2/20/2016

♪ Android ကော Windows ပါသုံးနိုင်တဲ့ နှစ်မျိုးစပ်တက်ဘလက် Matebook ကို MWC ပွဲမှာ Huawei ပြသသွားဖို့ရှိ ♫


Huawei ကုမ္ပဏီလည်း 2-in-1 ရေစီးကြောင်းထဲ ခုန်ဆင်းလာပါပြီ။
ထွက်တော့မယ်လို့ အချိန်အတော်ကြာသတင်းထွက်ပေါ်နေတဲ့ Huawei Matebook ဟာ ဖေဖော်ဝါရီ ၂၁ ရက်နေ့၊ ဘာစီလိုနာမြို့မှာကျင်းပမယ့် ကမ္ဘာ့မိုဘိုင်းဖုန်းကွန်ဂရက်မှာ စတင်ထွက်ပေါ်လာဖို့ရှိတယ်လို့ သိရပါတယ်။

Huawei Matebook ဟာ Android ကော Windows ပါ သုံးလို့ရတဲ့ လက်ပ်တော့-တက်ဘလက် နှစ်မျိုးစပ် ပစ္စည်းတစ်ခုဖြစ်ပြီး၊ Stylus နဲ့ပါ သုံးလို့ရမယ်လို့ သိရပါတယ်။ ဖြုတ်တပ်လို့ရတဲ့ ကီးဘုတ်လည်းပါရှိပြီး၊ Android ကော Windows OS မှာပါ ဒီကီးဘုတ်ကို အသုံးပြုနိုင်မှာပါ။

Huawei ကုမ္ပဏီ CEO Yu Chengdong ကလည်း သူ့ရဲ့ Weibo စာမျက်နှာမှာ၊ MWC ၂၀၁၆ ပွဲ တက်ရောက်ဖို့ ဖိတ်ကြားလွှာကို တင်ခဲ့ပြီး၊ “ စီးပွားရေးအတွက်စတိုင်သစ်ပစ္စည်းတစ်မျိုး” လို့ စာရေးထိုးခဲ့တာကြောင့် Huawei Matebook ထွက်မယ့်သတင်းတွေက ပိုသေချာလာတာဖြစ်ပါတယ်။

Huawei ကုမ္ပဏီဟာ MWC 2016 ပွဲမှာ Matebook အပြင်၊ Huawei ပရိတ်သတ်တွေ မျှော်လင့်စောင့်စား နေကြတဲ့ P9 ဖုန်းကိုလည်း မိတ်ဆက်သွားဖို့ရှိနေပါတယ်။

စမတ်ဖုန်း၊ နက်ဝေါ့ခ်ဟာ့ဒ်ဝဲပစ္စည်းတွေ ထုတ်နေကြဖြစ်တဲ့ Huawei ကုမ္ပဏီအတွက် နှစ်မျိုးစပ် တက်ဘလက်- လက်ပ်တော့တစ်မျိုးကို စထုတ်လိုက်ခြင်းဟာ ကုမ္ပဏီအတွက် အကြီးမားဆုံးပြောင်းလဲမှုတစ်ခုဖြစ်ပြီး၊ Microsoft ရဲ့ 2-in-1 Surface တက်ဘလက်တွေလိုမျိုး အောင်မြင်မှုရရှိမလားဆိုတာကတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: Tech Radar
Credit to ==> Digital Times

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com