2/10/2016

♪ “ HTC One M9s VS Samsung Galaxy A7 (2016) “ ♫


HTC One M9s မှာ One-series တွေထဲက တစ်ခုဖြစ်တဲ့ One M9 အတိုင်း အပြင်အဆင်တွေ တူညီနေတာတွေ့ရပြီး hardware ပိုင်းမှာတော့ သိသိသာသာ ပြောင်းလဲသွားတာလေးတွေ အနည်းငယ် ရှိပါတယ်။ One M9s ဟာလည်း ၅ လက်မအရွယ် Full HD LCD Display နဲ့ ထွက်ရှိလာပါတယ်။ One M9 နဲ့မတူဘဲ အဓိကပြောင်းလဲသွားတဲ့အချက်က One M9s မှာ MediaTek Helio X10 chip ကို ထည့်သွင်း အသုံးပြုထားတာ ဖြစ်ပါတယ်။ One E9 နဲ့ E9s တို့အတိုင်း 2GB RAM ထည့်သွင်းထားပြီး ဖုန်းတွင်းသိုလှောင်မှု 16GB ပမာဏကို မလုံလောက်ခဲ့ရင် 200GB ထိ တိုးမြှင့်နိုင်ပါတယ်။

HTC One M9s မှာ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး OIS ပါဝင်လာပါတယ်။ Full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပြီး ရှေ့ဘက်မှာ 4MP ကင်မရာ တပ်ဆင်ထားပါတယ်။ One M9s နဲ့ Galaxy A7 (2016) တို့မှာ Android OS 5.1.1 (Lollipop) ကို run ထားပါတယ်။ Samsung Galaxy A7 (2016) မှာ Li-Ion 3300mAh ဘက်ထရီ တပ်ဆင်ထားပြီး Fast Battery Charging နည်းပညာ သုံးထားပါတယ်။ ၅.၅ လက်မအရွယ် Display ပါဝင်ပြီး Fingerprint ကို ဆောင်ရွက် နိုင်ပါတယ်။
* Design *
1. HTC One M9s
HTC One M series တွေရဲ့ ဒီဇိုင်းအတိုင်း ပြောင်းလဲမှုမတွေ့ရဘဲ တောင့်တင်းတဲ့ကိုယ်ထည်ကို အလူမီနီယမ်နဲ့ တည်ဆောက်ထားပါတယ်။ ပါးလွှာတဲ့ဒီဇိုင်းကို ဖန်တီးထားခြင်းမရှိဘဲ ကျစ်ကျစ်လျစ်လျစ် ရှိတဲ့အပြင် 9.6mm အထူနဲ့ 158 g အလေးချိန် ရှိပါတယ်။
2. Samsung Galaxy A7 (2016)
A7 ထက် ပိုမိုရှည်လျားပြီး 1mm လောက် ပိုထူလာပါတယ်။ သတ္တုနဲ့ကိုယ်ထည်ကိုဖွဲ့စည်းထားပြီး ဘေးထောင့်တွေကို ခပ်ပါးပါးလေး ခုံးထားပါတယ်။ A series ဒီဇိုင်းတွေအတိုင်း တွေ့နိုင်ပြီး အရမ်း လေးထောင့်ကျကျ တည်ဆောက်ထားတာမျိုး မဟုတ်ပါဘူး။
* Processor *
1. HTC One M9s
One M9s ဟာ စွမ်းဆောင်ရည်လည်း မြင့်မားပြီး အားကောင်းတဲ့ Mediatek MT6795 Helio X10 Octa-core processor ကို အလုပ်လုပ် ခိုင်းထားပြီး 2.2GHz မြန်နှုန်းရှိပါတယ်။ ပိုမိုကောင်းမွန်စေဖို့ 2GB RAM, ဂရပ်ဖစ် PowerVR G6200 တို့နဲ့ ဖွဲ့စည်းထားပါတယ်။
2. Samsung Galaxy A7 (2016)
A7 (2016) Phablet မှာ Exynos 7580 chipset အသုံးပြုထားပြီး စွမ်းဆောင်ရည်အားကောင်းတဲ့ 1.6GHz မြန်နှုန်းရှိ Processor နဲ့ အလုပ်လုပ်ပေးမှာဖြစ်ပါတယ်။ ရေရှည်အတွက်လုံလောက်တဲ့ RAM ပမာဏ 3GB ပါရှိပြီး Adreno 405 ဂရပ်ဖစ် ဖြစ်ပါတယ်။
* Display *
1. HTC One M9s
အရင် One M9 အတိုင်း ၅ လက်မအရွယ် Display ကို တွေ့ရပြီး ရုပ်ထွက်အရည်အသွေးဟာ 1080 x 1920 pixels ရှိပါတယ်။ ရုပ်ထွက်သိပ်သည်းဆ 441ppi ထိ ပါဝင်ပြီး မျက်နှာပြင်အကြမ်းဒဏ် ခံနိုင်ရည်ရှိအောင် Gorilla Glass 4 နဲ့ ကာကွယ်ဖုံးအုပ်ထားပါတယ်။
2. Samsung Galaxy A7 (2016)
A7 ရဲ့ ၅.၅ လက်မအရွယ် မျက်နှာပြင်ကို ဆက်လက်သုံးစွဲထားပြီး 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေးကို အကောင်းဆုံးပေးစွမ်းနိုင်တဲ့ Display မျိုး ရရှိနိုင်ပါတယ်။ ရုပ်ထွက်ကြည်လင် ပြတ်သားပြီး pixels သိပ်သည်းဆ 401ppi ရှိပါတယ်။
* Verdict *
1. HTC One M9s
HTC One M9s မှာ အရင် E series တွေမှာ ပါဝင်ဖူးတဲ့ optical Image Stabilization (OIS) ကို အဆင့်မြင့်ကင်မရာအကောင်းဆုံး M9+ အတိုင်း ထည့်သွင်းပေးထားပါတယ်။ ရှေ့ဘက်ကင်မရာဟာ ultra- pixel အရည်အသွေးရှိပြီး ဓာတ်ပုံဖန်တီးမှုအတွက်ဆိုရင်တော့ ယုံယုံကြည်ကြည် အားကိုးသုံးစွဲနိုင်ပါတယ်။
2. Samsung Galaxy A7 (2016)
Samsung ကြိုက်နှစ်သက်တဲ့သူတွေအတွက်တော့ 2016 Version အဖြစ် ထွက်ရှိလာတဲ့ Samsung Galaxy A7 ဟာ Phablet နဲ့ Mid-range စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Samsung Galaxy S6 ဒီဇိုင်းမျိုး တူညီနေတာ တွေ့ရပြီး Galaxy A7 (2016) မှာ ဖန်သားပြင် ကျောဘက်ဒီဇိုင်းကိုပဲ တွေ့မြင်ရမှာ ဖြစ်ပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com