2/02/2016

စတုတ္ထမြောက်အော်ပရေတာနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပကုမ္ပဏီ ၇ ခုကို ရွေးချယ်




မန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်မည့် စတုတ္ထမြောက် အော်ပရေတာနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြည်ပကုမ္ပဏီ ၇ ခုကို ရွေးချယ်လိုက်ကြောင်း သိရသည်။

ယင်းကုမ္ပဏီ ၇ ခုထဲမှ ကုမ္ပဏီတစ်ခုကို နောက်ဆုံး အပြီးသတ်အဖြစ် ရွေးချယ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။

“ဖေဖော်ဝါရီလထဲလောက် အပြီးသတ် ရွေးချယ်သွားနိုင်မယ်လို့ ထင်ပါတယ်။ ရွေးချယ်ရေးအတွက် ဆောင်ရွက်နေပါတယ်” ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။
ထိုသို့ရွေးချယ်ရေးအတွက် စိစစ်ရွေးချယ်ရေးဆိုင်ရာ အကြံပေးများနှင့် ဆွေးနွေးနေကြောင်း သိရသည်။ ရွေးချယ်ပြီးသော ပြည်ပကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အော်ပရေတာနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည် ဖြစ်သည်။

လက်ရှိရွေးချယ်ထားသောကုမ္ပဏီ ၇ ခုတွင် အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံတို့ မှ ကုမ္ပဏီများ ပါဝင်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားချက်အရ သိရသည်။

 credit internetjournal
သီဟထိုက်
www.thihahtike.com 
 


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download