2/09/2016

♪ “ဒီဇိုင်းသစ်နဲ့လုပ်ငန်းကိစ္စများစွာကိုထောက်ကူပေးမယ့်Huawei Mate 8” ♫


နှစ်တစ်နှစ်ကူးပြောင်းတဲ့အခါတိုင်းနည်းပညာကုမ္ပဏီများသည်သူတို့တီထွင်ဆန်းသစ်ထားသည့်ထုတ်ကုန် များကိုမိတ်ဆက်ပြသရောင်းချလေ့ရှိပါသည်။ နည်းပညာပစ္စည်းနှင့်စနစ်များကိုစိတ်ပါဝင်စားသောသူများအတွက်ရည်ရွယ်၍ကျင်းပသောပွဲများသည် ပြည်ပ မှာရော၊ ပြည်တွင်းမှာပါရှိပါသည်။ စနစ် ဆန်းများ၊တန်ဖိုးမြင့်ထုတ်ကုန်များကိုသာ ပြသရောင်းချခြင်းအတွက် မဟုတ်ဘဲလူအများစုဝယ်နိုင်သည့်နည်းပညာထုတ်ကုန်များကိုလည်း ပြသ ရောင်းချကြပါသည်။ယနေ့အချိန် အခါတွင်စမတ်ဖုန်းဟာလူတိုင်းအတွက်မရှိမဖြစ်လိုအပ်သောအရာဖြစ်တာကြောင့်စမတ်ဖုန်းဈေးကွက်နှင့် သုံးစွဲသူဦးရေသည်နေ့စဉ်များပြားမြင့်တက်နေပြီး၊သက်ဆိုင်ရာစမတ်ဖုန်းထုတ်လုပ်သည့်ကုမ္ပဏီများသည် လည်းယှဉ်ပြိုင်မှုအားကောင်းနေကြပါသည်။ ပြည်တွင်း ဈေးကွက်တွင်စမတ်ဖုန်းသုံးစွဲနိုင်ခွင့်စတင်ပွင့်လင်း ခဲ့သည့်အချိန်မှစ၍ယနေ့အထိအသုံးပြုသူများနဲ့ရင်းနှီးခဲ့သောအမှတ်တံဆိပ်တစ်ခုကတော့Huawei ဖြစ်ပါ သည်။Huawei ဟန်းဆက်များကိုမြို့၊ရွာအနှံ့သုံးစွဲနေကြပြီးHuawei အရောင်းဆိုင်များဖွင့်လှစ်ထားသည်ကိုနိုင်ငံအနှံ့မြင်တွေ့နိုင်ပါသည်။Huawei ဟာစွမ်းရည်ကောင်းမွန်၍ဒီဇိုင်းဆန်းသစ်သည့်ထုတ်ကုန်သစ်များကိုနှစ်စဉ် ရောင်းချလျက်ရှိရာ၂၀၁၆ခုနှစ် အစမှာပင်Mate 8 နှင့်GR5 ဟန်းဆက်များကို မိတ်ဆက်ရောင်းချလိုက်ပါသည်။GR5 ဟန်းဆက်ကိုတော့ ပြည်တွင်းမှာ မိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့ပြီး၊Mate 8 ကိုဇန်န၀ါရီလ၊၂၈ရက်နေ့က ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့Siam Paragon Hall ရဲ့5th Floor, Royal Paragon Hall မှာမိတ်ဆက်ပွဲကျင်းပပြုလုပ်ခဲ့ပါသည်။ထိုပွဲသို့ မြန်မာနိုင်ငံ မှHuawei brand ambassador ဖြစ်သူအကယ်ဒမီဝတ်မှုန်ရွှေရည်နှင့် အဆိုတော်အိမ့်ချစ်၊မော်ဒယ်ဆုမြတ်နိုးကျော်တို့တက်ရောက်ခဲ့ကြပါသည်။
Southeast Asia အားအထူးပြု၍မိတ်ဆက်ပွဲကျင်းပခြင်းကြောင့်ဈေးကွက်
(၁၁)ခုမှပရိသတ်များစွာတက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် Southeast Asia,Huawei Consumer Business Group ၏President ဖြစ်သူMr.Liu Le (Thomas Liu) မှမိတ်ဆက်စကားများပြောကြားခဲ့ပြီးGlobal Product Marketing ၏Head ဖြစ်သူMr. Clement Wong မှMate 8 အကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။စမတ်ဖုန်းဈေးကွက်ထဲသို့Huawei ရဲ့နောက်ဆုံးပေါ်အကောင်းစားဖုန်းတစ်လုံးထပ်မံရောက်ရှိလာခဲ့ပြန်ပါပြီ။
<Elegant Design>
သေသပ်သောအနားသပ်ဘေးဘောင်လေးများနဲ့ပုံဖော်ထားသည့်Mate 8 ဟာထိပ်ဘက်ထောင့်စွန်းများတွင်အ၀န်းအ၀ိုက်သဏ္ဌာန်ရှိပါသည်။2.5D diamond Cut glassနှင့်aerospace grade aluminum ကိုယ်ထည်တို့ အချိုးကျကျပေါင်းစပ်ဖန်တီးထားသောကြောင့်လှပတောက်ပြောင်သည့် အသွင်ဒီဇိုင်းရှိပါသည်။ဖုန်းရဲ့နောက်ကျောဘက်တွင်အဓိကကင်မရာက အ၀ိုင်းပုံစံတည်ရှိပြီးကင်မရာအေက်ဘက်တွင်Fingerprint Sensor ကိုအ၀ိုင်း ပုံစံအဖြစ်ထည့်သွင်းပေးထားပါသည်။ထိုသို့အ၀ိုင်းပုံစံနှစ်ခုအထက်၊အောက်တည်ရှိခြင်းသည်ဂဏန်း 8 အသွင် ဖြစ်သွားသောကြောင့်Mate 8 ရဲ့အဓိပ္ပါယ် ကိုပိုမိုပေါ်လွင်စေပါသည်။Flash မီးကတော့ကင်မရာဘေးမှာတည်ရှိပါသည်။ ဖုန်းရဲ့အရွယ်အစားပမာဏသည်157.1×80.6×7.9 mm ရှိကာ၊ အလေးချိန် သည်185g၀န်းကျင်ဖြစ်ပါသည်။ဖုန်းကိုယ်ထည်သည်ကြီးမားပေမယ့် ကိုင်ဆောင်အသုံးပြုဖို့အဆင်ပြေပါသည်။ဖုန်းကိုယ်ထည်အထူကိုလည်း ပါးလျအောင်ဆောင်ရွက်ပေးထားပါသည်။
<SIM and Screen>
Mate 8ဟာမော်ဒယ်နှစ်မျိုးရှိပါသည်။NXT-L29 ကတော့ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်သည့်ဖုန်းအမျိုးအစားပါ။Nano SIM ထည့်သွင်းအသုံးပြုရမည့်4G Network အထိအထောက်အပံ့ပေးစွမ်းပါမည်။Mate 8 ဟာကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်မှုကိုထောက်ပံ့ပေးထားခြင်းကြောင့်နိုင်ငံပေါင်း၂၀၀ကျော်သို့ ယူဆောင်သွားသည့်အခါအဆင်ပြေစွာကွန်ရက်ချိတ်ဆက်နိုင်စွမ်းရှိပါသည်။နိုင်ငံခြားအသွားများသူများ အတွက်အဆင်ပြေစေပါလိမ့်မည်။Mate 8 သည် မျက်နှာပြင်အကျယ်အ၀န်6း inches ရှိပြီးအရောင်များစိုပြည်မှုပိုမို အားကောင်း လာပါသည်။HDပုံရိပ်များကိုကြည်လင်စွာကြည့်ရှုနိုင်ဖို့ဖုန်း မျက်နှာပြင် တွင်1920× 1080pixels ပမာဏရှိပါသည်။တစ်လက်မမှာရှိမယ့် pixel ပမာဏသိပ်သည်းဆကတော့368ppiပါဖုန်းမျက်နှာပြင်အတွက်IPS -NEO LCD Capacitive touch screen ကိုအသုံးပြုပေးထားပါသည်။ Multitouchအတွက်Emotion UI 4.0 ကိုထည့်သွင်းပေးထားပါသည်။ တန်ဖိုးမြင့် ဖုန်းတစ်လုံးရဲ့အင်္ဂါရပ်ကိုပိုမိုပြည့်စုံစေရန်Gorilla Glass 4 ဖုံးအုပ် ပေးထားသေးသည်။
<High Performance,Never Slow Down>
ဖုန်းမျက်နှာပြင်ကိုတို့ထိလိုက်တဲ့အခါလျင်မြန်သောတုံ့ပြန်မှုအားပေးစွမ်းနိုင် စေဖို့အတွက်CPU နှင့်GPU စွမ်းရည်များကိုအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးထားပါသည်။Quad-core 2.3GHz Cortex-A72 နှင့်Quad-core 1.8GHz Cortex A53 တို့ကိုပေါင်းစပ်ထည့်သွင်းပေးထားပါသည်။ Chipest အမျိုးအစားကတော့HiSilicon Kirin 950 ပါ။GPU မှာ-Mali-T880 MP4 ဖြစ်ပါသည်။GPU ရဲ့စွမ်းရည်သည်ရာခိုင်နှုန်းများစွာပိုမိုကောင်းမွန် လာပါသည်။
<Best Camera For High-Quality Photos>
အဓိကကင်မရာသည်16MPစွမ်းရည်ရှိပြီး၊Dual-LED (dual-tone) Flash နဲ့တွဲဖက်ရိုက်ကူးနိုင်မှာဖြစ်ပါသည်။ရိုက်ကူးသောပုံရိပ်များကို4608×3456 Pixels ပမာဏနဲ့ဖော်ပြပေးပါမယ်။1080p စွမ်းရည်နဲ့ဗီဒီယိုရိုက်ကူးပါက တစ်စက္ကန့်ကို60 Frames နှုန်းဖော်ပြပါမယ်။ဆန်းသစ်သောOIS နည်းပညာ၊ all-new IM×298 တို့ပါဝင်တာကြောင့်ပုံရိပ်ရိုက်ကူးတဲ့အခါပိုမိုကောင်းမွန်ပါ သည်။လှုပ်ရှားနေသည့်ပုံရိပ်များကိုM8 ကအလျင်အမြန်မိမိရရဖမ်းယူ ရိုက်ကူးနိုင်အောင်ထောက်ပံ့ပေးနိုင်ပါသည်။မှောင်ရိပ်ကျနေသောနေရာ၊ အလင်းအားမလုံလောက်သောအချိန်မျိုးတို့တွင်ဓာတ်ပုံရိုက်ကူးပါကအလို အလျောက်ချိန်ညှိပေးပြီးရုပ်ထွက်ကောင်းအောင်ဆောင်ရွက်ပေးပါသည်။ Baramotic and altitude sensor ကလည်းခရီးသွားသည့်အခါဓာတ်ပုံရိုက်ဖို့ ပိုမို အဆင်ပြေစေပါသည်။ရှေ့ကင်မရာငယ်ကတော့8MP,F2.4ပါ။ ထိုစွမ်းရည်သည် အခြားအမှတ်တံဆိပ်ဖုန်းများ၏အဓိကကင်မရာတွင် ထည့်သွင်းပေးထားသောစွမ်းရည်ပါ။ဒါကြောင့်Selfieရိုက်ကူးခြင်းကိုခုံမင်သူ များအတွက်သင့်တော်ပါသည်။ပုံရိပ်များကို3264×2448 Pixels ပမာဏနဲ့ ဖော်ပြပေးပါမယ်။1080pစွမ်းရည်ဖြင့်ဗီဒီယိုရိုက်ကူးပါကတစ်စက္ကန့်ကို 30Frames နှုန်းရရှိပါမယ်။
<Fingerprint recognition & Safety System>
ပိုမိုအဆင့်မြင့်ကောင်းမွန်လာသည့်အဆင့်သုံးဆင့်နဲ့လက်ဗွေဖတ်ရှုစနစ်ကိုတီထွင်ပေးထားပါသည်။လက်ဗွေ ဖတ်ရှုသည့်အခါလျင်မြန်၊မှန်ကန်တိကျပြီး၊အခြားစနစ်များအသုံးပြုနိုင်ဖို့အတွက်ပါထောက်ပံ့ပေးထားပါသည်။ Phone ကိုUnLockပြုလုပ်ဖို့0.5 Secondသာကြာပါမယ်။ဓာတ်ပုံ၊ဗီဒီယိုရိုက်ကူး တဲ့အခါတွင် လည်းထိုစနစ်ကြောင့်ပိုမိုလွယ်ကူပါမယ်။ဖုန်းဖြေဆိုဖို့ အတွက် လည်းလက်ဗွေရာကိုသာအသုံးပြုလိုက်ရုံပါ။ဖုန်းနဲ့alarm ပေးပြီးအိပ်ယာ နှိုးထကြသူများမျက်စိဖွင့်စရာမလို၊ ဖုန်းမျက်နှာပြင်ကိုအဆင့်ဆင့်တို့ထိ စရာမလိုဘဲalarm ကိုပိတ်နိုင်ပါမယ်။လုံခြုံရေးစနစ်ပိုင်းမှာတော့App lock စနစ်နှင့်ဖိုင်များကိုLock ချထားနိုင်ပါဦးမယ်။SD card lock စနစ်ကြောင့် ဖုန်းပျောက်ခဲ့ရင်တောင်SD card အတွက်စိတ်ပူစရာမလိုပါဘူး။
<Key Features>
ဖုန်းကိုScreenshot ပြုလုပ်ချင်တယ်ဆိုရင်ဖုန်းမျက်နှာပြင်ကိုလက်ဆစ် နှစ်ချက် ခေါက်လိုက်ရုံပါပဲ။Scan ပြု လုပ်ထားသောပုံရိပ်များကိုလိုချင်သလို ကွက်၍ပုံဖော်နိုင်ရန်လက်ဆစ်ကိုသုံးပြီးဖုန်းမျက်နှာပြင်ကိုပွတ်ဆွဲပေးရပါ မယ်။လက်ဆစ်နဲ့ဖုန်းမျက်နှာပြင်တွင် S ပုံစံရေးဆွဲပါကပုံရိပ်အရှည်ကိုရရှိ ပါမယ်။Webpage (သို့) အသုံးပြုသူအလိုရှိရာကိုကြည့်ရှုဖို့အတွက် Screenshot တစ်ခုပြီးတစ်ခုရိုက်စရာမလိုတော့ပါဘူး။Screen Record အတွက်ကတော့လက်ဆစ်နှစ်ချောင်းနဲ့အစအဆုံးနှစ်ချက်ခေါက်ပေးရမယ်။ ဖုန်းနဲ့မတူညီသောစနစ်များကိုလွယ်လင့်တကူပြောင်းလဲသုံးနိုင်အောင်လုပ် ဆောင်ပေးထားပါသေးတယ်။ စနစ်တစ်ခုခုအသုံးပြုနေရာမှဓာတ်ပုံရိုက်ကူး ချင်လျှင်လက်ဆစ်နဲ့ဖုန်းမျက်နှာပြင်တွင်Cလို့ရေးလိုက်ရုံပါပဲ။သီချင်းပိုင်းဆိုင်ရာအတွက်Mအက္ခရာပုံစံကိုရေး ဆွဲလိုက်ရုံပါ။Wရေးဆွဲလျှင်ရာသီဥတု အကြောင်းကိုသိရပါလိမ့်မယ်။eကိုလည်းရေးဆွဲနိုင်ပါသေးတယ်။လျင်မြန် သောအခြားစနစ်များဖြစ်သည့်Fast Scan/ Fast Shot, Fast Open,Fast Seek နှင့်Fast Move တို့ကိုလည်းMate 8 နဲ့တွဲဖက်သုံးနိုင်ပါသည်။
<Live Large>
ကျစ်လျစ်သေသပ်တဲ့ ၆ လက်မအရွယ်စမတ်ဖုန်းဟာ သုံးစွဲသူအတွက် Full HD Screen နဲ့ ပိုမိုပါးလွှာတဲ့ သတ္ထု ကိုယ်ထည်ကို ယူဆောင်လာပါလိမ့်မယ်။ မြင်ကွင်းတွေကြည့်ရှုရတာ ပိုမိုကောင်းမွန်လာမှာဖြစ်ပြီး ဘေးဘောင်လေး တွေကလည်း 2.9mmသာ ရှိတာကြောင့် ထောင့်ဖြတ် ၆ လက်မအကျယ်ကို အပြည့်အ၀ရရှိနိုင်ပါလိမ့်မယ်။ Screen ဖော်ပြနိုင်မှုဟာ ၈၃ ရာခိုင်နှုန်းနီးပါး ပိုကောင်းလာပြီး ဖုန်းအထူဟာ 7.9mm သာရှိမှာဖြစ်ပါတယ်။
<Live Smart>
စွမ်းဆောင်ရည်ပိုင်းနဲ့ အခြားသောလုပ်ဆောင်မှုတွေကို ပြည့်ပြည့်၀၀ ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ Mate 8 ဟာ Huaweiစမတ်ဖုန်းတွေထဲမှာ ပထမဦးဆုံးသော Super Eight Core ဖြစ်တဲ့ HiSilicon Kirin 950 ကို သုံးစွဲထားတာဖြစ်ပါတယ်။ Multitask လုပ်ဆောင်ချက်လည်း ကောင်းမွန်ပြီး 3D Game နဲ့ ဗီဒီယိုတွေကို တာရှည်စွာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ သုံးစွဲသူ အတွက် စမတ်ကျလှတဲ့ နည်းပညာကမ္ဘာထဲမှာ ၀င်ရောက်နေထိုင်နိုင်ပါပြီ။
<Live Privately>
Huawei သုံးစွဲသူတွေအတွက် အခြားသူတွေက မိမိစမတ်ဖုန်းကို ၀င်ရောက် သုံးစွဲတဲ့အခါမှာ လုံခြုံစေဖို့အတွက် Security ပိုင်းကိုဦးစားပေးမြှင့်တင် ထားပါတယ်။ Finger Print Sensor နဲ့ လုံခြုံအောင်ပြုလုပ်ထားနိုင်သလို၊ Application တွေဝင်ရောက်သုံးစွဲတာ အခြားသူတစ်ယောက်ဝင်ရောက် သုံးစွဲတာတွေအတွက် Visitor Mode ကို ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် အခြားသော Data အချက်အလက်တွေကို လုံခြုံစေဖို့အတွက်လည်း App Lock ပါဝင်လာမှာဖြစ်ပါတယ်။ နောက်ထပ် လုပ်ဆောင်ချက်အသစ် အနေနဲ့ Defragmenter လိုလုပ်ဆောင်ချက်တွေကိုပါသုံးနိုင်မှာပါ။
<Live Me>
ဖုန်းရဲ့နောက်ကျောဘက်ကင်မရာအောက်မှာပါဝင်တဲ့ Finger-Print Sensor ဟာ 360 Degree လှည့်လည်အသုံးပြု နိုင်ပါလိမ့်မယ်။ Huawei ဟာ အခြား စမတ်ဖုန်းတွေမှာဖြစ်နေတဲ့ Finger Print Sensor ကို တစ်နေရာတည်းကနေ သုံးစွဲနိုင် မယ်ဆိုတဲ့လုပ်ဆောင်ချက်ကို ပြောင်းလဲပေးလိုက်တာဖြစ်ပါတယ်။ Fingerprint ရဲ့ပုံစံဒီဇိုင်းကလည်း ပြောင်းလဲသွားပြီး မူရင်း မျိုးဆက်တုန်းက လေးထောင့်ပုံစံဖြစ်ပြီး ထိုကနေ Nexus ဖုန်းမှာတပ်ဆင်မှုအတိုင်း အ၀ိုင်း လေးဖြစ်သွားပါတယ်။ ဒါကြောင့် သင့်အနေနဲ့အဆင့်အနည်းငယ်သုံးစွဲတတ် ရုံနဲ့ လွယ်လွယ်ကူကူ unlock ပြုလုပ်နိုင်ပါလိမ့်မယ်။
<Internal Capacity>
နောက်ဆုံးပေါ် Android version Marshmallow 6.0 ကို သုံးစွဲနိုင်ပါမယ်။ ဖုန်းအရောင်နှင့် ROM,RAM ပမာဏသည် ဆက်စပ်နေပါသည်။ Moonlight Silver နှင့် Space Gray တို့တွင် RAM 3GB နှင့် ROM 32GB ရှိပါမည်။ Champagne Gold နှင့် Mocha Gold တို့တွင် RAM 4GB နှင့် ROM 64GB ပါရှိပါမယ်။ Li-Po 4000mAh စွမ်းအားရှိသော ဘက်ထရီတပ်ဆင်ပေး ထားပါသည်။ သီချင်းနားထောင် ချိန်အတွက် (၄)ရက်ခံနိုင်စွမ်းရှိပါမယ်။ အားသွင်းမြန်ဆန်သောစနစ်လည်း ပါရှိပါသည်။ App နှစ်ခုကို တစ်ပြိုင် တည်း သုံးနိုင်အောင်လည်း ဖန်တီးပေးထားပါသည်။ Microphones (၃) ခုနဲ့ အသံဖမ်းအားကောင်းမည့်ဖုန်းပါ။ ၃ မီတာအကွာအဝေးမှ ဖုန်းပြောနိုင်မယ့် Super Hands-Free 3.0 စနစ်လည်း ထည့်သွင်းပေးထားပါသည်။ ကားမောင်းနေစဉ်(သို့) မအားတဲ့အချိန်တွင် ဖုန်းလာပါက “Answer Call”
(သို့) “Reject Call” လို့ ပြောပြီးဖြေရှင်းနိုင်ပါမယ်။ စွမ်းရည်ကောင်းများ ထုံမွှမ်းထားသည့် Mate 8 ကို ထိုင်းနိုင်ငံတွင် RAM 4GB အမျိုးအစားအား ဘတ်ငွေ ၂၃၉၉၀ နဲ့ရောင်းချပေးနေပါပြီ။ ပြည်တွင်း ဈေးကွက်အတွင်း မှာလည်း ငွေကျပ် 7သိန်းဝန်းကျင်ဖြင့်ရောင်းချပေးပါမယ်။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com