2/12/2016

♪ Ooredoo က နံပါတ်အလှကို ဦးရာလူစနစ်ဖြင့် ရောင်းမည် ♫


အခြားသော ဆက်သွယ်ရေး အော်ပရေတာများအနေဖြင့် နံပါတ်အလှများကို လေလံတင် ရောင်းချနေ ချိန်တွင် ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Ooredoo က နံပါတ်အလှကို ဦးရာလူ စနစ်ဖြင့် ရောင်းချပေးမည်ဟု ကြေညာလိုက်သည်။

Ooredoo သည် ၎င်း၏ အရောင်းဆိုင် ၂၂ ဆိုင်တွင် ဆင်းမ်ကတ်နံပါတ်အလှများကို မိမိစိတ်ကြိုက် ဝယ်ယူနိုင်မည်ဟု ကြေညာခဲ့ပြီး နံပါတ်အလှ ဆင်းမ်ကတ်များ၏ ဈေးနှုန်းကို အနိမ့်ဆုံး ၁,၅၀၀ ကျပ်မှ စတင်ဝယ်ယူနိုင်သည်ဟု သိရသည်။

မိမိ၏ စိတ်ကြိုက်နံပါတ်များကို ဦးရာလူစနစ်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး အမြင့်ဆုံးဈေးနှုန်းကို ၎င်းတို့က ထုတ်ပြန်ပြောဆိုခဲ့ခြင်း မရှိပေ။

Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com