2/06/2016

♪ ဈေးနှုန်းနှင့်အရည်အသွေးသင့်တင့်မျှတသော - “AOTO H1” ♫


ဈေးကွက်ထဲတွင် AOTO တံဆိပ်သည် ရောင်းကောင်းသောဖုန်းအမျိုးအစား လည်းဖြစ်ပါသည်။ ဖုန်းဆိုင်ကြီးများတွင် ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သက်တမ်းကြာရှည်နေပြီဖြစ်သောအမှတ်တံဆိပ်တစ်ခု လည်းဖြစ်ပါတယ်။ သုံးစွဲသူတို့အတွက် အဆင်ပြေစေရန် ဖုန်းအမျိုးအစားများစွာကိုလည်း ထိုက်သင့်သောဈေးနှုန်းများဖြင့် ရောင်းချပေးထားပါတယ်။

AOTO ရဲ့ ယခု H1ဟန်းဆက်ဟာထိပ်ဘက်နှင့်အောက်ဘက်ထောင့်များတွင် အ၀ိုက်ပုံစံရှိပါ တယ်။ဖုန်းရဲ့အဓိကကင်မရာကိုအနောက် ဘက်ထောင့်စွန်းတွင် Flash မီးနဲ့ တွဲဖက်၍ တပ်ဆင်ပေးထားပါတယ်။ ဖုန်းကို145.8 x 71.5 x 6.7 mm အရွယ်အစားနဲ့ ထုတ်လုပ်ပေးထားပြီးကိုင်ဆောင်အသုံးပြုဖို့အတွက် အဆင်ပြေပါလိမ့်မယ်။ ဖုန်းရဲ့မျက်နှာပြင်ဟာ5inches အကျယ်အ၀န်းရှိပြီး ကြည်လင်သောပုံရိပ်များကိုပေးစွမ်းနိုင်စေရန် 720 x 1280 Pixels ပမာဏ နဲ့ ထောက်ပံ့ပေးထားပါတယ်။ အသုံးပြုနိုင်မယ့် Network အမျိုးအစား ကတော့ GSM နဲ့ WCDMA ပါ။ ဟန်းဆက်တစ်ခုသည် ဓာတ်ပုံများရိုက်ကူးဖို့ အတွက်လည်းအဆင်ပြေစေတဲ့ပစ္စည်းပါ။

ဒါကြောင့် သက်ဆိုင်ရာ ကုမ္ပဏီများက အဓိကကင်မရာစွမ်းရည်များကို ကောင်းမွန်အောင် ဆောင် ရွက် ပေးကြပါတယ်။ H1ရဲ့ အဓိကကင်မရာသည် 8MP စွမ်းရည်ရှိပါ တယ်။ ဒါကြောင့် ပုံထွက်ကောင်းမယ့် ဟန်းဆက်တစ်လုံး ပါ။ ရှေ့ဘက် ကင်မရာငယ်ကတော့ အပျော်တမ်းအဆင့်ပဲရှိပါတယ်။ 2MP စွမ်းရည်ကို ထောက်ပံ့ပေးနိုင်ပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAMကို1GB ထည့်သွင်းပေး ထားပြီးROM ကို8GB ဖြစ်အောင် ဆောင်ရွက် ပေးထား ပါတယ်။

ထည့်သွင်းပေးထားသောChipset အမျိုးအစားကတော့ MTK 6580A ပါ။ အသုံးပြုနိုင်မယ့် Android အမျိုးအစားကတော့ 5.1 ဖြစ်ပါ တယ်။ အားသွင်းအသုံးပြုရမယ့် ဘက်ထရီအမျိုးအစားသည် 2150mAh ပါ။ ဖုန်းကို အရောင်သုံးရောင် ထုတ်လုပ်ပေးထားပါတယ်။

<Specification>
Network - GSM/ WCDMA
Memory - ROM 8GB
Bluetooth - Yes
Chipset - MTK 6580A
OS - Android OS, v5.1
Battery - 2150 mAh
Contact - 09-450505050
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com