2/10/2016

♪ OPPO F1 ရဲ့ အားသာချက် အားနည်းချက် နည်းပညာနှင့် သုံးသပ်ချက်များ ♫


Device Support : OPPO
Price : 299,000

အားသာချက်
CPU, GPU, Sensor အစရှိသော Hardware ပိုင်းများတွင်လည်း မြင့်မားကောင်းမွန်သောကြောင့် ဖုန်းလုပ်ဆောင်ချက်များ မြန်ဆန်နေမည်ဖြစ်ပြီး မြင့်မားသော ကင်မရာများကြောင့် ဓာတ်ပုံပိုင်းတွင်လည်း စိတ်ကျေနပ်စရာ ဖြစ်နိုင်မည် ဖြစ်သည်။ ဖုန်း၏ ဖွဲ့စည်းတည်ဆောက်မှုအပိုင်း ကောင်းမွန်သောကြောင့် ပုံစံဒီဇိုင်းလှပပြီး ကိုင်တွယ်အသုံးပြု ရာတွင်လည်း ကောင်းမွန်သော ထိတွေ့မှုရှိသည်။
အားနည်းချက်
Sim Card အထိုင်နှစ်ခုအား အတွဲလိုက် Slot တစ်ခုအတွင်းတွင် ပြုလုပ်ထားသောကြောင့် ကတ်တစ်ကတ်ကို ထုတ်သွင်းပြုလုပ်ချင်တိုင်း နှစ်ကတ်စလုံး ထုတ်သွင်းပြုလုပ် နေရမည်ဖြစ်ပြီး Sim Card တစ်ပေါက်မှာ SD Card နှစ်ခု တွဲထားခြင်းကြောင့် Dual Sim အသုံးပြုလိုပါက Sim Card နှင့် SD Card တစ်လှည့်စီ အသုံးပြုရမည် ဖြစ်သည်။
သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက F1 သည် OPPO ၏ R7 Lite အား အဆင့်မြှင့်တင်ထားသော ပုံစံမျိုးရှိနေပြီး ဖုန်းတွင်း လုပ်ဆောင်ချက်များ Hardware ပိုင်းများတွင် ကောင်းမွန်သော ဖုန်းဖြစ်သည်။ ကိုင်တွယ် အသုံးပြုချိန်တွင်လည်း ကောင်းမွန်သော ထိတွေ့မှုနှင့် ပေါ့ပါးခြင်း ရှိနေပြီး ကင်မရာပိုင်း Sensor ပိုင်းနှင့် ပုံစံဒီဇိုင်းပိုင်းတို့တွင် ကောင်းမွန်သည်။
ဒီဇိုင်း
ပုံစံဒီဇိုင်း လှပသေသပ်သော ဖုန်းအမျိုးအစားဖြစ်သည်။ OPPO R7 Lite နှင့် ဆင်တူသည်ဟု ဆိုနိုင်ပြီး ပါးလွှာသည့်အပြင် ကိုင်တွယ်အသုံးပြု ချိန်တွင်လည်း လက်နှင့်အံဝင်ခွင်ကျ ရှိနေပြီး ကောင်းမွန်သော ထိတွေ့မှုရှိသည့် ဖုန်းဖြစ်သည်။ ဖုန်းကိုယ်ထည် တစ်ခုလုံးအား သတ္တုကိုယ်ထည်ဖြင့် ဖွဲ့စည်း တည်ဆောက်ထားပြီး ရှေ့မှန်မှာ အနည်းငယ်ထူသော မှန်အခုံးပုံစံဖြစ်သည်။ ကိုယ်ထည် ထိတွေ့မှုကောင်းမွန်ပြီး ဖုန်းတစ်ခုလုံး၏ အရွယ်အစားမှာ အထက်အောက် အမြင့် ၁၄.၃၅ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၁ စင်တီမီတာရှိပြီး ထုထည်မှာ ၀.၇၃ စင်တီမီတာ ဖြစ်ခြင်းကြောင့် ပါးလွှာသော ဖုန်းအမျိုးအစား တစ်ခုဖြစ်ပြီး အလေးချိန်မှာ ၁၃၇ ဂရမ်ဖြစ်ပြီး ပေါ့ပါးသော ဖုန်းဖြစ်သည်။
မြင်ကွင်း
၅.၀ လက်မရှိသော IPS LCD Screen ဖြစ်ပြီး 720 x 1280 Pixels (~294 ppi pixel density) ထိ ရရှိနိုင်မည် ဖြစ်သည်။
နည်းပညာ
ဓာတ်ပုံအား စိတ်ကြိုက် အရောင်ပုံစံဖြင့် ရိုက်ကူးနိုင်မည့် Various Filter စနစ်၊ မှောင်နေသော နေရာများတွင် အလိုအလျောက် အလင်းနှုန်းကို မြှင့်တင်ပေးနိုင်မည့် Colorful Night စနစ်၊ စိတ်ကြိုက် Shutter နှုန်းထား များဖြင့် ချိန်ညှိ ရိုက်ကူးနိုင်မည့် Slow Shutter စနစ်များအပြင် Double Exposure, Expert Mode, Time-lapse, Audio Photo အစရှိသော ကင်မရာ နည်းပညာများကိုလည်း ထိတွေ့နိုင်သည်။ Screen ဖွင့်ပိတ် အလွယ်တကူ ပြုလုပ်ခြင်း၊ Screen ပိတ်ထားချိန်တွင် သင်္ကေတများရေးဆွဲကာ စနစ်များအတွင်း ဝင်ရောက်ခြင်း၊ အစရှိသော အသုံးပြု စနစ်များအတွက် Screen On Gesture စနစ်နှင့် Screen Off Gesture စနစ်များ ပါဝင်ပြီး Gesture Sensor ပိုင်းများ၌ ပြည့်ပြည့်စုံစုံ အသုံးပြုနိုင်သည်။ Color OS Version မြင့်မား လာခြင်းကြောင့် ကင်မရာ အသုံးပြု စနစ်များတွင် ပုံစံများပြောင်းလဲ လာမည်ဖြစ်သည့်အပြင် ဖုန်း၏ Setting ပိုင်းတွင်လည်း Color Icon များဖြင့် ပုံစံများပြောင်းလဲ လာမည်ဖြစ်သည်။
အသေးစိတ်ဖော်ပြချက်
Octa-core 1.7 GHz Cortex-A53 CPU ဖြစ်ပြီး ဂရပ်ဖစ်အတွက်လည်း Adreno 405 GPU ကိုထည့်သွင်း ပေးထားသည်။ မှတ်ဉာဏ်မှာ 16GB နှင့် RAM 3GB ပါဝင်ပြီး ထပ်တိုးအသုံးပြု နိုင်ရန်အတွက် Micro SD Card 128GB ထိ ထပ်တိုးနိုင်မည် ဖြစ်သည်။ 13 Mega Pixel f/2.2 နောက်ကင်မရာ၊ 8 Mega Pixel  f/2.0 ရှေ့ကင်မရာတို့ ပါဝင်ပြီး Bluetooth 4.0, USB 2.0 နှင့် Li-Ion 2500 mAh ဘက်ထရီတို့ ပါဝင်မည် ဖြစ်သည်။ GSM စနစ်သုံးဖုန်းဖြစ်ပြီး 2G/ 3G ကွန်ရက်စနစ်များတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ Micro Sim တစ်ကတ်နှင့် Nano Sim တစ်ကတ်အ သုံးပြုရမည်ဖြစ်ပြီး Sim Slot တစ်ခုမှာ SD Card နှင့်အတူ အတွဲလိုက် ရှိနေမည်ဖြစ်သည်။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com