2/11/2016

♪ “Home Key ကို ၂ ချက်နှိပ်ရုံဖြင့် ကင်မရာအား ၁ စက္ကန့်အတွင်း ဖွင့်နိုင်သည့် Galaxy A5 2016 အား Samsung မှ မိတ်ဆက်” ♫


Samsung Myanmar မှ နည်းပညာသစ်များ အသုံးပြုထား သော Galaxy A5 2016 အား မိတ်ဆက်လိုက်ပြီး Home Key ကို ၂ ချက်နှိပ်ရုံဖြင့် ကင်မရာ အား ၁ စက္ကန့်အတွင်း ဖွင့်နိုင်သည့် လုပ်ဆောင်ချက်ပါဝင်ကြောင်း သိရ သည်။“Galaxy A5 (2016) မိတ်ဆက်မှုနဲ့အတူ ကျွန်တော်တို့ကလည်း အရင်ထွက်ခဲ့တဲ့ Galaxy A အမျိုးအစား တွေအပေါ် သုံးစွဲသူတွေရဲ့ တုံ့ပြန်မှု တွေကိုယူဆောင်ပြီး သုံးစွဲသူတွေရဲ့နေ့စဉ်ဘ၀မှာ အခက်အခဲမရှိ အသုံးပြုဖို့ ပိုမိုလွယ်ကူစေတဲ့ ဒီဇိုင်းအပြင်အဆင်နဲ့ စွမ်းဆောင်ရည်တွေကို ပေါင်းစပ် ပံ့ပိုးပေးနိုင်အောင် သေချာစဉ်းစားသုံး သပ်ထားပြီး အကျိုးသက်ရောက်မှု ရှိတဲ့ တိုးတက်ပြင်ဆင်မှုတွေကို ပြုလုပ်ခဲ့ပါတယ်” ဟု Samsung Myanmar မှ Head of IM channel ဦးဇာနည်ဝင်းထက်က ပြောသည်။

Galaxy A5 (2016) ကို မြန်မာနိုင်ငံရှိ Samsung Brand Shop များနှင့် နိုင်ငံအ၀န်းရှိ အရောင်းကိုယ်စားလှယ် ဆိုင်များတွင် ဇန်န၀ါရီလ (၂၈) ရက်နေ့မှစတင် ၀ယ်ယူနိုင်ပြီး အရောင်အားဖြင့် အဖြူ၊ အနက်၊ ရွှေနှင့်ပန်းရောင်တို့ ၀ယ်ယူ ရရှိနိုင်ကာ ဈေနှုန်းအားဖြင့် ၅၀၅,၀၀၀ ကျပ်ဖြင့် ရောင်းချသွားရန် စီစဉ် ထားပါသည်။

Galaxy A5 (2016) တွင်နောက်ဆုံးထွက်ရှိခဲ့သော အဆင့်မြင့်တန်း Samsung Galaxy စမတ်ဖုန်း၏ ဒီဇိုင်းအား အခြေခံပြီး သတ္တုနှင့် ဖန်သားပြင် အား ပေါင်းစပ်၍လိုက်ဖက်ညီစွာ ဖန်တီးထုတ်လုပ်ထားပြီး သေးငယ်ကျဉ်း မြောင်းသော ဘေးဘောင်နှင့် အဆင့်မြင့်ကြည့်ရှုခံစားမှုအတွေ့အကြုံအား ပံ့ပိုးပေးထားပါသည်။ထို့ပြင် Galaxy A5 (2016) တွင် ပိုမိုတောက်ပ၍ ပိုမိုကြည်လင်ပြတ်သားသော ဓာတ်ပုံနှင့် ဗီဒီယိုများ ရိုက်ကူး နိုင်ရန်အတွက် အဆင့်မြှင့်တင်ထားသော ကင်မရာစနစ်ထည့်သွင်းပေးထားပြီး အဆိုပါ အဆင့်မြှင့်တင်ထား သောစနစ်တွင် ဓာတ်ပုံများေ၀၀ါးခြင်းအား ကာကွယ်ရန် အတွက် Optical Image Stabillization (OIS) နှင့် သုံးစွဲသူ များအနေဖြင့် အလင်းရောင်အား နည်း၍ မှောင်မည်းသောအခြေ အနေများတွင်ပင် ကောင်းမွန်ကြည်လင်သည့် ဓာတ်ပုံများ ရိုက်ကူးရယူနိုင်မည့် F1.9 lens ရှိသည့် အရှေ့နှင့်အနောက် ကင်မရာများပါဝင်ပါသည်။ ထပ်မံ၍ Samsung ၏ home button အားနှစ်ချက် ဆက်တိုက်နှိပ်ရုံဖြင့် ကင်မရာအား တစ်စက္ကန့် အတွင်း ဖွင့်ပေးနိုင်သည့် Quick Launch လုပ်ဆောင်ချက်လည်း ထည့်သွင်းပါဝင်ပါသည်။ သုံးစွဲသူများအနေနှင့် လူများ များ၊ ရှုခင်းများများ ၀င်ဆံ့နိုင်သည့် မြင်ကွင်းကျယ် Selfie ရိုက်ကူးနိုင်သော Wide Selfie ၊ ခလုတ်နှိပ်စရာ မလိုဘဲ လက်ဖ၀ါးပြရုံဖြင့် Selfie ဓာတ်ပုံရိုက်ကူးနိုင်သော Palm Selfieနှင့် ချောမွေ့လှပသော မျက်နှာအနီးကပ် ရိုက်ချက်များအတွက် အလိုအလျောက်ပြုပြင်ပေးသည့် Beautifying Effects အစရှိသည့် အထူး ပြုလုပ်ချက်၊ လုပ်ဆောင်ချက်များကို အသုံးပြု၍အကောင်းဆုံးသော Selfie ဓာတ်ပုံများအားလည်း ရိုက်ကူးနိုင်မည် ဖြစ်သည်။

Galaxy A5 တွင် တစ်ကိုယ်ရည်အချက်အလက်များ လုံခြုံမှုရှိစေရန် လက်ဗွေရာလုံခြုံရေးစနစ်ဖြင့် ကာကွယ် ထားပြီး နိုင်ငံအချို့တွင် စတင် အသုံးပြုနေပြီဖြစ်သည့် Samsung Payသည် Magnetic Secure Transmission (MST)နှင့် Near Field Communication (NFC) နည်းပညာ နှစ်မျိုးစလုံးနှင့် အသုံးပြုနိုင်ပါသည်။ Samsung Payစနစ်အား ကမ္ဘာ့နိုင်ငံ အချို့တွင် စတင်အသုံးပြုနေပြီဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း နည်းပညာပိုင်း အသင့် ဖြစ်လာပါက သုံးစွဲနိုင် မည်ဖြစ်ကြောင်း သိရသည်။Galaxy A5 (2016) အား စတင်ရောင်းချခြင်း အထူးအစီအစဉ်အနေဖြင့် ၀ယ်ယူသူတိုင်း အား 32GB micro SD Card တစ်ခု ကိုလက်ဆောင်အဖြစ် သတ်မှတ်ထား သော အရေအတွက်အတွင်း ပေးအပ်သွားမည်ဖြစ်ပါသည်။

ဆင်းကတ် နှစ်ကတ် ထည့်သွင်းအသုံးပြုနိုင်သည့် Dual SIM ဖုန်း ဖြစ်ပြီး MPT SIM Card တစ်ခုကို လက် ဆောင်အဖြစ် ထည့်သွင်းပေးအပ်သွားမည်ဖြစ်သည်။ အဆိုပါ MPT SIM Card အား လစဉ်ကျပ်တစ်ထောင် ထည့်သွင်းပြီး အသုံးပြုပါက Data 777 MB (အင်တာနက်အသုံးပြုခြင်း) အခမဲ့အဖြစ် ၆လ ဆက်တိုက် ရယူနိုင်မည်ဖြစ်သည်။ LTE cat 6 အထိ ထောက်ပံ့ပေးနိုင်ပြီး ၂၀၁၆ ခုနှစ် အတွက် မျက်နှာပြင် ၅.၅ လက်မရှိသော Samsung Galaxy A7 ဖုန်းအား မကြာမီ တင်သွင်းသွားမည်ဖြစ်ကြောင်းသိရသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com