1/08/2016

♪ “Windows 10 ထည့်သွင်းထားတဲ့ Alcatel One Touch Fierce XL ကို ရောင်းမည်” ♫


Android မောင်းနှင်တဲ့ Alcatel One Touch Fierce XL ကို T-Mobile နဲ့ MetroPCSတို့ကကြေညာပြီးဖြစ်ပေမယ့် Windows 10 Version ကိုတော့ စောင့်စားနေရတုန်းပါပဲ။ ယခုတော့ Windows 10 Version ကို ဖြန့်ချိ တော့မယ်လို့ T-Mobile က ကြေညာတော့မယ်လို့ သတင်းထွက်နေပါတယ်။

T-Mobile ရဲ့ Windows 10 Mobile မောင်းနှင်တဲ့ ပထမဆုံးစမတ်ဖုန်း လည်းဖြစ်ပါတယ်။ စိမ်းပြာရောင် ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်။ Alcatel One Touch Fierce XL ရဲ့ Windows 10 Version မှာ ၅.၅ လက်မ 720p Display တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8 Megapixel Camera နဲ့ အရှေ့ဘက်မှာ 2 Megapixel Camera တပ်ဆင်ထားပါတယ်။

16GB Internal Storage ထည့်သွင်းပေးထားပါတယ်။ VoLTE, WiFi Calling တို့ကိုထောက်ပံ့ပေးပါတယ်။ 2500mAh Battery ကိုအသေတပ်ဆင် ပေးထား ပါတယ်။ One Touch Fierce XL ဟာစွမ်းဆောင်ရည် သင့် စမတ်ဖုန်းတွေထက် အနည်းငယ် နိမ့်ကျနေပါတယ်။

T-Mobile ကနေ လာမယ့် ရက်သတ္တပတ်အတွင်းမှာရောင်းချမယ်လို့ မျှော်လင့်ရပါတယ်။ စာချုပ် မပါဘဲဒေါ်လာတစ်ရာလောက်နဲ့ ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ T-Mobile ဟာ Windows 10 Mobile အသုံးပြုနည်းကိုအပြည့်အစုံဖော်ပြပေးထားတဲ့ အတွက် Fierce XL ဟာ T-Mobile ကနေရောင်းချမယ့် Windows 10 Devices များထဲမှ ပထမဆုံးအလုံးဖြစ်နိုင်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com