2/10/2016

♪ “BeeTalk အပလီကေးရှင်း အသုံးပြုသူများအတွက် ချစ်သူများနေ့ အထူးအစီအစဉ် ပြိုင်ပွဲများပြုလုပ်” ♫


မြန်မာဘာသာစကားဖြင့် အပြည့်အ၀အသုံးပြုနိုင်သည့် BeeTalk chatting app မှ လာမည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင်ကျရောက်မည့် ချစ်သူများနေ့အထူးအစီအစဉ်အဖြစ် Valentine Special ပြိုင်ပွဲများ ကျင်းပ ပေးမည်ဖြစ်ကြောင်း သိရသည်။ချစ်သူစုံတွဲများ ပျော်ရွှင်စွာပါဝင် ဆင်နွှဲနိုင် မည့် Valentine Special ပြိုင်ပွဲများကို BeeTalk ၏ Today Photo စာမျက်နှာ၊ ကဗျာချစ်သူများ စာမျက်နှာ၊ ဖက်ရှင်နှင့်အလှအပရေးရာ စာမျက်နှာ၊ အချစ် လွင်ပြင်စာမျက်နှာ၊ ချက်မယ် ပြုတ်မယ် စာမျက်နှာ၊ ထူးခြားဆန်းပြား စာမျက်နှာနှင့် ပရဟိတကွန်ရက် အစရှိသည့် စာမျက် နှာ ၇ ခုတို့တွင် ပြုလုပ်သွားမည် ဖြစ်သည်။

မိမိချစ်သူနှင့်အတူ ဆန်းသစ်သော Idea များဖြင့် ရိုက်ကူးထားသော ဓာတ်ပုံကောင်းများကို Today Photo စာမျက်နှာတွင် လည်းကောင်း၊ လှလှပပဖက်ရှင်ကျကျ ၀တ်စား၍ ရိုက်ကူးထားသော ဓာတ်ပုံများကို ဖက်ရှင်နှင့် အလှအပရေးရာ စာမျက်နှာတွင်လည်းကောင်း၊ ချစ်သူနှင့်အတူကောင်းမှုကုသိုလ်ပြုခဲ့သော အမှတ်တရဓာတ်ပုံ များကို ပရဟိတကွန်ရက် စာမျက်နှာတွင်လည်းကောင်း၊ ချစ်သူအတွက် သို့မဟုတ် နှစ်ဦးစလုံးအတွက် ရေးသားသီကုံးထားသော ကဗျာများကို ကဗျာချစ်သူများ စာမျက်နှာတွင်လည်းကောင်း၊ မိမိချစ်သူနှင့် မိမိတို့၏ ချစ်ခြင်းအမှတ်တရ အဖြစ် ရေးဖွဲ့ထားသောစာများကို အချစ်လွင်ပြင်စာမျက်နှာတွင် လည်းကောင်း၊ ချစ်သူအတွက် ကိုယ်တိုင်ချက်ပြုတ်ထားသော ဓာတ်ပုံနှင့် ဖန်တီးပုံအဆင့်ဆင့်ကို ထူးထူးခြားခြားအဖြစ်အပျက်လေးများရှိပါက ထူးခြား ဆန်းပြား စာမျက်နှာတွင်လည်းကောင်း ၀င်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ကြောင်းသိရသည်။

ပြိုင်ပွဲတစ်ခုချင်းစီမှ အကောင်းဆုံးဆုရရှိသူ (၃) ဦး၊ စုစုပေါင်း (၂၁) ဦးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးကာ ဆုလက်ဆောင် အဖြစ် ၁၀၀၀၀ တန်ဖုန်းငွေဖြည့်ကတ်များပေးအပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်များ အနေဖြင့် ဖေဖော်ဝါရီ ၁၃ ရက်နေ့နောက်ဆုံးထား၍ မိမိယှဉ်ပြိုင်လိုသော ခေါင်းစဉ်နှင့်သက်ဆိုင် သော BeeTalk စာမျက်နှာသို့ message ပေးပို့ ရမည်ဖြစ်သည်။Message ပေးပို့နိုင်ရန်အတွက် မိမိဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်စာမျက်နှာကို follow (လိုက်ကြည့်ရန်) ပြုလုပ်ထားရန် လိုအပ် ပါသည်။ BeeTalk တွင် စာမျက်နှာများ (public account) များကို follow ပြုလုပ်ပုံမှာ အဆက်အသွယ်များ > စာမျက်နှာ များ >+> (BeeTalk ID) > search ဟု ရိုက်နှိပ်ရှာဖွေကာ follow ပြု လုပ်နိုင်ပါသည်။“BeeTalk က ဒီတစ်ခေါက် ချစ်သူများနေ့အတွက်ကိုလည်း ပြိုင်ပွဲလေးတစ်ခုခု လုပ်ပေး ချင်လို့ပါ။

စာမျက်နှာ တွေပေါ်မှာ လုပ်ပေးသလို အပြင်မှာလည်း နေရာစုံ အောင်သွားပြီး BeeTalk အခမဲ့ထည့်ပေးတာတို့၊ ဗလာမပါ ကံစမ်းမဲလေးတွေ ပေးတာလည်း လုပ်နေပါတယ်။ ချစ်သူများနေ့မှာလည်း BeeTalk အဖွဲ့သား တွေ၊ ပြည်သူ့ရင်ပြင်မှာရှိနေကြဦးမှာပါ” ဟု BeeTalk ၏ Marketing Manager ဖြစ်သူ မနန်းမိုက ပြောသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com