2/03/2016

♪ “ Xiaomi Redmi Note 3 VS Xiaomi Redmi Note Prime “ Xiaomi နှစ်မျိုးရဲ့အားသာချက် အားနည်းချက်များ ♫


Xiaomi ရဲ့ Redmi ဟာဆိုရင် ကုမ္ပဏီရဲ့ Budget စမတ်ဖုန်း Line-up ထဲမှာ ဝင်ရောက်နေပြီး Redmi Note 3 ကတော့ အကောင်းဆုံးတွေထဲမှာ အမြင့်ဆုံးနေရာကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ သတ္တုအပြည့် သုံးထားတဲ့ Android Phablet တစ်လုံးကို စွဲမက်စရာကောင်းတဲ့ဒီဇိုင်း၊ အားကောင်းတဲ့စွမ်းဆောင်ရည်တို့နဲ့ ဖွဲ့စည်းထားပါတယ်။ Redmi Note 3 နဲ့ Note Prime (၂) မျိုးလုံးတို့မှာ ၅.၅ လက်မအရွယ် Display ပါဝင်ပြီး Note 3 မှာ Android OS 5.0.2 (Lollipop) နဲ့ Prime မှာတော့ Android 4.4.4 (KitKat) ကိုပဲ run ထားပါတယ်။ Redmi Note 3 ရဲ့ အဓိကကင်မရာဟာ 13MP အရည်အသွေးရှိပြီး 1080p full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှု 16GB/32GB ပမာဏပေါ် မူတည်ပြီး RAM ပမာဏလည်း ကွဲပြားသွားမှာဖြစ်ပါတယ်။ Redmi Note Prime မှာလည်း ရှေ့ဘက် 5MP ကင်မရာနဲ့ ကျောဘက်မှာ 13MP ကင်မရာတို့ တပ်ဆင်ထားပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ပါဝင်ပြီး microSD နဲ့ 32GB ထိ တိုးမြှင့်နိုင်ပါတယ်။ Li-Po 3100mAh ဘက်ထရီ သုံးစွဲထားပြီး Fast Charging နည်းပညာ အသုံးပြုထားပါတယ်။
* Design *
1. Xiaomi Redmi Note 3
ဘေးထောင့်တွေ ကွေးထားတဲ့ဒီဇိုင်းမျိုး အရင်ဆုံးသတိထားမိပြီး တောင့်တင်းတဲ့ကိုယ်ထည်နဲ့ ထွက်ရှိလာပါတယ်။ iPhone ဒီဇိုင်းနဲ့ ခပ်ဆင်ဆင် တူညီနေပြီး သတ္တုအပြည့်နဲ့ တည်ဆောက်ပေးထားတဲ့ Xiaomi ရဲ့ ပထမဆုံးဖုန်းအမျိုးအစား ဖြစ်ပါတယ်။
2. Xiaomi Redmi Note Prime
ဒီဇိုင်းကအစ Redmi Note 3 နဲ့ တစ်ထေရာတည်း တူညီနေပြီး အလေးချိန်နဲ့ ဖုန်းရဲ့အထူတို့ကတော့ Redmi Note Prime မှာ ပိုလာပါတယ်။ ကိုယ်ထည်ကို သတ္တုနဲ့တည်ဆောက်ထားပြီး အရည်အသွေးဟာ ပြောစရာမလိုအောင် ကောင်းမွန်စိတ်ချရပါတယ်။
* Processor *
1. Xiaomi Redmi Note 3
အရင် Redmi Note 2 ရဲ့ စွမ်းဆောင်ရည်နဲ့ သိပ်မကွာခြားသွားဘဲ Mediatek MT6795 Helio X10 2.0GHz မြန်နှုန်းရှိ Octacore processor ကို အကောင်းဆုံးဖြစ်အောင် ထည့်သွင်းထားပါတယ်။ RAM ပမာဏ 2GB ဖြစ်ပြီး ဂိမ်းအတွက် GPU ဟာ PowerVR G6200 ပါဝင်ပါတယ်။
2. Xiaomi Redmi Note Prime
Redmi Note Prime ရဲ့ မြန်ဆန်တဲ့စွမ်းဆောင်ရည်အတွက် Qualcomm Snapdragon 410 quad-core 1.2GHz မြန်နှုန်းရှိ processor က ဆောင်ရွက်ပေးထားပြီး 2GB RAM ကို ထည့်သွင်းပေးထားပါတယ်။ အဆင့်မြင့်ဂိမ်းတွေကစားနိုင်ဖို့ Adreno 306 ပါဝင်ပါတယ်။
* Display *
1. Xiaomi Redmi Note 3
၅.၅ လက်မအရွယ် မျက်နှာပြင်မှာ 1080 x 1920 pixels ရုပ်ထွက်ကို ပံ့ပိုးထားပြီး ရုပ်ထွက် သိပ်သည်းဆ 403ppi ထိ ပါဝင်ပါတယ်။ Sunlight Display နည်းပညာသုံးထားတာကြောင့် ပြင်ပအလင်းရောင် တောက်ပတဲ့နေရာမျိုးမှာ Screen အရောင် ထိန်းညှိပေးပါတယ်။
2. Xiaomi Redmi Note Prime
IPS LCD Display မျိုး သုံးထားပြီး မျက်နှာပြင်ဟာ ၅.၅ လက်မ အရွယ်ရှိတာမို့ screen ကြီးကြီး ကြိုက်သူတွေအတွက် အဆင်ပြေပါတယ်။ HD resolution ကို ပံ့ပိုးပေးနိုင်ပြီး ရုပ်ထွက်သိပ်သည်းဆ 267ppi ပေးစွမ်းနိုင်ပါတယ်။
* Verdict *
1. Xiaomi Redmi Note 3
Redmi Note 3 ရဲ့ ဈေးနှုန်းသက်သာတဲ့အချက်ဟာ သဘောကျစရာအကောင်းဆုံးဖြစ်ပြီး ပေးဝယ်ရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့ရလဒ်ကို ရရှိမှာဖြစ်ပါတယ်။ ဖုန်းတစ်လုံးလုံးကို အဆင့်မြင့်မြင့် သုံးစွဲနိုင်မှာဖြစ်ပြီး အရင် Note 2 ထက် ထူးခြားလာတာတွေ အများကြီး ပါဝင်နေပါတယ်။
2. Xiaomi Redmi Note Prime
Xiaomi Redmi Note Prime မှာ အားကောင်းတဲ့ဘက်ထရီ တပ်ဆင်ထားပြီး Qualcomm ရဲ့ Quick Charge 1.0 နည်းပညာကြောင့် မိနစ် ၃ဝ အားသွင်းရုံနဲ့ ၃ဝ% အထိ အားဖြည့်ပေးနိုင်ပါတယ်။ ဖုန်းတစ်လုံး အတွက် အရေးပါတဲ့ဘက်ထရီအတွက် စိတ်ပူစရာမရှိအောင် လုံလုံလောက်လောက် သုံးနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com