1/08/2016

♪ အကောင်းဆုံးသံစဉ်တွေအတွက်MediaPad M2 10 Tablet ကိုHuawei မှမိတ်ဆက် ♫


အမေရိကန် နိုင်ငံ Las Vegas မြို့မှာကျင်းပနေဆဲဖြစ်သော CES 2016 တွင် တရုတ်နည်းပညာကုမ္ပဏီကြီး Huawei မှ MediaPad M2 tablet ကိုမိတ်ဆက်ပြသပေးခဲ့သည်။ အဆိုပါ Tablet ကိုအသံပိုင်း အကောင်းဆုံးဖြစ်အောင်ဖန်တီးထားပြီး Speaker System နှင့် Audio ပိုင်းကို Harman /Kardon မှထောက်ပံပေးထားသည်။ Harman/ Kardon စတူဒီယိုအသံပိုင်းဆိုင်ရာပစ္စည်းများထုတ်လုပ်သော ကုမ္ပဏီကြီးဖြစ်ပြီး နာမည်ကျော် JBL ,AKG နှင့် Infinity စသောအသံပိုင်းဆိုင်ရာနှင့်Speaker ပစ္စည်းများရောင်းချသောကုမ္ပဏီများ၏မိခင်ကုမ္ပဏီကြီးဖြစ်သည်။

MediaPad M2 10ရဲ့ထောင့်လေးထောင့်မှာ Harman /Kardon Speaker များတပ်ဆင်ထား တာကြောင့်အသံစနစ်မှာအခြား Tablet များထက်ပိုမိုကောင်းမွန်မှာဖြစ်ပါတယ်။ MediaPad M2 10 သည်မျက်နှာပြင်အကျယ် ၁၀.၁ လက်မ ရှိပြီး 1200×1920 (224 ppi) resolution မျက်နှာပြင်အရည်အသွေးရှိသည်။ Huawei ရဲ့ ကိုယ်ပိုင် Chip Hisilicon Kirin 930 Octa core တပ်ဆင်ထားပြီး RAM နှင့် Memory နှစ်မျိုးခွဲခြားထုတ်လုပ်ထားသည်။ RAM 2 GB & Memory 16 GB နှင့် RAM 3 GB & 64 GB တို့ဖြစ်ကြသည်။MicroSD 128 GB ထိတိုးမြှင့်အသုံးပြုနိုင်သေးသည်။ RAM 3GB Premium Version တွင် M-Pen ဟုခေါ်ဆိုသော Digital Stylus pen ပါဝင်မည်ဖြစ်သည်။

ကင်မရာ စနစ်တွင်လည်းအကောင်းဆုံးဖြစ်အောင် ပင်မ ကင်မရာ ကို 13 MP နှင့် Secondary ကင်မရာကို 5MP တပ်ဆင်ထားတာကြောင့်ဓာတ်ပုံရိုက်ဝါသနာရှင်တွေအကြိုက်တွေ့မှာမလွဲပါဘူး။ ထပ်မံပြီး Home Key မှာ Fingerprint Security System တပ်ဆင်ထားတာကြောင့်လုံခြုံစိတ်ချပြီး စတိုင်ကျတဲ့ tablet တစ်လုံးဖြစ်မှာအသေအချာပင်ဖြစ်သည်။ ဘက်ထရီကို 6660 mAh တပ်ဆင်ထားပြီး ဈေးနှုန်းများမှာ

16 GB & Wifi =$349
16GB & LTE =$ 399
64 GB & Wi-Fi=$ 419
64GB &LTE =$ 469
ဟုအသီးသီးသတ်မှတ်ထားသည်။

Credit to ==> Phone News Up To Date


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com