2/02/2016

♪ Asus က Intel SoC ပါသော Zenfone 2 Deluxe Special Edition ကို မိတ်ဆက် ♫


Asus က Deluxe Special Edition ဟု အမည်ပေးထားသော Zenfone 2 မူကွဲဖုန်းတစ်လုံးကို ကြေညာလိုက်ပါသည်။ Intel Z3590 SoC အသစ် ထည့်သွင်းထားပါသည်။ အခြား Specification များမှာ Zenfone 2 နှင့် များစွာ ဆင်တူပါသည်။ အနောက် ကာဗာ နှစ်မျိုး ရွေးချယ်နိုင်ပြီး Drift Silver နှင့် Carbon Night တို့ဖြစ်ပါသည်။ ကာဗာနှစ်ခုစလုံးကို အရည်အသွေးမြင့် ပလတ်စတစ်ဖြင့် ပြုလုပ်ထားပြီး ဖြုတ်တပ် လဲလှယ်နိုင်ပါသည်။ Specification အပိုင်းတွင် Zenfone 2 ထက် အနည်းငယ် အားသာပါသည်။

Asus Zenfone 2 Deluxe Special Edition တွင် ၅.၅ လက်မ Full HD IPS LCD Display တပ်ဆင်ထားပါသည်။ 4G LPDDR3 RAM , 128GB Internal Storage ထည့်သွင်းထားပါသည်။ 128GB အထိဝင်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ Auto-Focus ပါသော 13MP Camera ကို အနောက်ဘက်တွင် LED Flash နှစ်လုံးနှင့်အတူ တပ်ဆင်ထားပါသည်။ Toshiba Sensor ဖြစ်ပါသည်။ အရှေ့ဘက်တွင် 5MP Camera တပ်ဆင်ထားပြီး Fixed Focus ကိုသာ အသုံးပြုထားပါသည်။

3000mAh Battery ပါရှိပြီး ၃၉ မိနစ်အတွင်းတွင် ၀ မှ ၆၀ ရာခိုင်နှုန်းအထိ အားသွင်းပေးနိုင်ပါသည်။ Asphalt 8 Airborne ဂိမ်းထည့်သွင်းပေးထားပြီး In-Game Credits ၂၄၀၀၀ ထည့်သွင်းပေးထားပါသည်။ Android Lollipop ကို ပြင်ဆင်ထားသော ZenUI ပါရှိပါသည်။ ရောင်းချမည့် ဈေးနှုန်းနှင့် နေ့ရက်ကို မသိရသေးပါ။


Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com