2/04/2016

♪ “လက်ရှိအသုံးပြုနေသော အူရီဒူးဆင်းကတ်များတွင် 4G စနစ်ပါဝင်ပြီးဟုဆို” ♫

http://cdn.tekiano.com/wp-content/uploads/2015/05/ooredoo-4g-680x400.jpg

အူရီဒူးမြန်မာဆင်းကတ်လက်ရှိအသုံးပြုနေသူများအနေဖြင့် 4G စနစ်ကို ချက်ချင်းပြောင်းလဲ အသုံးပြုနိုင်ကြောင်း အူရီဒူးမြန်မာမှသတင်းထုတ်ပြန် ပါသည်။ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းအစိုးရမှ ဆက်သွယ်ရေး ကုမ္ပဏီ များ အတွက် 4G/LTE အသုံးပြုခွင့် စတင်ပေးလိုက်စဉ်ကပင် ဈေးကွက် တွင် ရောင်းချခဲ့သည့် အူရီဒူးဆင်းကတ်များ တွင် 4G/LTE အသင့်ထည့်သွင်း ပေးခဲ့ခြင်းဖြစ်သည်။

အူရီဒူးဝန်ဆောင်မှုစတင်သည့် ၂၀၁၄ ခုနှစ်၊ သြဂုတ်လ တွင် အူရီဒူးမြန်မာအနေဖြင့်နောက်ဆုံးပေါ် 3G နည်းပညာကို သုံးစွဲထား ရုံမက နိုင်ငံတော်အစိုးရမှ 4G အသုံးပြုခွင့်ပေးလိုက်ပါက အူရီဒူးသုံးစွဲသူ တို့အနေဖြင့် မြန်မြန်ဆန်ဆန်နှင့် အလွယ်တကူပြောင်းသုံးနိုင်မည် ဖြစ်ကြောင်း ကိုလည်း ထုတ်ပြန်ကြေညာထားပါသည်။

အူရီဒူးမြန်မာ၏ အမှုဆောင်အရာရှိချုပ် Rene Meza က “အူရီဒူးရဲ့ ၆ သန်းကျော်သော သုံးစွဲသူအားလုံးဟာ 4G ကို အသုံးပြုဖို့အဆင်သင့်ဖြစ်နေပါပြီ။ အူရီဒူးက ဖြန့်ချိရောင်းချနေတဲ့ ဆင်းကတ်များဟာလည်း 4G အသုံးပြုဖို့အသင့် အနေအထားမှာရှိနေပါတယ်။ ဆင်းကတ်အသစ်လဲလှယ်အသုံးပြုဖို့ မလိုတဲ့ အတွက် ကျွန်တော်တို့အရောင်းဆိုင်တွေမှာ ဆင်းကတ်လဲဖို့တန်းအရှည်ကြီး စီပြီးစောင့်ဆိုင်းရတဲ့ကရိကထတွေ လည်း မရှိတော့ဘူးပေါ့။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက 4G အတွက် မိုဘိုင်းဆက်သွယ်ရေး ရေဒီယိုလိုင်းချ ပေးလိုက်တာနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ကတော့ နည်းပညာအားဖြင့် 4G အတွက် အဆင်သင့်ဖြစ်နေပါပြီ” ဟု ပြောသည်။

ရဲလင်းလင်းသန်း
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com