1/07/2016

♪ Samsung က Laptop/Tablet နှစ်မျိုးသုံး Galaxy TabPro S ကို ပြသ ♫


Samsung က Windows OS ထည့်သွင်းထားသော Laptop/Tablet နှစ်မျိုးသုံး Galaxy TabPro S ကို CES တွင် ပြသလိုက်ပါသည်။ Samsung ၏ Galaxy အမည်ပါသော ပထမဆုံး Windows Tablet ဖြစ်ပါသည်။ TabPro တွင် ဖြုတ်၊ တပ်နိုင်သော ကီးဘုတ်နှင့် ဒစ်ဂျစ်တယ် ကညစ်တံ ပါရှိပါသည်။

Microsoft Surface Pro 4 ထက် ပါးလွှာ၊ ပေါ့ပါးပါသည်။ သို့သော် Surface Pro 4 ထက် Ports များနည်းပါးပါသည်။ တစ်ခုတည်းသော USB Type C Port အတွက် HDMI, USB Type A, USB Type C Ports များကို တိုးချဲ့အသုံးပြုနိုင်ရန် Samsung က Port Hub ကို ထုတ်လုပ်ပေးမည်ဖြစ်သည်။

Galaxy TabPro S တွင် ၁၂ လက်မ 2160x1440p Super AMOLED Display တပ်ဆင်ထားပါသည်။ ဘက်ထရီ သက်တမ်းမှာ ၁၀.၅ နာရီ အသုံးခံသည်ဟု ကုမ္ပဏီက ပြောပါသည်။ တက်ဘလက်တွင် Fingerprint Scanner မပါသော်လည်း ဖုန်းမှ Scanner ဖြင့် တက်ဘလက်တွင် Login လုပ်နိုင်ပါသည်။ 


Intel Core M Processor, 4GB RAM, 128GB or 256GB Storage , GPS, NFC များပါရှိပါသည်။ WiFi နှင့် LTE Versions များ ထုတ်လုပ်ပေးထားပြီး ဖေဖော်ဝါရီလတွင် ရောင်းချမည်ဖြစ်သည်။ ဈေးနှုန်းကို Samsung က မကြေညာသေးပါ။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com