2/12/2016

♪ Samsung Galaxy S7 နှင့် S7 Edge ၏ ဓာတ်ပုံများ ပေါက်ကြား ထွက်ပေါ်လာ ♫


Samsung ၏ Galaxy S7 နှင့် S7 Edge ဓာတ်ပုံများစွာနှင့် အသေးစိတ်အချက်အလက်များသည် မတူညီသော သတင်းရင်းမြစ်များစွာမှ ထွက်ပေါ်လာခဲ့သည်။

၎င်းဓာတ်ပုံများအနက် တစ်ပုံမှာ မျက်နှာပြင် ၅.၅ လက်မအရွယ်ရှိ Galaxy S7 Edge ဖြစ်သည်။ အဆိုပါဓာတ်ပုံသည် Weibo သုံးစွဲသူ JKwan က NoWhereElse ဆိုက်မှဖော်ပြခဲ့သည်။ Galaxy S7 Edge ၏ မျက်နှာပြင်အထက်ရှိ ဘေးဘောင်တွင် ကွေးညွှတ်ထားသည့် ဒီဇိုင်းကို အသုံးပြုထားကြောင်း တွေ့ရသည်။ Edge ၏ဘေးနှစ်ဖက်တွင် မျက်နှာပြင်ကွေးများ ပါဝင်သော်လည်း ယခုအခါတွင် ထိပ်ဘက်ရှိ ဘေးဘောင်တွင် မျက်နှာပြင်ကွေးပါဝင်လာဖွယ်ရှိသည်။

ထို့အပြင် ပုံတွင် ပြသထားသည့်အတိုင်း AnTuTu benchmark စမ်းသပ်မှုမှာ မှန်ကန်ဖွယ်ရှိသည်။ ၎င်း၏ ရရှိသော အမှတ်မှာ ၁၃၄,၇၀၄ ဖြစ်သောကြောင့် အဆိုပါအမှတ်သည် ပြီးခဲ့သည့်နွေရာသီက Galaxy S6 Edge+ ရရှိခဲ့သော အမှတ်၏ နှစ်ဆခန့်ရှိသည်။

အခြားဓာတ်ပုံတွင် Samsung Galaxy S7 ကျောဘက်ကို ပြသထားသည့်ပုံ ဖြစ်နိုင်ပြီး လုံးဝန်းသော ဒီဇိုင်းကိုအသုံးပြုထားသည်။ အစောပိုင်းထွက်ပေါ်သော ကောလာဟလများကဲ့သို့ပင် Galaxy S7 တွင် ကင်မရာမှာ အပြင်သို့ ထွက်နေခြင်းမရှိကြောင်း တွေ့ရသည်။ သတင်းများ၏ဖော်ပြချက်အရ ကျောဘက်ကင်မရာမှာ 16 megapixels မှ 12 megapixels သို့ လျှော့ချထားကြောင်း သိရသည်။

Samsung သည် Galaxy S7 နှင့် Galaxy S7 Edge စမတ်ဖုန်းများကို ဖေဖော်ဝါရီလ ၂၁ ရက်တွင် ဘာစီလိုနာမြို့၌ ကျင်းပမည့် Mobile World Congress 2016 ပြပွဲတွင် ပြသသွားမည် ဖြစ်သည်။

Ref: Stuff
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com