2/09/2016

♪ “ HTC Desire 728 “ ♫


Price » 269,000 Ks
Contact Phone » 01-385177 ( KMD Mobile )
* Specification *
» Network : 2G, 3G, 4G (Dual-SIM) » Weight : 153 g » Display : 5.5", Super LCD2 capacitive touchscreen » Dimensions : 6.22 x 3.06 x 0.31 inch » Memory : 16GB, 2GB RAM, micro SD, up to 200GB » Camera : 13 Megapixel, Front : 5MP, autofocus, LED flash, Geo-tagging, face detection, HDR, panorama » Connectivity : GPRS, EDGE, WLAN, Bluetooth, USB » Chipset : Mediatek MT6753 CPU : Octa-core 1.3 GHz Cortex-A53 » OS : Android OS, v5.1.1 (Lollipop)
HTC ဖုန်းတွေကို နှစ်သက်ပြီး အရည်အသွေးကို ယုံကြည်စိတ်ချသူတွေအတွက် Desire 728 ဟာ လက်ရှိမှာ HTC ရဲ့ အကောင်းဆုံး One M9 လောက်တော့ စွမ်းဆောင်ချက်တွေ မများပြားပေမယ့် သာမန်ထက် သုံးလို့ကောင်းမယ့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။ Desire ဖုန်းတွေဟာ HTC ရဲ့ Mid-range series တွေထဲမှာ ပါဝင်နေပြီး ဒီဖုန်းအတွက် HTC က ကြိုးစားမှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ HTC Desire 728 ဟာ အခြား HTC ဖုန်းတွေအတိုင်း ပုံစံတူညီပြီး ကွဲပြားတဲ့အချက်တော့ မတွေ့ရပါဘူး။ Desire 728 ရဲ့ဒီဇိုင်းဟာ ကြည့်လို့ကောင်းပြီး သိပ်သည်းကျစ်လျစ်တဲ့ Unibody ဒီဇိုင်းနဲ့ ထွက်ရှိလာပါတယ်။
ကျောပြင်ကို ပြားချပ်ချပ်ဖြစ်အောင် ဖွဲ့စည်းထားပြီး ဘေးထောင့်တွေ အနည်းငယ် ခုံးပေးထားပါတယ်။ SIM နဲ့ micro SD အပေါက်တို့ကို ဘယ်ဘက်ခြမ်းက ပလတ်စတစ်အဖုံးလေးအောက်မှာ ထည့်သွင်းထားပြီး HTC တံဆိပ်ကြီးကို ကျောဘက်အလယ်ခေါင်မှာ မြင်သာအောင် ရေးထွင်းထားပါတယ်။ HTC Desire 728 ဟာ 6.22 x 3.06 x 0.31 လက်မ အရွယ်အစားနဲ့ 153 g အလေးချိန်ရှိပါတယ်။ ကင်မရာထားသိုပုံကလည်း ကျောဘက်အလယ်မှာ မဟုတ်ဘဲ ဘယ်ဘက်ထောင့်မှာကပ်ပြီး တပ်ဆင်ထားပါတယ်။ HTC Desire 728 မှာ အရောင် (၂) မျိုးရွေးချယ်စရာရှိပြီး အဖြူနဲ့အနက်တို့ ဖြစ်ပါတယ်။ အသံအတိုး/အလျှော့ခလုတ်နဲ့ ပါဝါခလုတ် တို့ကို ညာဘက်ခြမ်းမှာ အလွယ်တကူ ဖိနှိပ်နိုင်အောင် ထည့်သွင်းထားပါတယ်။
HTC ဟာ Desire 728 မှာ BoomSound စပီကာကို ရှေ့ဘက်မှာ တပ်ဆင်ပေးထားပြီး ဂိမ်းနဲ့ multimedia မျိုးစုံအတွက် အသံထွက်ကောင်းကောင်းကို ပေးစွမ်းနိုင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ Desire 728 ဟာ 2G, 3G, 4G ကွန်ရက်တွေထိ ချိတ်ဆက်အသုံးပြုနိုင်ပြီး Dual-SIM အသုံးပြုနိုင်တဲ့ စမတ်ဖုန်းအမျိုးအစား ဖြစ်ပါတယ်။ လိုင်းဆွဲအားကောင်းပြီး SIM card (၂) မျိုး တစ်ပြိုင်နက်သုံးနိုင်တဲ့ ဖုန်းဖြစ်တာမို့ သဘောကျစရာကောင်း ပါတယ်။ HTC Desire 728 မှာ Android OS 5.1.1 (Lollipop) ကို အခြေခံထားတဲ့ HTC Sense UI ကို သုံးရမှာဖြစ်ပြီး icon တွေကို လှလှပပ မြင်တွေ့နိုင်ပါတယ်။ Super LCD2 capacitive touchscreen ကို Desire 728 အတွက် သုံးထားပြီး မျက်နှာပြင်ဟာ ၅.၅ လက်မအရွယ် ရှိပါတယ်။
ရုပ်ထွက်အရည်အသွေးဟာ 720 x 1280 pixels HD ကို ခံစားကြည့်ရှုနိုင်ပြီး သိပ်သည်းဆဟာ 267ppi ရှိပါတယ်။ မြင်ကွင်းရှုထောင့်မျိုးစုံအတွက် လက်ခံပေးနိုင်တဲ့ screen ဖြစ်ပြီး အရောင်အသွေးကို ချိန်ဆနိုင်ပါတယ်။ ဖုန်းရဲ့အဓိကကင်မရာဟာ 13MP အရည်အသွေးရှိပြီး f/2.2 aperture lens, autofocus, LED flash တို့ ပါဝင်ပါတယ်။ HDR, Panorama တွေ ရိုက်ကူးနိုင်တဲ့ features တို့ အသုံးပြုနိုင်ပြီး ရှေ့ဘက်မှာ 5MP ကင်မရာ ထည့်သွင်းထားပါ တယ်။ Desire 728 ရဲ့ပင်မကင်မရာနဲ့ 1080p full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်သလို ရှေ့ဘက် 5MP ကင်မရာနဲ့လည်း full HD ဗီဒီယိုတွေ ဖန်တီးနိုင်ပါတယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ကင်မရာရဲ့ လုပ်ဆောင်ချက်တွေ စတင်နိုင်ပြီး Split capture ရိုက်နိုင်ပါတယ်။
HTC Desire 728 ဖုန်းမှာ စွမ်းဆောင်ရည်အတွက် မြန်ဆန်တဲ့ Mediatek MT6753 octa-core processor ကို သုံးစွဲထားပြီး 1.3GHz မြန်နှုန်းရှိပါတယ်။ RAM ပမာဏ 2GB နဲ့ ဂရပ်ဖစ် Mali-T720 MP3 တို့ကို Desire 728 အတွက် ထည့်သွင်းပေးထားပါတယ်။ အခြား connectivity တွေအနေနဲ့ Wi-Fi, FM radio, Bluetooth, GPS တို့ကို support ပေးထားပါတယ်။ Motion G sensor, Compass Sensor တို့နဲ့အတူ Proximity နဲ့ Ambient Light Sensor တို့ ပါဝင်ပါတယ်။ ဖုန်းတွင်းသိုလှောင်မှုပမာဏအနေနဲ့ 16GB ကို အသုံးပြုနိုင်ပြီး ထပ်မံလိုအပ်ခဲ့ရင် microSD နဲ့ 200GB အထိ မြှင့်တင်နိုင်ပါတယ်။ HTC ရဲ့ Sense Home နဲ့ Blink Feed feature တွေ အသုံးပြုနိုင်ပြီး ဖုန်းကိုစိတ်ကြိုက် အလှဆင်ခွင့်နဲ့ သတင်းတွေကို အဆက်မပြတ် ကြည့်ရှုခွင့်တို့ ရရှိနိုင်မှာ ဖြစ်ပါတယ်။
* Battery Life *
HTC Desire 728 မှာ ဖြုတ်/တပ်လို့မရတဲ့ Li-Po 2800mAh ဘက်ထရီ ထည့်သွင်းထားပြီး 3G ကွန်ရက်မှာ ၂၁ နာရီကြာ စကားပြောနိုင်ပြီး stand-by ကတော့ ၄၈၅ နာရီစာ ရရှိမှာ ဖြစ်ပါတယ်။
* Design *
စွဲမက်စရာဒီဇိုင်းနဲ့ အလွန်ပေါ့ပါးတဲ့ frame တို့ကြောင့် Desire 728 ကို အလွယ်တကူ ကောက်ယူသုံးနိုင်ပြီး 7.9mm အထူနဲ့သာ တည်ဆောက်ထားပါတယ်။ ကျောဘက်ဒီဇိုင်းလည်း ရိုးရှင်းပြီး ကင်မရာကို ကိုယ်ထည်ကနေ အပြင်ဘက်ကို ငေါထွက်နေတဲ့ဒီဇိုင်းကို တွေ့ရပါတယ်။
* Processor *
Qualcomm Snapdragon အစား Mediatek MT6753 chipset ကို အသုံးပြုထားပြီး 1.3GHz မြန်နှုန်းရှိ octa-core processor ကို စွမ်းဆောင်ရည် မြန်ဆန်စေဖို့ သုံးစွဲထားပါတယ်။ ဂရပ်ဖစ် processor ဟာ Mali-T720 ဖြစ်ပြီး RAM 2GB ကို အသုံးချနိုင်ပါတယ်။
* Display and Camera *
၅.၅ လက်မအရွယ် HD multi touch display ပါဝင်ပြီး ဂရပ်ဖစ်တွေကို အဆင့်မြင့်မြင့် ကြည့်ရှုနိုင်ပါတယ်။ 720 x 1280 pixels HD ရုပ်ထွက်အရည်အသွေး ရှိပါတယ်။ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး autofocus, LED flash သုံးနိုင်ပါတယ်။ ရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပြီး 1080p full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။
* Verdict *
HTC Desire 728 ဟာ အရည်အသွေးမြင့် ဖုန်းတစ်လုံးဖြစ်ပြီး ဖုန်းတစ်ခုလုံးရဲ့ အစိတ်အပိုင်းတိုင်းမှာ အားကောင်းတဲ့ စွမ်းဆောင်ရည်တွေ ပါဝင်နေပါတယ်။ HTC ဖုန်းတွေ နှစ်သက်သူတွေအတွက်တော့ ကောင်းမွန်တဲ့ feature တွေ ဆက်လက်သုံးပေးထားပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com