2/06/2016

♪ Tablet ကောင်းကောင်းတစ်ခုရွေးချယ်နိုင်ဖို့ “Big brand Android tablets” ♫


စမတ်ဖုန်းတွေရဲ့ရောင်းအားတွေဟာ ထင်မှတ်မထားလောက်အောင် ကောင်းမွန်လာတဲ့အပြင် အခြားနောက်ဆုံးပေါ်နည်းပညာ gadget တွေ လစဉ်မပြတ်ထွက်ရှိနေတာကြောင့် သင့်အနေနဲ့ Tablet တွေကိုမေ့သွားပြီ လား။ နည်းပညာကုမ္ပဏီတွေကလည်း တက်ဘလက်တွေကို အရင်က လောက်များပြားစွာမထုတ်လုပ်တော့ဘဲ အနည်းငယ်အချိန်ခြားပြီး ထုတ်လုပ် ပေးလာပါတော့တယ်။ တက်ဘလက်တွေရဲ့ဈေးကွက်ဟာ နောက်ပိုင်းမှာ ဘာကြောင့်အဲလောက်ထိပျောက်ဆုံးလာခဲ့လဲဆိုရင် ထုတ်လုပ်သူကုမ္ပဏီ တွေကိုယ်၌က စမတ်ဖုန်းထက်ပိုကြီးတဲ့ Phablet တွေကိုထုတ်လုပ် ပေးတာ ကြောင့်ပါ။ ကုမ္ပဏီတွေဘက်ကလည်း ဒီလိုအခြေအနေတွေကြောင့် တက်ဘလက်တွေဈေးကွက်တင်မှုအပိုင်းမှာ ဈေးသက်သာတဲ့ device ကစလို့ပရီမီယမ်အဆင့်လို့ သတ်မှတ်နိုင်သည့် device အထိသုံးစွဲသူတွေနဲ့ လိုက်လျောညီထွေရှိစေနိုင်မယ့် software,hardwareလုပ်ဆောင်ချက် တွေကို ထည့်သွင်းပေးလာပါတယ်။ သင်ကြိုက်နှစ်သက်တာကို ရွေးချယ် ကိုင်တွယ်ရုံပါပဲ။ တစ်ကိုယ်ရေသုံးအတွက်လား၊ ဂိမ်းတွေဆော့ မှာလား၊ ဓာတ်ပုံတွေရိုက်ကူးမှာလား၊ လုပ်ငန်းနဲ့ပတ်သက်တဲ့ဆောဖ့်ဝဲတွေသုံးမှာလား သူ့တန်ဖိုးနဲ့လိုက် လျောညီထွေရှိနိုင်မယ့် tablet တွေရှိ နေပါတယ်။ အခု ဒီတစ်ပတ်အတွက် Android OS သုံးထားတဲ့ tablet တွေအကြောင်းကို နှိုင်းယှဉ်ဖော်ပြပေး သွားမှာဖြစ်ပါတယ်။

ကုမ္ပဏီလေးခုကထုတ်လုပ်ဈေးကွက်တင်ထားတဲ့ tablet တွေထဲမှာဘယ် device ကအားသာချက် အများစုရှိပြီး၊ ဘယ်တက်ဘလက်ကတော့ဖြင့် အားနည်းချက်လေးတွေရှိ နေတယ်ဆိုတာကို သူတို့မှာပါဝင်တဲ့ လုပ်ဆောင် ချက်၊ တည်ဆောက်မှုတွေပေါ်မူတည်ပြီး သုံးသပ်ချက်ပေး သွားမှာပါ။ ဈေးကွက်ထဲမှာ တက်ဘလက်အများစုရှိနေနိုင်ပါတယ်၊ သို့ပေမယ့် 2016 ခုနှစ်အတွင်းမျိုးဆက်သစ်တက်ဘလက်မထွက်လာ နိုင်သေးပေမယ့် နောက်ဆုံးပေါ်တက်ဘလက်(၄)မျိုးကို သာ သီးသန့်ထုတ်နုတ်ပြသ ပေးသွား မှာဖြစ်ပါတယ်။ သူတို့မှာဘယ်လိုအားသာချက်၊အားနည်းချက်တွေရှိ
နေလဲ ......

<Samsung Galaxy Tab S2>
<Information>
<technical specs>
» OS ... Android Lollipop 5.0.2
» Processor ... 1.9GHz octa-core
» Storage ... 32/64GB storage/3GB RAM,
microSD up to 128GB
» Dimensions ... 198.6 x 134.8 x 5.6mm
» Weight ... 265g
» Display size ... 8 inches
» Resolution ... 1536 x 2048 (320ppi)
» Connectivity ... Wi-Fi 802.11 a/b/g/n/ac,
dual-band,Wi-Fi Direct,
hotspot, Bluetooth 4.1,GPS
» Camera ... 2.1 MP front, 8MP rear
<Design>
Tablet ဒီဇိုင်းပိုင်းနဲ့ပတ်သက်ရင် Samsung ဟာ အတော်နာမည်ကြီး တာကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ကျောဘက်သည် ပလတ်စတစ်နဲ့ ဖြစ်ပြီး၊ အရှေ့ဘက်ပိုင်းမှာတော့ gorilla glsss ကာကွယ်ပေးထားမယ့် display ကိုသုံးနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ premium တက်ဘလက် တွေမှာတွေ့နိုင်မယ့်ပါဝင်မှုတွေပဲဖြစ်ပါတယ်။
<Display>
Tab S2 ရဲ့မျက်နှာပြင်ကိုအလုံးစုံကြည့်ကောင်းနေစေဖို့အတွက် super-AMOLED နည်းပညာကိုသုံးထားပါတယ်။ ဒါကြောင့်ပုံရိပ်တွေကို ခံစား ကြည့်ရှုတဲ့အခါမှာစစ်မှန်တဲ့ရုပ်ထွက်ကို ရရှိနိုင်စေမှာဖြစ်ပြီး၊ တိကျတဲ့ မျက်နှာပြင်အချိုးကျမှုကို လည်းခံစားရမှာပါ။ တောက်ပရွန်းစိုတဲ့ပုံရိပ်တွေ ကိုရှင်းလင်းပြတ်သားစွာဖော်ပြပေးပါလိမ့်မယ်။
<Performance >
စွမ်းဆောင်နိုင်စွမ်းနဲ့ပတ်သက်လို့ကတော့ သူတို့ရဲ့ကိုယ်ပိုင် chip ကို သုံးထားပြီး android ရဲ့လုပ်ဆောင်မှုတွေကိုအမြင့်ဆုံးထိပေးစွမ်းပါလိမ့် မယ်။ နောက်ထပ်လုပ်ဆောင်နိုင်မှုတစ်ခုကတော့ မိုက်ကရိုဆောဖ့်ရဲ့ ရုံးသုံး software တွေကိုသုံးစွဲနိုင်စွမ်းရှိမှာပါ။
<verdict>
ပေးရတဲ့တန်ဖိုးနဲ့ညီမျှတဲ့ လုပ်ဆောင်နိုင်စွမ်းကိုရရှိစေမှာဖြစ်ပြီး သင် ၀ယ်ယူ ကိုင်တွယ်သင့်တဲ့ တက်ဘလက်စာရင်းထဲမှာ ထည့်ထားသင့်ပါ တယ်။ အချက်အလက်သိုလှောင်မှုဘက်ကို ကြည့်လိုက်မယ်ဆိုရင်လည်း SDcard ကိုထည့်သွင်းပြီးတော့ 128GB အထိတိုးမြှင့်နိုင်မှာပါ။
<Camera>
Tablet နဲ့ဓာတ်ပုံရိုက်ကူးလိုသူတွေအတွက်အဆင်ပြေစေနိုင်ဖို့၊နောက်ကျော ဘက်ကင်မရာဟာ 8MP ဖြစ်ပြီးအရှေ့ ဘက်ကင်မရာငယ်ကတော့ 2.1MP ကို သာသုံးထားပါတယ်။
<Samsung Galaxy Tab S2>
တက်ဘလက်ထုတ်လုပ်သူတွေထဲမှာတော့ Samsung ဟာ အရွယ်အစား မတူတဲ့ တက်ဘလက်တွေ အထုတ်ဆုံးကုမ္ပဏီဆိုရင် ပိုမှန်ပါလိမ့်မယ်။ Samsung ရဲ့တိကျသေချာတဲ့ အစီအစဉ်တွေနဲ့အတူ ငွေကြေးပေးချေမှု နဲ့တန်တဲ့ Tablet ဆိုရင်တော့ Tab S2 ကိုညွှန်းရပါလိမ့်မယ်။ Samsung ရဲ့တက်ဘလက်အသစ်မှာ Android OS ဖြစ်တဲ့ Lollipop 5.0.2 ပါဝင်လာ မှာဖြစ်ပြီး ကင်မရာ က 8 MP အရည်အသွေးဖြစ်ပါတယ်။ ဂိမ်းတွေ၊ ၀က်ဆိုက်တွေဝင်ကြည့်တာ မြန်ဆန်ဖို့အတွက် Quad-core 1.9 GHz & Quad-core 1.3 GHz ကို ထည့်သွင်းတည်ဆောက်ပေးထား ပါတယ်။ Tab S2 မှာ 8.0(or)9.7 လက်မထောင့်ဖြတ်မျက်နှာပြင် ပါဝင်လာမှာဖြစ်ပြီး၊ ပုံရိပ်ဖော်ပြနိုင်စွမ်းက 320 ppi ဖြစ်တဲ့အတွက်ကြောင့် ပုံရိပ်တွေကို အနုစိတ် ဖော်ပြနိုင်ပါလိမ့်မယ်။ သူရဲ့ပါးလွှာမှုကလည်း 5.6mm သာရှိတာကြောင့် လက်ထဲမှာအလိုက်သင့် ကိုင်ဆောင်နိုင်တဲ့ပုံစံမျိုးပါပဲ။ စာအုပ်တွေကိုဖတ် ရှုမယ်ဆိုရင် 8.0 လက်မက အဆင်ပြေစေမှာဖြစ်ပြီး၊ 9.7 လက်မကတော့ ဂိမ်းတွေဆော့ကစားတာ၊ ရုပ်ရှင်တွေကြည့်တာအတွက် ပိုအဆင်ပြေစေ မှာပါ။ 8 လက်မ Tab S2 ကပိုမိုပေါ့ပါးပြီး ၂၆၅ဂရမ်သာရှိ မှာပါ။ ဖုန်းပြောဆို မှုအတွက်ကတော့ Nano sim ကိုသုံးစွဲမှသာ အဆင်ပြေပါလိမ့်မယ်။ Sensor accelerometer, gyro, proximity, compass, barometer,fingerprint တို့ကိုသုံးစွဲနိုင်မှာပါ။ ဘက်ထရီက တော့ 4000 mAh ဖြစ်တဲ့အတွက်ကြောင့် ပိုမိုတာရှည်ခံပါလိမ့်မယ်။ ကင်မရာ ဟာသင့်တင့်တဲ့အနေအထားလို့ ဆိုနိုင် ပြီး ပုံရိပ်တွေကိုကြည့်ရှုတာ ၊ ပြင်ဆင်တာတွေအတွက် အပြည့်အ၀ လုပ်ဆောင်နိုင်စွမ်းရှိတဲ့ tool တွေပါဝင်ပါတယ်။
ဗီဒီယိုရိုက်ကူးမယ်ဆိုရင်တော့ HD အရည်အသွေးဖြစ်တဲ့ 1440p ကို ရရှိအောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ Still ပုံတွေရိုက်ကူးတဲ့အခါမှာလည်း မြန်ဆန်၍ real time zoom လုပ်ဆောင်ချက်က ပုံရိပ်ဖမ်းယူမှု ကို အကောင်းဆုံး ချိန်ရွယ်နိုင်ပြီး ဗီဒီယိုရိုက်ကူးမှုအတွက်တော့ အလင်းအမှောင် ချိန်ညှိပေးမှာဖြစ်ကာ သင်ကိုယ်တိုင် pro camera တစ်လုံးကိုကိုင်ဆောင် ထားသလိုထင်နေရမှာပါ။ Exynos 5433 Octa-Core ပရိုဆက် ဆာဟာ ရုပ်ထွက်အရည်အသွေးမြင့်မားတဲ့ဂိမ်းတွေ ၊ ဆော့ကစားတဲ့ အချိန် နဲ့ ၀က်ဆိုက်တွေပေါ်မှာ သင်သွားရောက်လည်ပတ်နေတဲ့အချိန်မှာထိရောက် တဲ့စွမ်းဆောင်မှုကိုပေးစွမ်းနိုင်မှာပါ။ ဒါ့အပြင် 3GB RAM တက်ဘလက် တစ်လုံးအတွက် ဆိုရင်အတော်လေးကောင်းတဲ့လုပ်ဆောင်ချက်လို့ သတ်မှတ် နိုင်ပါလိမ့်မယ်။ Google play ဟာလည်း application နဲ့ဂိမ်းပေါင်း ၆၇၅၀၀၀ လောက်ရရှိနေပါပြီ။ Tab S2 ကို 32GB, 64GB ဆိုပြီး ရွေးချယ် နိုင်မှာဖြစ်ပြီး၊ SD card ထပ်မံဖြည့်သွင်းနိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် 4G network ကို ထောက်ပံ့ပေးနိုင်မယ့် LTE နည်းပညာလည်း ပါဝင်ပြီး 2G, 3G ကွန်ရက်မှာလည်းမြန်ဆန်သွက်လက်စွာသုံးစွဲနိုင်မှာပါ။
ဖုန်းနဲ့အင်တာနက်သုံးစွဲနိုင်သလိုပဲ wifi နဲ့အတူ စမတ်ဖုန်းအချင်းချင်း အချက်အလက်တွေ ပြန်လည်ဝေမျှစေဖို့အတွက် bluetooth 4.1 ဟာ လျင်မြန်တဲ့အချက်အလက် ပေးပို့မှုကိုစွမ်းဆောင်ပေးပါလိမ့်မယ်။ Browser အထောက်အပံ့အတွက် HDMI 5 နဲ့ ကြည့်ရှုနိုင်မှာဖြစ်ပြီး၊ fingerprint လုပ်ဆောင်ချက်ကိုသုံးစွဲနိုင်မှာကြောင့် မိမိတက်ဘလက်ထဲမှာရှိတဲ့ဖိုင်တွေ ကိုလုံခြုံစွာသိမ်းဆည်းနိုင်ပါလိမ့်မယ်။
<Impressive Connectivity>
4G ကွန်ရက်ချိတ်ဆက်နိုင်စွမ်းဟာ သူ့ကိုရောင်းအားကောင်းတဲ့ အခြေအနေတစ်ခုအထိ ရောက်ရှိစေမှာဖြစ်ပါတယ်။ SIM ထည့်စရာလည်း Micro SD အပေါက်ကိုတော့ ကိုယ်ထည်ရဲ့ ညာဘက်အခြမ်းမှာတွေ့ရမှာ ဖြစ်ပါတယ်။
<Vodafone Tab>
<prime 6 information technical specs>
» OS ... Android Lollipop 5.0
» Processor ... Quad-core 1.3 GHz Cortex-A53
» Storage ... 1GB RAM, 16GB storage
» Dimensions ... 244×146×8mm
» Weight ... 406 g
» Display size ... 9.6 inch
» Resolution ... 800x1280
» Connectivity ... WiFi, Bluetooth 4.1, GPS
» Camera ... 2 MP front, 5 MP rear
<Design>
ခပ်တုံးတုံးပုံစံတစ်ခုကို မြင်တွေ့ရမှာဖြစ်ပြီး နောက်ကျောဘက်အကွေး လေးကသာအနည်းငယ်လှတယ်လို့ ဆိုနိုင်ပါလိမ့်မယ်။ Screen ဟာ ကိုယ်ထည်တစ်ခုလုံးရဲ့ 75 ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ရရှိနိုင်မှာ ဖြစ်ပြီး 8mm ဟာအတော်လေးထူတယ်လို့ဆိုနိုင်ပါလိမ့်မယ်။
<Display>
Vodafone ရဲ့ထုတ်ပြန်ချက်တွေအရတော့ 157ppi နဲ့ HDမျက်နှာပြင် ဖော်ပြနိုင်စွမ်းဟာယနေ့ထွက်နေတဲ့ Super HD Display တွေကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်တယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် Tab S2 နဲ့နှိုင်းယှဉ်လိုက်မယ်ဆိုရင်တော့ သူရဲ့ပုံရိပ်ဖော်ပြနိုင်စွမ်းဟာ သာမန် အဆင့်မှာသာရှိနေပါလိမ့်မယ်။
<Performance>
Quad-core Processor နဲ့ 1GB RAM ပေါင်းစပ်လုပ်ဆောင်နိုင်မှုဟာ သာမန်တက်ဘလက်တစ်လုံးအတွက်ဆိုရင်တော့ လုံလောက်တဲ့ သုံးစွဲမှု လို့ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် Vodafone အနေနဲ့ App ပိုင်းနဲ့ ပတ်သက်လို့ ကြီးမားတဲ့စွမ်းဆောင်နိုင်မှုတွေကို မပြုလုပ်စေဘဲ လွယ်လင့်တကူ သုံးစွဲနိုင်မယ့် App တွေကိုသာ ထည့်သွင်းပေးထားလို့ပါပဲ။
<Value for money>
ဝယ်ယူလိုက်ရတဲ့တန်ဖိုးနဲ့ သူ့မှာပါဝင်တဲ့လုပ်ဆောင်နိုင်မှုဟာသင့်တင့် မျှတတယ်လို့ဆိုနိုင်ပေမယ့် တရုတ်နိုင်ငံမှထုတ်လုပ်တဲ့ တက်ဘလက် တွေနဲ့ ယှဉ်လိုက်တဲ့အခါကြရင်တော့ အနည်းငယ်ပြောစရာဖြစ်နေပါလိမ့်မယ်။ တန်ဖိုးနည်းတက်ဘလက်အများ စုဟာ Processor ပိုင်းမှာ အနိမ့်သုံးထားရင် တောင်ကင်မရာကိုတော့ အမြင့်စားစွမ်းဆောင်မှု ကိုပေးထားလို့ပါ။
<Selfie Camera>
ဗီဒီယိုကောတွေကိုခေါ်ဆိုနိုင်မှာ ဖြစ်ပြီး အရှေ့ဘက် 2MP ကင်မရာဟာ Selfie ပုံရိပ်တွေကိုလည်း အသင့်အတင့်အရည်အသွေးပေးစွမ်းပါ လိမ့်မယ်။ အဓိက ကင်မရာကတော့ 5MP သာရှိတာကြောင့် အရမ်းကောင်းတဲ့ ပုံရိပ် တွေမရရှိနိုင်ပါဘူး။
<Weak Performance>
ဒီနေ့ထွက်ရှိနေတဲ့ တက်ဘလက်တွေ နဲ့ယှဉ်လိုက်မယ်ဆိုရင်တော့  Quad-core Processor ဆိုတာ မြန်ဆန်သွက်လက်မှု အရှိဆုံးထဲမှာ မပါဝင် တော့ပါဘူး။ သို့ပေမယ့် Prime 6 ရဲ့ဂရပ်ဖစ်ထုတ်လုပ်ပေးမှုအပိုင်းမှာတော့ အဆင့်မြင့်ဂိမ်းတွေဆော့ကစားမယ်ဆိုရင်တော့ သွားရောက်ပြင်ဆင်ပေးဖို့ လိုအပ်ပါလိမ့်မယ်။
<Vodafone Tab prime 6>
ဖုန်းထုတ်လုပ်သူတွေအနေနဲ့ တက်ဘလက်ထုတ်လုပ်မှုအပိုင်းမှာ အားလျော့ လာခဲ့တာကြာပါပြီ။ ဒါပေမယ့် သူတို့အားလုံးဟာ ဈေးသက်သာတဲ့ တက်ဘလက်ဈေးကွက်ကိုတော့ ပြန်လည်ဦးတည်လာပါသေးတယ်။ ဒီလိုထုတ်လုပ်သူတွေထဲမှာ Vodafone လည်းပါဝင်လာခဲ့ပြီး ဈေးသက်သာ တဲ့တက်ဘလက် ဈေးကွက်ကိုဝင်ရောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က Tesco, EE နဲ့ Vodafone တို့ဟာ Prime 6 Tab ကို ဈေးအသက်သာဆုံး ထုတ်ကုန်အဖြစ်ပြသခဲ့ပါတယ်။ ၉.၆ လက်မမျက်နှာပြင် Quad-core Processor နဲ့ 4G ကွန်ရက်ချိတ်ဆက်နိုင်စွမ်းတွေဟာ သုံးစွဲသူတွေကို အံ့အားသင့်စရာဖြစ်စေခဲ့ပါတယ်။ ပေါ့ပါး တဲ့စတိုင်တစ်ခုစီသို့ သွားမယ်လို့ ရည်ရွယ်ခဲ့ပေမယ့် Prime 6 ရဲ့အလေးချိန် ဟာ 406g ရှိပါတယ်။ အနောက်ဘက်ကာဗာအကွေးနဲ့အတူ သူ့ရဲ့ပလတ်စတစ်ကိုယ်ထည်ဟာ သုံးစွဲသူတွေကို အတန်အသင့်သာဆွဲဆောင်နိုင်ခဲ့ပါ တယ်။ 4G ကွန်ရက် ချိတ်ဆက် နိုင်စွမ်းနဲ့ ဗီဒီယို၊ ရုပ်ရှင်တွေကို တိုက်ရိုက် ကြည့်ရှုမှုအပိုင်းမှာ ကောင်းမွန်ပြီး သုံးစွဲသူတွေအတွက်ကို ပထမလအတွင်းမှာ 6GB အခမဲ့ ပေးအပ်မှာဖြစ်ပါတယ်။ ရက် (၃၀)ထက်ကျော်သွားမယ်ဆိုရင် လည်း ငွေပေးချေ မှုပြုလုပ်ပြီးဝယ်ယူရမှာဖြစ်ပါတယ်။ 8 mm ရှိပြီး 9.6 inches မျက်နှာပြင်နဲ့ Prime 6 ဟာ ရုပ်ထွက်ပိုင်းမှာတော့ HD အရည်အသွေးအဖြစ် 1280×800 pixel ကိုပေးစွမ်းမှာဖြစ်ပါတယ်။ Full HD အရည်အသွေးပေါ် မှာ ပုံရိပ်တွေကိုကြည်ကြည်လင်လင်ကြည့် ရှုနိုင်ဖို့အတွက်ကတော့ အနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် 157 ppi ထောက်ပံ့မှုကြောင့်ပဲဖြစ်ပါတယ်။ Android Icon အနေနဲ့ စာလုံးတွေကို ကြည့်ရတဲ့အခါမှာ သေးကွေးတဲ့ခံစားမှုကိုရရှိပါလိမ့်မယ်။ OS ပိုင်းမှာဆိုရင် တော့ Android 5.0 Lollipop ကိုမောင်းနှင်ပေးမှာဖြစ်ပြီး 1.2 GHz အမြန် နှုန်းရှိတဲ့ Quad-core Processor သုံးစွဲပေးထားမှာပါ။ RAM ကတော့ 1GB သာရှိမှာဖြစ်ပါတယ်။
ဒါဟာ လက်ရှိဖော်ပြထားတဲ့ တက်ဘလက်(၄) လုံးမှာ အနိမ့်ဆုံး အရည် အသွေးလို့တော့ ဆိုနိုင်ပါလိမ့်မယ်။ Vodafone အနေနဲ့ ဈေးကွက်ကို ၀င်ရောက်လာတဲ့ပုံစံဟာ လူတန်းစားမရွေးအတွက် ရည်ရွယ်ထားပြီးတော့ Multi Task အပိုင်းကိုလည်း အကောင်းဆုံးထိန်းချုပ် နိုင်ပါလိမ့်မယ်။ Antutu ရဲ့ Benchmark တိုင်းတာချက်တွေအရတော့ သူ့ရဲ့ Hardware Score ဟာ 21419 ရှိပါတယ်။ ဓာတ်ပုံရိုက်ကူးမှုအပိုင်း အတွက်တော့ အနောက်ဘက်မှာ 5MP ကိုသာ တပ်ဆင်ပေးထားမှာဖြစ်ပြီး Flash, Autofocus လို လုပ်ဆောင်ချက် တွေကို သုံးစွဲနိုင်စေမှာဖြစ်ပါတယ်။ ကင်မရာ Setting ထဲမှာ ၀င်ရောက်ပြင်ဆင်ထားမယ်ဆိုရင်တော့  HDR, Panorama လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်ပါလိမ့်မယ်။ အရှေ့ဘက်မှာ 2MP ကိုတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ အချက်အလက်သိုလှောင်နိုင်ဖို့ အတွက် 16GBတစ်ခါတည်းပါဝင်လာမှာဖြစ်တဲ့အတွက် ထပ်မံသိုလှောင်သိမ်းဆည်း ချင်ရင်တော့ 32GB အထိလက်ခံနိုင်စွမ်းရှိပါတယ်။ ဘက်ထရီ ဟာ စွမ်းအား ကြီးမားတဲ့အရွယ်အစားတွေထဲမှာပါဝင်ပြီး 4600 mAh ဖြစ်ပါ တယ်။ Sensor ပိုင်းမှာတော့ အခြားတက်ဘလက်တွေနဲ့ယှဉ်လိုက်ရင် ပိုမို အားလျော့သွားပြီး နှစ်မျိုးလောက်သာထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၅)နှစ် ကိုကြည့်လိုက်မယ်ဆိုရင်တော့ Prime 6 ရဲ့အရည်သွေးဟာ အမြင့်မားဆုံး အဆင့်မှာရှိနေပါလိမ့်မယ်။ ဒါပေမယ့် ၂၀၁၆ လိုအချိန်မှာဆိုရင်တော့ တကယ့်ကို အရည်အသွေးခပ်နိမ့်နိမ့်တက်ဘလက်အဖြစ်သာ သတ်မှတ်နိုင် ပါလိမ့်မယ်။ တန်ဖိုးနည်း တက်ဘလက်ကို မူတည်တာကြောင့်အာရှ ဈေးကွက် မှာဆိုရင် အိန္ဒိယလိုနိုင်ငံတွေမှာလောက်သာ အဆင်ပြေပါလိမ့် မယ်။ ဒီထက်ပိုရောင်းအားကောင်းချင်တယ်ဆိုရင် ကလေးငယ်တွေနှစ်ခြိုက် စေမယ့် လုပ်ဆောင်ချက်တွေ ထည့်သွင်းပေးဖို့လိုပါတယ်။
<Clean Screen>
ဖန်သားကိုအထိခိုက်ခံနိုင်စေဖို့အတွက်ထိရောက်တဲ့ ကာကွယ်မှုအတွက် အလွှာလေးတွေခွဲပြီး ပြုလုပ်ထားပါတယ်။ မျက်နှာပြင်ပေါ်မှာ စာသားတွေ ရေးခြစ်တာ၊ ပုံရိပ်တွေကိုကြည့်တာမှာ အရှင်းလင်းဆုံးအဖြစ် ထုတ်ပေးမှာပါ။
<Ultra Thin>
ပါးလွှာတဲ့တက်ဘလက်တွေထဲမှာ တစ်ခုအပါအ၀င်ဖြစ်ပြီး သူ့ရဲ့အထူဟာ 6.1mm သာရှိမှာဖြစ်ပါတယ်။ အလေးချိန်ကတော့ 393g ရှိတာကြောင့် ပေါ့ပါးတယ်လို့ သတ်မှတ်လို့မရနိုင်ပါဘူး။ အောက်ထောင့်ဘက်မှာတော့ audio ပေါက်ကိုတပ်ဆင်ပေးထား မှာပါ။
<Bundled Apps>
Sony အနေနဲ့တစ်ပါတည်းထည့်သွင်းပေးထားတဲ့app တွေနဲ့အတူ နောက်ထပ်ထည့်သွင်းနိုင်မှာတွေဟာ playstore မှာရှိနေပါတယ်။ သူတို့ရဲ့ app သုံးစွဲသူတွေကိုလိုအပ်တဲ့ပုံစံမျိုးနဲ့သုံးနိုင်အောင် drawer ကို စီမံ ပေးထားပါတယ်။
<Sony Xperia Z4 Tablet information>
<technical specs>
» OS ... Android Lollipop 5.0
» Processor ... Octa-core 2 GHz
» Storage ... 3GB RAM, 32GB Storage
» Dimensions ... 167×254×6.1 mm
» Weight ... 389 g
» Display size ... 10.1 inch
» Resolution ... 2560×1600 (299ppi)
» Connectivity ... WiFi, Bluetooth 4.1
» Camera ... 5.1 MP Front & 8.18 MP rear
<Design>
တက်ဘလက်တည်ဆောက်မှုဒီဇိုင်းပိုင်းအတွက်ဆိုနီမှာလည်းအကောင်း ဆုံးပံ့ပိုးနိုင်တဲ့ အပိုင်းတွေရှိနေပါတယ်။ ပုံမှာအရှေ့မှာထွက်ထားတဲ့ ဒီဇိုင်း တွေနဲ့အနည်းငယ်သာ ကွာဟနေမှာဖြစ်ပြီး ဂိမ်းကစားနိုင်အောင်ပြုလုပ်ပေး ထားတဲ့အပြင် ကိုယ်ထည်တစ်ခုလုံးကိုပေါ့ပါးတဲ့ပုံစံဒီဇိုင်းမျိုးခံစားနိုင်စေဖို့ ထုတ်လုပ်ထားပါတယ်။
<Display>
ဆိုနီအနေနဲ့သူတို့ရဲ့ display ဟာ ရှင်းလင်းပြတ်သားမှုအပိုင်းမှာ လုံးဝ အာမခံနိုင်စွမ်းရှိပါလိမ့်မယ်။ ပုံမှန်တက်ဘလက်တွေမှာ ပါဝင်နေကြ လုပ်ဆောင်ချက်တွေတင်သာမကဘဲ Triluminos display နဲ့ x-reality တို့ရဲ့ပေါင်းစပ်မှုဟာ ပုံမှန်ထက်ပိုမိုကြည်လင်ပြတ်သားနေမှာဖြစ်ပါတယ်။ ၁၀ လက်မမျက်နှာပြင်ဟာ ပုံရိပ်တွေကိုပြင်ပအနှောင့်အယှက်တွေမ၀င် ရောက်စေဘဲ ဖော်ပြပေးမှာဖြစ်ပါတယ်။
<Performance>
စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်ရင် snapdragon တွေရဲ့ လုပ်ဆောင်ချက် ဟာ အခြားပရိုဆက်ဆာတွေနဲ့နှိုင်းယှဉ်လိုက်ရင် ပိုမြန်တာကိုတွေ့ရပါ လိမ့်မယ်။ သို့ပေမယ့်သူ့မှာ အနည်းငယ်ပူတဲ့ကိစ္စလေးတော့ရှိပါတယ်။ dragon 810 ရဲ့စွမ်းဆောင်နိုင်မှုဟာ ဂိမ်းအမြင့်တွေဆော့ကစားမယ် ဆိုရင်တောင် အရမ်းလေးသွားမှာမဟုတ်ပါဘူး။ App တွေဖွင့်လှစ်ရတာ လည်း မြန်ဆန်နေပါလိမ့်မယ်။
<Value for money>
ဈေးနှုန်းပိုင်းအရကြည့်လိုက်မယ်ဆိုရင်တော့ အနည်းငယ်ကြီးမြင့်တယ် လို့ဆိုနိုင်ပါတယ်။ သူ့ရဲ့လုပ်ဆောင်နိုင်မှုကလည်း တန်းတူထွက်ထားတဲ့ တက်ဘလက်တွေထဲမှာ ပရိုဆက်ဆာအမြင့်စားထည့်ထားတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူ့မှာနောက်ထပ်ကုန်ကျနိုင်စရာတွေရှိပါသေးတယ်။ ဒါကတော့ ဂိမ်းကစားနိုင်စေဖို့အတွက် ကွန်ထရိုးခလုတ်နဲ့ keyboard dock တွေရဲ့ ဒေါ်လာ ၁၀၀ ၀န်းကျင်ငွေကြေးပါ။
<Dell Cast>
Tablet ကို desktop အဖြစ်ပြောင်းနိုင်မယ့် တစ်ခုတည်းသော လုပ်ဆောင်ချက် ဖြစ်ပါတယ်။ တက်ဘလက်ကို လက်တော့ပုံစံ
ပြောင်းလဲ သုံးနိုင်မှာဖြစ်ပြီးဒီ port ကနေကီးဘုတ်၊ မောက်စ်တွေနဲ့ ချိတ်ဆက်သုံးနိုင်မှာဖြစ်ပါတယ်။
<Glorious HD>
ရင်သပ်ရှုမောစရာကောင်းတဲ့ ရုပ်ထွက်တွေကိုခံစားရရှိနိုင်စေမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် venue 10 ရဲ့ HD ရုပ်ထွက်ဟာရှင်းလင်းပီသမှုရှိပြီး ကြည့်ကောင်းတဲ့ပုံရိပ်တွေကိုပေးစွမ်းမှာဖြစ်ပါတယ်။
<Intel speed>
PC တွေမှာမြင်တွေ့နေကြဖြစ်တဲ့ ပရိုဆက်ဆာဟာ အခုဆိုရင် tablet တွေမှာ မြင်တွေ့သုံးစွဲနိုင်ပြီပဲ ဖြစ်ပါတယ်။ Quad-core ပရိုဆက်ဆာရဲ့ လုပ်ဆောင်နိုင်မှုဟာ 2GB RAM နဲ့ပေါင်းစပ်ပြီးတော့ သွက်လက်တဲ့ စွမ်းဆောင်မှုကိုပေးစွမ်းမှာပါ။
<Dell Venue 10>
<information technical specs>
» OS ... Android Lollipop 5.0
» Processor ... Intel Altom Z3735F
1.83 GHz Quad-Core
» Storage ... 32GB , 2GB RAM
» Dimensions ... 10.16×262×175 mm
» Weight ... 635 g
» Display size ... 10.1 inch
» Resolution ... 1920×1200 (224ppi)
» Connectivity ... Wi-Fi, Bluetooth 4
» Camera ... 1.2 MP Front, 5MP rear
<Display>
Tablet အရောင်ကတော့ အနက်ရောင်ဖြစ်၍ ခန္ဓာကိုယ်ကိုကိုင်တွယ်ရ နူးညံ့ပြီး အစင်းရာမထင်တဲ့ Polyplastic နဲ့ပြုလုပ်ထားပါတယ်။ Tablet ရဲ့ Display Screen ကိုကြည့်မယ်ဆိုရင် ဘယ်လိုအနေအထားမျိုးနဲ့ ကြည့်ကြည့် အရောင်အသွေးမှန်ကန်ပြီး ကြည်လင်ပြတ်သားမှုရှိတဲ့ ၁၀ လက်မကျယ် IPS HD Multi-Touch ဖြစ်တာကြောင့် ဓာတ်ပုံတွေကို Zoom ပြုလုပ်ကြည့်နိုင် ပါလိမ့်မယ်။
<Performance>
Tablet ရဲ့လုပ်ဆောင်ရည်အပိုင်းကိုကြည့်မယ်ဆိုရင်သာမန် Smartphone နှင့် Tablet CPU မျိုးအသုံးပြုထားတာမျိုးမဟုတ်ဘဲ CPU Clock Speed 2 GHz အထိ မြန်တဲ့ Intel Atom Processor Z3735F ကိုအသုံးပြုထား တာကြောင့်မြင့်မားတဲ့ CPU စွမ်းဆောင်ရည်လိုအပ်တဲ့မြန်နှုန်းမြင့် 3G Internet အသုံးပြုတာမျိုး၊ HD Game အကြီးစားတွေကစားတာမျိုး၊ Multi Tasking ပြုလုပ်တာမျိုးတွေကို အထူးတလည်စွမ်းဆောင်ပေးနိုင်မှာဖြစ်ပါ တယ်။ Graphic ပိုင်းဆိုင်ရာအတွက် Intel HD Graphic ပါဝင်ပြီး လျင်မြန် ပေါ့ပါးတဲ့လုပ်ငန်းလုပ်ဆောင်နိုင်ဖို့အတွက် RAM Memory DDR3 2GB အထိပါဝင်ပြီးဖြစ်ပါတယ်။
<Value for money>
Cloud Storage အသုံးပြုနိုင်ရန်အတွက် Dell PocketCloud Explore နှင့် Dell PocketCloud Remote Software အသင့်ပါဝင်ပြီး Monitor နှင့် အလွယ်တကူချိတ်ဆက်အသုံးပြုနိုင်မယ့် Dell Desktop Application ပါဝင် ပါတယ်။ ဒါကြောင့်လုပ်ငန်းခွင်အတွက်ရော၊ အပန်းဖြေနားနေအသုံးပြုဖို့ အတွက်ပါ သုံးနိုင်ပါလိမ့်မယ်။
<Dell Venue 10>
အင်တာနက်အသုံးပြုခြင်း၊ ဂိမ်းကစားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ စာဖတ် ခြင်းစတာတွေကို အချိန်ကြာရှည်စွာအသုံးပြုမယ်ဆိုရင် Smartphone ထက် Tablet တွေက ပိုပြီးသင့်တော်သလို ပိုမိုတွင်ကျယ်စွာလည်း အသုံးပြုလာ ကြပါတယ်။ ဈေးနှုန်းသက်သက်သာသာနဲ့ အရည်အသွေးကောင်းမွန်တဲ့ International Branded Tablet ၀ယ်ယူလိုသူများအတွက် 10.1 လက်မ မျက်နှာပြင်အရွယ်အစားရှိပြီး 3G SIM Internet အသုံးပြုနိုင်တဲ့ Dell အမှတ်တံဆိပ် Venue 10 Tablet ဖြစ်ပါတယ်။ လုပ်ငန်းခွင်မှာ စမတ်ကျကျ အသုံးပြုမှာလား၊ ကျောင်း/အိမ်မှာ ပေါ့ပေါ့ပါးပါးနဲ့ အသုံးပြုမှာလား။ ဘယ်လို ပုံစံမျိုးနဲ့ဖြစ်ဖြစ် အသုံးပြုသူအဆင်ပြေစေမယ့် Tablet အမျိုးအစားဖြစ်ပါ တယ်။ Dell အနေနဲ့အကောင်းဆုံးလုပ်ဆောင်ချက်လို့ သတ်မှတ်နိုင်တဲ့ တက်ဘလက်ကိုရောင်းချပေးနိုင်ခဲ့ပါတယ်။ Android တက်ဘလက် တစ်လုံး ထက်ပိုတဲ့စွမ်းဆောင်နိုင်မှုတွေ သူ့မှာရှိနေပါတယ်။ Dell ရဲ့ venue 5000 စီးရီးမော်ဒယ်တွေကတော့ အခြားတက်ဘလက် တွေထက်လူကြိုက်ပိုများ ပါတယ်။ ကြည်လင်ပြတ်သားတဲ့ ပုံရိပ်ဖော်ပြ နိုင်စွမ်းရရှိမှသာ ဂိမ်းတွေ ဆော့ကစားတာ၊ရုပ်ရှင်ကားတွေကြည့်တဲ့ အချိန်မှာစိတ်ချမ်းသာစေမှာပါ။ ဒါကြောင့် Venue 10 မှာ မျက်နှာပြင်ပုံရိပ် ဖော်ပြမှုကိုအကောင်းဆုံး စွမ်းဆောင်ပေးနိုင်မယ့် full HD(1200x1920) ကိုပေးစွမ်းထားပါတယ်။
Display ကတော့ IPS Glogssy ဖြစ်ပြီး 10.1 လက်မမျက်နှာပြင်မှာ ပုံရိပ် တွေကိုအသေးစိတ်မြင်တွေ့နိုင်ဖို့ 224ppi ထောက်ပံ့ပေးထားပါတယ်။ Black Screen အပြည့်သုံးစွဲထားတာမဟုတ်ပေမယ့်ဘေးဘောင်လေးတွေရဲ့ အကျယ်အ၀န်းက 0.39in သာရှိတာကြောင့် 10 လက်မမြင်ကွင်းအရသာကို ခံစားနိုင်ပါလိမ့်မယ်။ အလင်းရောင်တိုက်ရိုက်ကျတဲ့ နေရောင်ထဲမှာ ဖုန်းကို အသုံးပြုရင်တောင်မှ မြင်ကွင်းတွေ ကို အနှောင့်အယှက်မဖြစ်ဘဲ ကြည့်နိုင် ပါလိမ့်မယ်။ Android 5.0 နဲ့အတူသူတို့ရဲ့ကိုယ်ပိုင် UI အပြင်အဆင်ကို သုံးနိုင်မှာပါ။ Smart manager လုပ်ဆောင်ချက်ကလည်းဖုန်းထဲမှာ မလို အပ်တဲ့ ဖိုင်တွေကိုရှင်းထုတ်ပေးတာ၊ ဗိုင်းရပ်စ်တွေကိုကာကွယ်ပေးတာ တွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အဆင့် မြင့်တဲ့ Theme တွေကိုလည်း ပြောင်းလဲသုံးစွဲနိုင်ပါလိမ့်မယ်။ အဓိကကင်မရာဟာ 5MP ဖြစ်ပြီး ပုံတွေ ရိုက်မယ်ဆိုရင်သာမန်အဆင့်လောက်ပဲ ရရှိနိုင်မှာဖြစ်ပါတယ်။ video ရိုက်မယ်ဆိုရင်တော့ 1080p@30fps ရရှိ နိုင်မှာပါ။ သူငယ်ချင်းတွေနဲ့ video call ပြောဆိုလိုသူတွေအတွက်ကတော့ 1.2MP ကင်မရာကိုသုံးစွဲနိုင်ပါ လိမ့်မယ်။ Intel Atom z3735F ပရိုဆက်ဆာကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ RAM ကတော့ 2GB DDR3 ထောက်ပံ့ပေးထားပါတယ်။
အချက်အလက်တွေသိုလှောင်သိမ်းဆည်းထားနိုင်ဖို့ လုံလောက်တဲ့ ပမာဏလို့သတ်မှတ်နိုင်တဲ့ 32GB SSD ပဲဖြစ်ပြီး ဘက်ထရီစွမ်းအားဟာ ၉နာရီကြာသုံးစွဲနိုင်မှာဖြစ်ပြီး ဆက်တိုက်ပြောဆိုနိုင်စွမ်းနဲ့အသင့် အနေအထား အချိန်ကိုတော့ တရားဝင်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အချက်အလက်တွေဝေမျှသုံးစွဲနိုင်စေဖို့အတွက်တော့ bluetooth 4.1,wi-fi တို့ကို သုံးစွဲနိုင်ပါလိမ့်မယ်။ အခြားချိတ်ဆက်မှုတွေအနေနဲ့ Micro-USB 2.0,USB host တို့ကို သုံးနိုင်ပါလိမ့်မယ်။ နောက်ထပ်လုပ်ဆောင်ချက် တစ်ခုကတော့ HDMI port ပါဝင်လာတာပါပဲ။ သူကတော့ တက်ဘလက်ကို ကီးဘုတ်၊မောက်စ်တွေနဲ့ ချိတ်ဆက်သုံးနိုင်မယ့်နေရာ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့်ဆိုရင် တက်ဘလက်ကို laptop အနေနဲ့ ပြောင်းလဲသုံးနိုင်မယ့် လုပ်ဆောင်ချက်ပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com