အမေရိကန်
San Bernardino က ဆေးခန်းတစ်ခုမှာ သေနတ်ပစ်မှု ဖြစ်ပွားခဲ့ပြီး
အမေရိကန်မှာ နာမည်ကြီးခဲ့ပါတယ်။ ယင်း အမှုနဲ့ ပက်သက်ပြီး လူသတ်သမားကို
စုံစမ်းစစ်ဆေးအရေးယူဖို့အတွက် စမတ်ဖုန်းကို လော့ဖြေတဲ့နေရာမှာ FBI
အကြပ်တွေ့ နေပါတယ်။ ယင်း ဖုန်းဟာ Apple က ထုတ်တဲ့ iPhone ဖြစ်ပြီး ဘယ်
မော်ဒယ် ဖြစ်တယ်ဆိုတာကိုတော့ မဖော်ပြထားပါဘူး။
ရေးသားဖော်ပြထားချက်အရဆိုရင်
လော့ဖြေဖို့ ကြိုးစားနေတာ နှစ်လ နီးပါး ရှိသွားပြီ ဖြစ်ပါတယ်။ Apple ရဲ့
Encryption system ကို ဖြေဖို့ ကြိုးစားမှုမှာ Apple ကိုပါ
အကူအညီယူခဲ့ပေမယ့် Apple ကိုယ်တိုင်တောင် မကူညီနိုင်ပါဘူး။ ဒါကြောင့်မို့
Apple အိုင်ဖုန်းတစ်ခု အခန့်မသင့်လို့ လော့ကျသွားရင် ဆုံးရှုံးရဖို့က
များပါတယ်။ Apple ရဲ့ လက်တလောကမှ အဆင့်မြင့်ထားတဲ့ နည်းပညာက iCloud ရဲ့
ပေါက်ကြားရဲ့ အကျိုးဆက် ဖြစ်ပါတယ်။ Apple အနေနဲ့ ၎င်းတို့ရဲ့ ပစ္စည်းများအပေါ်
လုံခြုံရေး ဆိုင်ရာ တိုက်ခိုက်မှုများကို ကာကွယ်ရန်
အဆင့်မြင့်တင်မှုများစွာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် Four
Digit security ကနေ six digit ဖြစ်လာခြင်းတို့ ဖြစ်ပါတယ်။
FBI မှ အတော်ဆုံး ဟက်ကာနဲ့ အင်ဂျင်နီယာများ ဘယ်တော့ Lock ဖြေနိုင်မလဲ ဆိုတာ တစ်ကမ္ဘာလုံးက စောင့်ဆိုင်း ကြည့်ရှုလျက် ရှိကြ ပါတယ်။
.
Ref: theverge
အောင်ခမ်း (MMAS)