2/01/2016

♪ အဆင့်တန်းမြင့်မြင့်အရည်အသွေးကောင်းကောင်းဖုန်းသုံးချင်သူများအတွက် - " Samsung Galaxy Alpha " ♫


Price » 475,000 Ks
Contact Phone » 01-245180, 384109 ( KMD Mobile )
* Specification *
» Network : 2G, 3G, 4G (Nano-SIM)
» Weight : 115 g
» Display : 4.7", Super AMOLED capacitive touchscreen
» Dimensions : 5.21 x 2.58 x 0.26 inch
» Memory : 32GB, 2GB RAM
» Camera : 12 Megapixel, Front : 2.1MP, autofocus, LED flash, face/smile detection, HDR, panorama
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Exynos 5 Octa 5430 CPU : Quad-core 1.8GHz Cortex-A15
» OS : Android OS, v4.4.4 (KitKat)

Galaxy Alpha ဟာ Samsung ရဲ့ သတ္တုဖုန်းအဖြစ် ပြောင်းလဲပေးလိုက်တဲ့ Transition ထဲမှာ ပထမဆုံးခြေလှမ်း ဖြစ်ပါတယ်။ Galaxy Alpha ဟာ သတ္တုနဲ့ဖန်သား ရောစပ်ထားတဲ့ Galaxy S6 နဲ့ S6 Edge လို မဟုတ်ဘဲ သတ္တုကိုယ်ထည်နဲ့အတူ ပလတ်စတစ်အဖုံးတို့နဲ့ တည်ဆောက်ထားတဲ့ Galaxy Note 4 နဲ့ ပိုပြီးတူတယ်လို့ ပြောနိုင်ပါတယ်။ HTC One M9 လိုမျိုး သတ္တုအပြည့် ကိုယ်ထည်မျိုး မတွေ့ရဘဲ Samsung ရဲ့ ပုံမှန်သုံးနေကျ ပြောင်လက်တဲ့ပလတ်စတစ်ကို စွန့်ခွာပြီး ပိုမိုကောင်းမွန်လာတဲ့ ကုန် ကြမ်းပစ္စည်းတွေနဲ့ Galaxy ဖုန်းတွေမှာ သတ္တုကိုတွေ့ရတာ ပထမဆုံးဖြစ်ပြီး အနာဂတ်အတွက် ဒီဇိုင်းအသစ်တွေကို မျှော်လင့်နိုင်တဲ့ အလားအလာတွေ ရှိနိုင်တယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်။

အထူးခြားဆုံး feature တစ်ခုက Galaxy Alpha ရဲ့ သတ္တုဘေးဘောင်တွေ ဖြစ်ပါတယ်။ နောက်တစ်ခုက သူ့ရဲ့အလေးချိန်ဟာဆိုရင် 115 g သာရှိပြီး iPhone 6 ထက် ပိုလို့တောင် ပေါ့ပါးနေပါတယ်။ သတ္တုနဲ့ တည်ဆောက်ထားပေမယ့်လည်း အရမ်းကြီးလေးလံမနေဘဲ လက်ထဲမှာသက်သောင့်သက်သာ ဖြစ်စေပါတယ်။ ကျောပြင်ကို နူးညံ့အောင် ဖန်တီးပေးထားပြီး dotted pattern ဒိဇိုင်းကို မြင်တွေ့ရမှာပါ။ ကျောဘက်မှာ heart-rate sensor, 12MP ကင်မရာနဲ့အတူ LED flash တို့ကို ထည့်သွင်းထားပါတယ်။

Samsung Galaxy Alpha ရှေ့မျက်နှာပြင်ကို ကြည့်ရင်လည်း Screen ရဲ့ ဘေးဘောင်တွေဟာ ပါးလွှာနေပြီး သတ္တုနဲ့ ပြုလုပ်ထားတဲ့ home button ကနေတစ်ဆင့် finger print-recognition နည်းပညာကို support လုပ်ပေးထားပါတယ်။ Alpha ရဲ့ ဘေးထောင့်တွေပတ်လည်ကို အလူမီနီယမ် frame နဲ့ တည်ဆောက် ထားပြီး အသံအတိုး/အလျှော့ခလုတ်တွေပါ အပါအဝင် ဖြစ်ပါတယ်။ ပိုမိုဆွဲဆောင်မှုအားကောင်းတဲ့ ဖုန်းတစ်လုံးဖြစ်အောင် ဘေးထောင့်တွေကို အနည်းငယ်လေးသာ ခုံးပေးထားပြီး iPhone 6 ဒီဇိုင်းနဲ့တော့ ကွဲပြားပါတယ်။

Galaxy S5 Mini အတိုင်း Galaxy Alpha မှာ USB 3.0 ကို support မလုပ်ပေးနိုင်ပါဘူး။ ကျောဘက်ကာဗာကို ဖြုတ်/တပ်ပြုလုပ်ပေးနိုင်ပြီး microSD card slot မပါဝင်လာတာ တွေ့ရပါတယ်။ Alpha မှာ Android OS 4.4.4 (KitKat) ကို run ထားပြီး 5.0.2 (Lollipop) ထိ မြှင့်တင်သုံးစွဲနိုင်ပါတယ်။ Samsung ရဲ့ TouchWiz UI ကို Android အပေါ်မှာ ထပ်သုံးထားတာကလည်း ကောင်းမွန်မှုတစ်ခုအဖြစ် မြင်တွေ့ရမှာပါ။

Samsung ဟာ Galaxy Alpha ရဲ့ စွမ်းဆောင်ရည်တွေ ကောင်းမွန်စေဖို့ Exynos 5430 Octa-core processor ထည့်သွင်းပေးထားပြီး 1.8GHz မြန်နှုန်းရှိ quad-core နဲ့ 1.3GHz Cortex A7 core တို့ ပါဝင်ပါတယ်။ ဂိမ်းတွေလိုမျိုး ကြီးမားတဲ့ tasks တွေအတွက် core ၄ လုံးက ဆောင်ရွက်ပေးပြီး ကျန် ၄ လုံးက တော့ စွမ်းဆောင်ရည် ပိုမိုအားကောင်းနေဖို့ ပြုလုပ်ပေးပါတယ်။ RAM 2GB နဲ့ ဂရပ်ဖစ် Mali-T628 MP6 တို့ကို ထည့်သွင်းထားပြီး tasks တွအတွက် အလုပ်ကောင်းကောင်း ဆောင်ရွက်ပေးနိုင်ပါတယ်။

Samsung ရဲ့ ISOCELL နည်းပညာကို အခြေခံထားတဲ့ 12MP ကင်မရာကို ပင်မကင်မရာအဖြစ် အသုံးပြုနိုင်ပြီး LED flash နဲ့ တွဲဖက်ထားပါတယ်။ 4K ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်တဲ့ S5 အတိုင်း Galaxy Alpha မှာလည်း ပြုလုပ်နိုင်ပြီး ရှေ့ဘက်ကင်မရာဟာ 2.1MP အရည်အသွေးရှိပါတယ်။ Phase-detection autofocus လည်း ပါဝင်ပြီး focus ပြုလုပ်တဲ့အခါ အခြားဖုန်းတွေထက် Alpha ဟာ ပိုမိုမြန်ဆန်ပါတယ်။

Samsung Galaxy Alpha မှာတော့ HDR/Panorama စတာတွေ ရိုက်ကူးနိုင်မှာဖြစ်ပြီး GPS, NFC, Wi-Fi, Bluetooth v4.0 စတဲ့ ချိတ်ဆက်မှုတွေလည်း ပါဝင်ပါတယ်။ Galaxy Alpha ဟာ Nano-SIM အမျိုးအစား စမတ်ဖုန်းတစ်လုံးဖြစ်ပြီး Fingerprint, Proximity, Compass, Heart Rate Sensors တို့ အသုံးပြုနိုင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏကတော့ 32GB ကိုပဲ အသုံးချနိုင်မှာ ဖြစ်ပါတယ်။

* Battery Life *
Li-Ion 1860mAh ဘက်ထရီ သုံးစွဲပြီး ဘက်ထရီကို အလွယ်တကူ ဖြုတ်/တပ်နိုင်ပါတယ်။ Samsung ဟာ Ultra Power Saving Mode ကို ထည့်သွင်းထားပေမယ့်လည်း ဂိမ်းနဲ့ ဗီဒီယိုတွေ အချိန်အကြာကြီး မသုံးရင်တော့ ဘက်ထရီသက်တမ်းဟာ စိုးရိမ်စရာ မရှိပါဘူး။

* Design *
သတ္တုကိုယ်ထည်ဒီဇိုင်းက Galaxy Alpha ကို ကွဲပြားသွားစေတဲ့အချက်ဖြစ်ပြီး Alpha ဟာ ကျစ်ကျစ်လျစ်လျစ်နဲ့ အဆင်မြင့်စမတ်ဖုန်းမှန်း ပိုမိုထင်ဟပ်သွားပါတယ်။ ကျောဘက်အဖုံးဟာ ပလတ်စတစ်ပဲ ဖြစ်ပြီး ရာဘာနဲ့ဖွဲ့စည်းထားသလို dotted pattern ဒီဇိုင်းမျိုး ဖြစ်ပါတယ်။

* Processor *
စုစုပေါင်း core ၈ လုံးရှိပြီး Alpha မှာ Octa-core processor ထည့်သွင်းထားပါတယ်။ Basic tasks တွေအတွက် 1.3GHz core ၄ လုံးနဲ့ အလုပ်လုပ်ပေးပြီး ကျန် core ၄ လုံးကတော့ 1.8GHz မန်နှုန်းရှိပါတယ်။ RAM 2GB ကို လုံလုံလောက်လောက် အသုံးချနိုင်ပြီး အဆင့်မြင့်ဂိမ်း တွေအတွက် ဂရပ်ဖစ်ဟာ Mali-T628 MP6 ဖြစ်ပါတယ်။

* Display and Camera *
၎.၇ လက်မအရွယ်သာရှိတဲ့ မျက်နှာပြင်ဟာ 720 x 1280 HD ရုပ်ထွက်အရည်အသွေးအဆင့်ကိုသာ ပေးစွမ်းနိုင်ပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 312ppi နဲ့ မျက်နှာပြင်အကြမ်းဒဏ်ကို Gorilla Glass 4 နဲ့ ကာကွယ်ပေးနိုင်အောင် ဖုံးအုပ်ထားပါတယ်။ အဓိကကင်မရာ 12MP ဖြစ်ပြီး LED flash သုံးစွဲနိုင်ပါတယ်။ 4K ဗီဒီယိုရိုက်ကူးနိုင်ပြီး Selfie အတွက် 2.1MP ကင်မရာ တပ်ဆင်ထားပါတယ်။

* Verdict *
Galaxy Alpha ရဲ့ သတ္တုကိုယ်ထည်ဟာ Samsung ရဲ့ Galaxy ဖုန်းတွေထဲမှာ ခေတ်အမီဆုံး ဒီဇိုင်းဖြစ်ပြီး အရွယ်အစားသေးငယ်တာကြောင့် ကိုင်သုံးတဲ့အခါ သက်သောင့်သက်သာ ဖြစ်နေပါတယ်။ အတွင်းပိုင်း စွမ်းဆောင်ရည်တွေဟာလည်း အားကောင်းပြီး အံ့မခန်းရုပ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ ကင်မရာတို့နဲ့ ဖွဲ့စည်းထားပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com