2/09/2016

♪ အကောင်းစားအမိုက်စားဖုန်းကိုမှသုံးချင်သူများအတွက် - “LG G4” ♫


ဒီဇိုင်းပုံစံ တစ်မူထူးခြားသည့်စမတ်ဖုန်းများသည် ယခုနောက်ပိုင်း၌ သုံးစွဲသူများ၏ ပိုမိုကြိုက်နှစ်သက် ခြင်း ကို ရရှိလာခဲ့ပါတယ်။ ဒါကြောင့် စမတ်ဖုန်းထုတ်လုပ်သည့် ကုမ္ပဏီများသည်လည်း သူတို့၏ဖုန်းပုံစံများကို ထူးခြားအောင် ဆောင်ရွက်ပေးလာခဲ့ကြပါတယ်။ ဗြောင်သက်သက် ဒီဇိုင်း ပုံစံထက် အကွက်ငယ်လေး များဖြင့် အလှဆင်ဖန်တီးပေးထားသည့် ဖုန်းများဟာ ပိုမိုလှပတယ်လို့ ခံစားရနိုင်ပါတယ်။

ချုပ်ရိုးချုပ်သားဖြင့် အလှ ဆင်ထားသော ဖုန်းများကလည်း သုံးစွဲသူများအတွက် အပြောင်းအလဲဖြစ်စေ ပါတယ်။ LG ရဲ့ နောက်ဆုံးထုတ် ဖုန်းတစ်မျိုးဖြစ်သည့် G4 တွင်လည်း သားရေအစစ်ဖြင့် ဖန်တီးထားသော အလယ်ချုပ်ရိုးပါရှိသည့် ဒီဇိုင်းပုံစံကို တွေ့မြင်နိုင်ပါတယ်။ ကုမ္ပဏီများသည် သူတို့၏တန်ဖိုးကြီးစမတ်ဖုန်းများကို အမြဲမပြတ် တီထွင်ဖန်တီးရောင်းချ ပေးနေရာ G4 ဟန်းဆက်ဟာလည်း LG ရဲ့ထူးခြားကောင်းမွန်သော စွမ်းဆောင်ရည်များပါရှိပါသည်။ အကောင်း စားဟန်းဆက်ဖြစ်တာနဲ့အညီ ထုတ်လုပ်ရောင်းချရာ နိုင်ငံဒေသပေါ် မူတည်ပြီး မော်ဒယ်နံပါတ်များလည်း ကွဲလွဲ သွားပါမယ်။

ဖုန်းရဲ့ဒီဇိုင်း ပုံစံ ကတော့ ထိပ်ဘက်၊ အောက်ဘက်နှင့် ထောင့်စွန်းတွေဟာမဆို စလောက် သောလုံးဝန်းသည့်ပုံစံရှိပါတယ်။ကိုင်ဆောင်သုံးစွဲသည့်အခါတွင် အဆင်ပြေ စေဖို့အတွက် ခလုတ်ကို ဖုန်းရဲ့အနောက်ဘက်မှာ ထည့်သွင်းပေးထား ပါတယ်။ ဖုန်းကိုယ်ထည်ရဲ့ အရွယ်အစားပမာဏကတော့ 148.9×76.1×(6.3-9.8)mm ရှိပြီး၊ အလေးချိန်ကတော့ 155g ဖြစ်ပါတယ်။
IPS LCD capacitive touchscreen ရဲ့ အကျယ် အ၀န်းပမာဏကတော့ 5.5 inches ဖြစ်ကာ၊ မြင်ကွင်းစွမ်းရည်အတွက် ထောက်ပံ့ပေးထားသော pixels ပမာဏကတော့ 1440 × 2560 ဖြစ်ပြီး၊ တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့ 538ppi ပါ။ Multitouch စနစ်တွင် LG Optimus UX 4.0 UI သုံးစွဲနိုင်မှာဖြစ်ပြီး၊ အကြမ်းခံနိုင်သော ဖုန်းမျက်နှာပြင် ဖြစ်စေရန်အတွက်လည်း Gorilla Glass 3 ဖုံးအုပ်ပေးထားပါတယ်။

 အဓိက ကင်မရာသည် 16MP စွမ်းရည်ရှိကာ၊ ရှေ့ကင်မရာငယ်ကတော့ 8MP စွမ်းရည်ဖြစ်ပါတယ်။ ဗီဒီယိုရိုက်ကူးနိုင်မယ့် စွမ်းရည်ကတော့ 2160p နှင့် 1080p တို့ဖြစ်ပါတယ်။ ကင်မရာဆက်စပ်ပတ်သက်စနစ်များသည် အရမ်းကို ကောင်းမွန်ပြီး Selfie ရိုက်ကူးဖို့ အတွက်လည်း လက်ဟန်နဲ့ထိန်းချုပ်စနစ် ပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM ဟာ 3GB ပါရှိမှာ ဖြစ်ပြီး၊ Internal storage ကို 32GB ထည့်သွင်းပေးထားပါတယ်။ ဒါကြောင့် အချက်အလက်သိမ်းဆည်းဖို့ အတွက်လုံလောက်တဲ့ပမာဏကိုတစ်ခါတည်း ရရှိနိုင်ပါတယ်။

ဒါ့အပြင် SD ကတ်စိုက်၍လည်း မှတ်ဥာဏ် ပမာဏကို ထပ်မံတိုးချဲ့နိုင်ပါသေးတယ်။ ဘက်ထရီသည် Li-Ion 3000mAh အမျိုး အစားဖြစ်ပြီး၊ 3G network တွင်စကားပြောဆိုဖို့အတွက် နာရီ ၂၀နီးပါး ခံနိုင်စွမ်းရှိပါမယ်။ လျင်မြန်သည့်ဘက်ထရီအားသွင်းစနစ်လည်းပါရှိပါတယ်။

<Specification>
Network - GSM/HSPA/LTE
Processor - QC 1.44GHz & DC 1.82GHz
Screen - 5.5 inches
Camera - 16 MP
Bluetooth - v4.1
Storage - 32 GB, up to 128 GB
OS - Android OS,v5.1
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com