iOS ရော Android ရော နှစ်မျိုးစလုံးအသုံးပြုသူများအတွက် iTunes မှ
သီချင်းများကို Android မှာ နားဆင်ချင်ကြမှာပါ။ ဒါပေမယ့် Android အတွက်
iTunes App မရှိပါဘူး။ အဲဒီအတွက်တော့ စိတ်မပူပါနဲ့။ iTunes မှာ သင်
စုဆောင်းထားတဲ့ သီချင်းများကို Android Smartphone မှာ နားဆင်နိုင်မယ့်
နည်းလမ်းများ ရှိပါတယ်။ အဲဒီ နည်းလမ်းများထဲမှ အကောင်းဆုံး သုံးခုကို
ဖော်ပြပေးလိုက်ပါတယ်။
Google Play Music
-----------------------
Google Play Music က ဒတ်စတော့ရော၊ ဖုန်းကနေပါ နားဆင်နိုင်မယ့် သီချင်းပေါင်း ငါးသောင်းကို Cloud Storage မှာ သိမ်းဆည်းနိုင်အောင် ပံ့ပိုးပေးထားပါတယ်။ အကောင်းဆုံးကတော့ သူဟာ iTunes နဲ့ ချိတ်ဆက်နိုင်ပါတယ်။ ၀န်ဆောင်မှုနှစ်ခုကို ချိတ်ဆက်ဖို့အတွက် သင့်ရဲ့ ကွန်ပြူတာမှာ Google Music Manager သို့မဟုတ် Chrome မှာ Google Play Music ကို အင်စတောလုပ်ရမှာပါ။ ဖုန်းမှာဆိုရင်တော့ Google Play Music App ကို ထည့်သွင်းထားပါ။
Program ကိုဖွင့်ပြီး သင့် Google အကောင့်နဲ့ Login ၀င်ပါ။ သီချင်းများ သိမ်းဆည်းချင်တဲ့ နေရာကို ရွေးပါ။ ( iTunes ကို ရွေးပေးပါ။ ) Google Music Manager က iTunes မှာ ရှိတဲ့ သီချင်းများကို စတင် Upload လုပ်မှာပါ။
ဒတ်စတော့ ဗားရှင်းဟာ သင့်ဖုန်းမှ Google Play Music App နဲ့ အလိုအလျှောက် Sync လုပ်မှာပါ။ ဖုန်းမှ App ကို ဖွင့်ရင် သီချင်းများကို နားဆင်နိုင်ပါတယ်။ iTunes မှ သီချင်းများကို Google Play Music ကနေ နားဆင်ရင်တော့ မိုဘိုင်းဒေတာ သို့မဟုတ် ၀ိုင်ဖိုင် လိုအပ်ပါတယ်။ ဒါပေမယ့် သင့် Device မှာတော့ Storage သက်သာမှာပါ။ Offline နားဆင်ဖို့အတွက် သီချင်းများ၊ Albums များကို Pin လုပ်ထားနိုင်ပါတယ်။
iSyncr
--------
iTunes မှ သီချင်းများကို Android Phone သို့ ကူးပြောင်းဖို့အတွက် Play Store မှာ Apps များစွာ ရှိပါတယ်။ အရိုးရှင်းဆုံးနဲ့ အကောင်းဆုံးကတော့ iSyncr ဖြစ်ပါတယ်။
iSyncr ကို Play Store ကနေ အင်စတောလုပ်ပါ။ ပီစီအတွက် ဒတ်စတော့ App ကို အင်စတောလုပ်ပါ။ သင့်ရဲ့ ဖုန်းကို USB ကြိုးကနေ ကွန်ပြူတာနဲ့ ချိတ်ဆက်ပါ။ iSyncr Desktop App ကိုဖွင့်ပါ။
သင့်ဖုန်းနဲ့ Sync လုပ်ချင်တဲ့ ဖိုင်များကို ရွေးချယ်ဖို့ ၀င်းဒိုးတစ်ခုပေါ်လာမှာပါ။ iTunes ဘေးမှာ အမှန်ခြစ်ပြီး Synchronize ကို နှိပ်ပါ။ ဒါဆိုရင် iTunes မှ သီချင်းများကို ဖုန်းထံ ကူးပြောင်းပေးမှာပါ။
အဲဒီသီချင်းများကို သင်နှစ်သက်ရာ Music Player နဲ့ ဖုန်းမှာ နားဆင်နိုင်ပါတယ်။ iSyncr ကတော့ သူတို့ရဲ့ Rocket Player App ကို အကြံပြုထားပါတယ်။ ၀ိုင်ဖိုင်ကနေလည်း iSyncr မှ တစ်ဆင့် iTunes မှ သီချင်းများကို ဖုန်းထံ ပေးပို့နိုင်ပါတယ်။ တူညီတဲ့ ၀ိုင်ဖိုင် ကွန်ရက်ထဲမှာ ရှိနေဖို့ လိုပါတယ်။
USB
------
iTunes မှ သီချင်းများကို Android Phone မှာ နားဆင်ဖို့အတွက် Third-Party Tools များ မသုံးချင်ရင် USB ကြိုးကို အသုံးပြုပါ။ Windows Explorer ကိုဖွင့်ပါ။ iTunes ဖိုဒါကို ဖွင့်ပါ။ Music Folder ကို ကော်ပီကူးပြီး ဖုန်းထဲထည့်ပါ။ ပြီးရင်တော့ သင်နှစ်သက်တဲ့ Music Player နဲ့ iTunes မှ သီချင်းများကို ဖုန်းမှာ နားဆင်နိုင်ပါပြီ။
Credit to ==> Myanmar Digital Life Journal