ကျွန်တော့်ကို ဒီပစ္စည်းလေးပေးတော့ ‘ဟုတ်ကဲ့ပါသမ္မတကြီး၊ လုံခြုံရေးအကြောင်းပြချက်ကြောင့် ဒီဖုန်းဟာ ဓာတ်ပုံရိုက်လို့မရပါဘူး၊ စာရိုက်လို့မရပါဘူး၊ ဖုန်းကအလုပ်မလုပ်ပါဘူး၊ သီချင်းတွေလည်းဖွင့်လို့ မရပါဘူး’ လို့ပြောပါတယ်” ဆိုပြီး ဒီတစ်ပတ်ရဲ့ The tonight Show မှာ အရွှန်းဖောက်ခဲ့တာပါ။



အိုဘားမားအနေနဲ့ သူနှစ်အတော်ကြာအသုံးပြုခဲ့ရတဲ့ ဖုန်းအပေါ်လည်း ပျက်လုံးထုတ်ခဲ့ပါတယ်။ BlackBerry ဖုန်းဟာ ရုံးစထိုင်ကတည်းကရင်း အဆင့်မြှင့်နည်းပညာတွေနဲ့ ပြန်လည်တည်ဆောက်ထားခဲ့တာပါ။ သူ့အနေနဲ့ iPhone တွေဟာ လုံခြုံရေးပိုင်းဆိုင်ရာ အကြောင်းပြချက်တွေကြောင့် အသုံးပြုခွင့် ကန့်သတ်ခံထားရလို့ BlackBerry ဖုန်းကိုအသုံးပြုရတယ်လို့ ၂၀၁၀ခုနှစ်က ပြောကြားခဲ့ဖူးပြီး သမီးဖြစ်သူတွေဖြစ်တဲ့ Malia နဲ့ Natasha တို့က သူတို့ဖုန်ုးတွေကို မျိုးစုံအသုံးပြုနေတာကို ငေးကြည့်နေခဲ့ရတယ်လို့ ဆိုခဲ့တာပါ။

အိုဘားမားအနေနဲ့ လောလောဆယ် ဘယ်ဖုန်းအသုံးပြုနေတယ် ဆိုတာကို ပြောကြားခဲ့ခြင်းမရှိခဲ့ပေမယ့် ဘယ်ဖုန်းမဆိုဖြစ်နိုင်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ခုနှစ်တုန်းကတော့ အိမ်ဖြူတော်ဟာ လုံခြုံရေးအားကောင်းတဲ့ Android ဖုန်းတွေကို စမ်းသပ်နေကြောင်း Wall Street Journal ကရေးသားခဲ့ဖူးပါတယ်။ ဒီဧပြီလမှာတော့ New York Times သတင်းစာကြီးက အိမ်ဖြူတော်ဝန်ထမ်းတွေဟာ iPhone တွေကို အဆင့်မြှင့်တင်ခဲ့ကြတယ်လို့ သိရပါတယ်။

obama-and-his-blackberry3

ဒီအချိန်မှာပဲ အိုဘားမားဟာ အထူးပြုပြင်ထားတဲ့လုံခြုံရေးမြှင့် BlackBerry ဖုန်းကို ဆက်လက်အသုံးပြုနေဆဲ ဖြစ်တယ်လို့ Times ကဆိုခဲ့ပါတယ်။ ဒါကြောင့် အိုဘားမားဟာ BlackBerry ဖုန်းအဟောင်းကိုတော့ လဲလှယ်ခဲ့ပြီဖြစ်ပြီး ဘယ်လိုဖုန်းအမျိုးအစားကို ဆက်လက်အသုံးပြုနေသလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။

Credit to ==> Digital Times


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com