2/11/2016

♪ “Sony Xperia ZR” ♫


စမတ်ဖုန်းများကို ဆက်သွယ်ရေးအတွက်သာမက အခြားသော ကဏ္ဍများ အတွက်ပါ အသုံးပြုပါတယ်။ ဒါပေမယ့် ဖုန်းအများစုဟာ ရေအောက်မှာ ရိုက်ကူးလို့မရပါဘူး။ ဒါပေမယ့် Sony က ရေထဲတွင် ရိုက်ကူးလို့ရတဲ့ ဖုန်းအမျိုးအစားများစွာကို ထုတ်လုပ်ပေးထားပါတယ်။ ထိုကဲ့သို့သော ဖုန်းများကို ဆက်တိုက်ထုတ်လုပ်ပေးခဲ့သည်မှာ ၂ နှစ် ၃ နှစ်ဝန်းကျင်ရှိပြီ ဖြစ်ပါတယ်။

 ရေပေါ်ရေအောက် ရိုက်ကူးနိုင်မယ့် ဒီဖုန်းကို 2G, 3G, 4G network သုံးမျိုးစလုံးမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ထုတ်လုပ်ဖြန့်ချိ ရောင်းချပေးခဲ့တာကတော့ ၂၀၁၃ ခုနှစ်၊ ဇွန်လကဖြစ်ပါတယ်။ လေးထောင့် ကျတဲ့ဒီဇိုင်းတွေကိုသာ ထုတ်လုပ်တာများတဲ့ Sony က ဒီဖုန်းကိုလည်း 131.3 × 67.3 × 10.5 mm အရွယ်အစားနဲ့ ထုတ်လုပ်ပေးထားပါတယ်။ ဖုန်းရဲ့အလေးချိန်ကတော့ 138g ဖြစ်ပါတယ်။ ရေဒဏ်ခံနိုင်ဖို့အပိုင်းကို ပြောပြရမယ်ဆိုရင် IP58 အသိအမှတ်ပြုခံထားရပြီး ရေအနက် တစ်မီတာ အထိ ရေစိမ်ခံနိုင်အားရှိမှာဖြစ်ပါတယ်။

TFT capacitive touchscreen ရဲ့ အကျယ်ပမာဏက 4.55 inches သာရှိ မှာဖြစ်ပြီး မြင်ကွင်းစွမ်းရည် ကြည်လင်ဖို့အတွက် ထောက်ပံ့ပေးစွမ်းမယ့် pixels ပမာဏက 720 × 1280 ဖြစ်ပါတယ်။ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်း 323 ppi ဖြစ်ပါ တယ်။ Multitouch စနစ်မှာ လက်ချောင်း ဆယ်ချောင်းအထက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်မှာ အကြမ်း ခံနိုင်ဖို့ အတွက်လည်း Shutter proof and scratch resistant glass ဖုံးအုပ် ပေးထားပါသေးတယ်။ Sony Mobile BRAVIA Engine 2 တပ်ဆင်ပေးထား တဲ့ အတွက်လည်း ရုပ်ရှင်ဗီဒီယိုတွေကို ရုပ်ထွက်ကောင်းကောင်းနဲ့ကြည့်ရှုနိုင် မှာဖြစ်ပါတယ်။

အဓိက ကင်မရာက 13.1 MP စွမ်းရည်နဲ့ ဒုတိယ ကင်မရာ ငယ်က VGA စွမ်းရည်ရှိပါတယ်။ ထည့်သွင်းပေးထားတဲ့ ဘက်ထရီ က Li-Ion 2300mAh စွမ်းရည်ရှိကာ စကားပြောဆိုဖို့ 11နာရီနီးပါးနဲ့ သီချင်းနားထောင် ဖို့ 45 နာရီနီးပါး ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။

<Specification>
Network - GSM/HSPA/LTE
Screen - 4.55 inches
CPU - Quad Core 1.5GHz
OS - Android OS,v4.1.2
Memory - 8GB
Bluetooth - v4.0
Contact - 01-371924
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 


www.pyaephyo.com