1/08/2016

♪ “မြောက်အမေရိကတွင် ၄၅ ရက်အတွင်း LG V10 အလုံးရေ ၄၅၀,၀၀၀ ရောင်းချရ” ♫


LG က စတင်ရောင်းချတဲ့ ရက်ကနေ ၄၅ ရက်အတွင်းမြောက်အမေရိကမှာ LG V10 စမတ်ဖုန်းအလုံးရေ ၄၅၀,၀၀၀ ရောင်းချရတယ်လို့ ကြေညာပါ တယ်။ အဲဒီအတွက် မြောက်အမေရိကမှာတစ်ရက်လျှင် LG V10 အလုံး ရေတစ်သောင်းပျမ်းမျှအားဖြင့် ရောင်းချခဲ့ရတာဖြစ်ပါတယ်။

LG က V10 ရဲ့ အောင်မြင်မှုအတွက် ဂုဏ်ယူနေပါတယ်။ LG ရဲ့ မျက်နှာပြင်အရွယ် ၅.၇ လက်မနဲ့ အထက်ဖုန်းများဟာအမေရိကန်ဈေးကွက်မှာ နိုဝင်ဘာလ အတွင်း ၂၆.၇ ရာခိုင်နှုန်းကနေ ၃၅.၇ ရာခိုင်နှုန်းအထိတိုးတက်လာတာကို တွေ့ရ ပါတယ်။ ဒါဟာ V10 ကြောင့် ဖြစ်ပါတယ်။ LG V10 ဟာအမေရိကန် လူငယ် တွေကြားမှာအထူးသဖြင့် ရေပန်းစားလူကြိုက်များနေတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် လည်ပင်းမှာ ကြိုးဖြင့် ဖုန်းကိုချိတ်ဆွဲအလုပ်လုပ်ကြရတဲ့ အလုပ်သမားများကလည်း LG V10 ကို နှစ်ခြိုက်ကြတယ်လို့ ပြောပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com