2/02/2016

ဒေါ်လာ ၆၀ နဲ့ ဈေးနှုန်းသက်သာစွာရရှိမဲ့ The Bluboo Xfire 2

xfire
Fingerprint Scanner ရယ် ကိုယ်ထည်ကလည်း သတ္တုကိုယ်ထည်နဲ့ ပြီးတော့ Android Version 5.1 ကို အသုံးပြုထားတဲ့ ဖုန်းတစ်လုံးကို ဈေးနှုန်းသက်သက်သာသာနဲ့ ဆိုရင် လိုချင်သူတွေအများအပြားရှိကြမယ်လို့ထင်ပါတယ်။ ဟုတ်ပါတယ်။ တကယ်လည်း ဈေးနှုန်းက သက်သာပါတယ်။ အခြား စမတ်ဖုန်းတွေ ဒေါ်လာ ရာနဲ့ ချီပြီးပေးနေရတဲ့ အချိန်မှာ ဒေါ်လာ ၆၀ နဲ့ 
 ရတယ်ဆိုတဲ့ ဈေးနှုန်းက အရမ်းကို သက်သာလွန်းလှပါတယ်။
xfire 1
ဒါဟာ တကယ်ကို ကောင်းမွန်တဲ့ ဈေးနှုန်းဖြစ်ပါတယ်။ Xfire2 ရဲ့   မျက်နှာပြင် အကျယ်ဟာ ၅ လက်မ အရွယ်ရှိပြီး HD အမျိုးအစား ဖြစ်ပါတယ်။ Processor အနေနဲ့ MTK6580 နဲ့  Mali 400 GPU ကို အသုံးပြုားပြုထားပြီး Memory အနေနဲ့ internal storage 8GB ကို အသုံးပြုထားပါတယ်။ RAM အမျိုးအစားကတော့ 1GB RAM အမျိုးအစားဖြစ်ပါတယ်။ ဒါ့အပြင် 32GB အထိ ထပ်တိုးအသုံးပြုနိုင်တဲ့ MicroSD card slot လည်းပါဝင်ပါတယ်။ ကင်မရာဟာလည်း ကျောဘက် ကင်မရာက 5MP ရှိပြီး အတွင်းဘက် ကင်မရာကတော့ 2MP ရှိပါတယ်။ LED flash က ကျောဘက် ကင်မရာမှာရော အတွင်းဘက် ကင်မရာမှာပါ ထည့်သွင်းပေးထားခြင်းဟာ X fire 2 ရဲ့  စွဲဆောင်မှုဖြစ်ပါတယ်။ 2150 mAh ဘက်ထရီ အမျိုးအစားကို အသုံးပြုထားခြင်းအပြင် Android Version 5.1 Lollipop  
ကိုအသုံးပြုထားခြင်းဖြစ်တဲ့အတွက်ကြောင့်တန်ဖိုးနည်းမိုဘိုင်းဖုန်းတစ်လုံးလို့ပြောလို့မရအောင်ပြည့်စုံလွန်းနေပါတယ်။
xfire 2
အများ Handset များနည်းတူ 4G LTE Network ကို အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားခြင်းကလည်း Bluboo Xfire2  ရဲ့ အားသာချက်ဖြစ်ပါတယ်။ SimCard ကလည်းနှစ်ကဒ်အသုံးပြုနိုင်အောင်စီစဉ်ပေးထားပါတယ်။ဒါကြောင့်တန်ဖိုးနည်းစမတ်ဖုန်းတစ်လုံးကိုအချက်အလက်ပြည့်ပြည့်စုံစုံနဲ့ကိုင်ချင်သူတွေအတွက်အဆင်ပြေတဲ့မိုဘိုင်းဖုန်းတစ်လုံးဖြစ်ပါတယ်။
Ref: GSM arena
Credit MMAS 
သီဟထိုက်




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download