2/10/2016

♪ “တယ်လီနောမြန်မာမှ ဆင်းကတ်သစ် စတင်ငွေဖြည့်သူများအား လေးလဆက်တိုက် ငွေဖြည့်သည့်ပေါ်မူတည်၍ bonus ပေးမည်” ♫

https://wirelesswire.jp/Global_Trendline/images/201501051830-12.jpg

တယ်လီနောမြန်မာမှ ဆင်းကတ်အသစ်တွင် စတင်ငွေဖြည့်သူများအတွက် လေးလ ဆက်တိုက် ငွေဖြည့်သည့် ပေါ်မူတည်၍ အပိုဆုငွေများ ပေးအပ် သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။ ယခုအရောင်းမြှင့်တင် ရေးအစီအစဉ်မှာ တယ်လီနောကို စတင်သုံးစွဲမည့် customer အသစ်များ အတွက်သာ အကျုံးဝင်မည်ဖြစ်ပြီး ယခင်ကတည်းက ပေးနေသည့် ဆင်းကတ်သစ်အတွက် အပိုဆုများအပေါ် ထပ်ဆင့်ပေးအပ်ခြင်းဖြစ်ပါသည်။

အပိုဆုပေးသည့် အစီအစဉ်အရ ဆင်းကတ်သစ်တွင် ငွေကျပ် ၁၀၀၀ ဦးစွာ ငွေဖြည့်ပါက တစ်လလျှင်အပို ဆောင်းငွေ ကျပ် ၂၀၀ ကို လေးလဆက်တိုက် ရယူနိုင်မည်ဖြစ်သည်။ ကျပ် ၃၀၀၀ ကို စတင်ငွေဖြည့်ပါက တယ်လီနော အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၃၀၊ အင်တာနက်အသုံးပြုခွင့် ၃၀ MB နှင့် တစ်လလျှင် အပိုထပ် ဆောင်းငွေကျပ် ၅၀၀ ကို လေးလဆက်တိုက် အသုံးပြု ခွင့်ပေးထား ပြီး ကျပ် ၅၀၀၀ ငွေဖြည့်ပါက တယ်လီနော အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၆၀၊ အင်တာနက်အသုံးပြုခွင့် ၆၀ MB နှင့် တစ်လလျှင် အပိုထပ်ဆောင်းငွေ ကျပ် ၁၀၀၀ ကို လေးလဆက်တိုက် အသုံးပြုခွင့် ပေးထားပါသည်။ ငွေကျပ် ၁၀၀၀၀ နှင့်အထက် ငွေဖြည့်ပါက တယ်လီနော အချင်းချင်း ဖုန်းခေါ်ဆိုခွင့် မိနစ် ၁၂၀၊ အင်တာနက် အသုံးပြုခွင့် ၁၂၀ MB နှင့် တစ်လလျှင် အပိုထပ်ဆောင်းငွေ ကျပ် ၂၀၀၀ ကို လေးလဆက်တိုက် အသုံးပြုခွင့် ရရှိမည်ဖြစ်သည်။

ပထမဆုံး ဖုန်းငွေဖြည့်ခြင်းအတွက် ထပ်ဆင့်အကျိုးခံစားခွင့်ကို တယ်လီနော အချင်းချင်း ဖုန်းခေါ်ဆိုခွင့်၊ စာတို ပေးပို့ခွင့်နှင့် သုံးသည့်အတိုင်းပေးရမည့် (Pay As You Go) ဒေတာသုံးခြင်းများအတွက် အသုံးပြုနိုင်မည်ဖြစ် သည်။ အခြားအော်ပရေတာဖုန်းများခေါ်ဆိုခြင်း၊ အခြားဖုန်းများသို့ စာတိုပေးပို့ခြင်း နှင့် ဒေတာပက်ကေ့များ ၀ယ်ယူခြင်းများအတွက် သုံးစွဲနိုင်မည်မဟုတ်ပါ။ ဥပမာအားဖြင့် စူပါဇီးကွက် ဒေတာပက်ကေ့အပါအ၀င် အခြား ပက်ကေ့များ ကို ၀ယ်ယူနိုင်မည်မဟုတ်ပေ။စူပါဇီးကွက် အစီအစဉ်သည် ည ၁၁ နာရီမှ မနက် ၇ နာရီအ ချိန်အထိ သုံးစွဲသူများကို တစ်မိနစ်လျှင် တစ်မီဂါ ဘိုက်လျှင် ၁ ကျပ် နှုန်းဖြင့် အသံနှင့် အင်တာနက် ၀န်ဆောင်မှုများပေးနေသည့် အစီအစဉ်ဖြစ်ပြီး ထိုအစီအစဉ်အား ၂၀၁၆ မတ်လ ၃၁ ရက်နေ့အထိ ဆက်လက် ထားရှိသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com