1/07/2016

♪ "Huawei G7 Plus" အကြောင်းအသေးစိတ်လေ့လာချင်သူများအတွက် ♫


Huawei G7 Plus တွင် အသုံးပြုရလွယ်ကူပြီး တစ်ချက်တည်း ထိတွေ့ရုံနဲ့ အလုပ်လုပ်နိုင်မည့် Fingerprint ကို ထည့်သွင်းပေးထားပါသည်။ ထို Fingerprint ကို ခြောက်သွေ့နေသည့်လက် အပြင် ရေစိုနေသည့် လက်ဖြင့်ပါ အသုံးပြုနိုင်မည်ဖြစ်ပြီး ဖုန်းကိုလော့ခ်ဖြုတ်ရန်အတွက် ၀.၅ စက္ကန့်သာကြာမြင့်မည်ဖြစ်ပါသည်။

Huawei G7 Plus ၏ Fingerprint ကို အရင် Mate 7 ထက်အဆင့်မြှင့်တင်ထားပြီး တိကျမှု ၉၄% Mate 7 ထက် နှစ်ဆ ရရှိမည်ဖြစ်ပါသည်။ မှတ်ထားသောလက်ဗွေရာကို တိကျစွာ မှတ်သား ထားပေးနိုင်သည့် အပြင် လက်ဗွေအနည်းငယ် တိမ်းစောင်းမှုကိုပါ လက်ခံပေးနိုင်မည်ဖြစ်သည်။ သုံးစွဲသူများ အနေဖြင့် Fingerprint ကိုအပေါ်အောက်လက်လှုပ်ရှားရုံဖြင့် ဖုန်းကိုလော့ခ်ဖွင့်စရာမလိုဘဲ Notification များကို ကြည့်ရှုနိုင်မည် ဖြစ်သည်။

ထို့အပြင် လက်တစ်ဖက်တည်းဖြင့် Fingerprint ကို အသုံးပြုပြီး ဖုန်းဖြေဆိုနိုင်ခြင်း၊ ဓာတ်ပုံရိုက်နိုင်ခြင်း၊ Alarm ပိတ် နိုင်ခြင်းများကို ပြုလုပ်နိုင် မည်ဖြစ်သည်။ သုံးစွဲသူများ၏ကိုယ်ပိုင်အချက်အလက်များကို လုံခြုံစွာ သိမ်းဆည်းနိုင်ရေးအတွက် TEE လုံခြုံရေးစနစ်နှင့် Fingerprint ကိုသီးသန့် Chipset တစ်ခုတွင် သိမ်းဆည်းထားပေးပါတယ်။

Huawei G7 Plus တွင် ၅.၅ လက်မ 1920×1080 Full HD မျက်နှာပြင်နှင့် Screen-to-body ratio (မျက်နှာပြင်၊ ကိုယ်ထည်အချိုး) 76% ပါဝင်ပါသည်။ G7 Plus ၏ မျက်နှာပြင်သည် အခြား Full HD ပါဝင်သော စမတ်ဖုန်းများ၏ မျက်နှာပြင်များထက် ၈၅% အရောင်ပိုမိုစိုခြင်း၊ တောက်ပခြင်း၊ သဘာဝကျသော အရောင်ကို ပိုမိုထောက်ပံ့ပေးနိုင်ခြင်းတို့အပြင် အနီရောင်နှင့် အစိမ်းရောင်တို့ကို ပိုမိုတောက်ပအောင် စွမ်းဆောင်ပေးနိုင်မည်ဖြစ်သည်။

သာလွန်ကောင်းမွန်သော မြင်ကွင်းများရရှိနိုင်ရန်အတွက် အစင်းရာများဖြစ်ပေါ်ခြင်းကို ကာကွယ်ပေးနိုင် ပြီး ကောင်းမွန်သော ဓာတ်ပုံအရည်အသွေးများ ရရှိအောင် ထောက်ပံ့ပေးနိုင်သော နီလာဖြင့်ပြုလုပ် ထားသည့် မှန်ဘီလူးကင်မရာတို့ ထည့်သွင်း ဖန်တီးထားသည်။ ကောင်းမွန်သော အသံစနစ်ရရှိစေရန် စပီကာ ၆ လုံးကို ဖုန်း၏ အနောက် ဘက်ထက် အောက်ခြေတွင် စနစ်တကျ ထည့်သွင်းထားသည်။ ဤသို့စပီကာကိုဖုန်းအောက်ခြေတွင် ထည့်သွင်းပေးထားခြင်းဖြင့် ဖုန်းကိုအလျားလိုက်ချထားသော်လည်း တုန်ခါခြင်းမရှိဘဲကောင်းမွန်သော အသံစနစ်ကိုရရှိမည်ဖြစ်သည်။

အင်ဂျင်နီယာများက ၉၀% သတ္တုကိုယ်ထည်၊ ခိုင်မာတောင့်တင်းသော ကိုယ်ထည်တို့ဖြင့်ဖန်တီးထားသည်။ ဖုန်း၏အပြင်ဘက်အခွံကို သိမ်မွေ့စွာ တည်ဆောက်ထားသော အဖုံးရရှိစေရန်အတွက် အကောင်းဆုံး သဲမှုန်လေးများ၊ ကြွေထည်လေးများဖြင့်အဆင့်ဆင့်လုပ်ဆောင် ဖန်တီးထားသည်။ Huawei G7 Plus ၏ လှပသော ဒီဇိုင်းတစ်ခုဖြစ်လာစေရန်အတွက် ထုတ်လုပ်မှုကြာချိန် (၃၈၉) မိနစ်၊ ထုတ်လုပ်မှုအဆင့်ပေါင်း (၁၃၃) ဆင့်နှင့်အနားသတ်များကို ကွန်ပျူတာဖြင့် အနုစိတ်ပုံဖော်ခြင်းကို အကြိမ် (၈၀၀၀၀) တိတိဖြင့် အနုစိတ်ဖန်တီးထားခြင်းဖြစ်ပါသည်။

G7 Plus တွင် ပရော်ဖက်ရှင်နယ်ဒစ်ဂျစ်တယ် SLRs ကင်မရာများတွင်သာတွေ့ရလေ့ရှိ သည့် shutter speed f 2.0, လက်တုန်ခါမှုကိုထိန်းချုပ်နိုင်ပြီး RGBW ထောက်ပံ့ပေးထားသည့် 28mm အကျယ် BSI မှန်ဘီလူး ကို တပ်ဆင်ထားသော 13MP အနောက် ကင်မရာဖြင့်ဖန်တီးထားပါသည်။ အလင်းအားနည်း (low-light) ၊ အလင်းအားများ (high-light) နှင့် အလင်းကွဲလွဲချက်များ (high-contrast) စသည့် အခြေအနေများတွင် ရိုက်ကူးသော်လည်း ကြည်လင်ပြီး ရွှန်းလဲ့သော ဓာတ်ပုံများရရှိစေရန် Huawei G7 Plus မှ ထောက်ပံ့ပေးနိုင်မည်ဖြစ်ပါသည်။

Huawei G7 Plus ၏ RGBW Sensor က အလင်းကွဲလွဲချက်များနေသည့် အခြေအနေ (high-contrast) တွင်တောက်ပမှု ၃၂% ပေးနိုင်ပြီဖြစ်ပြီး အလင်းအားနည်း နေသည့် အခြေအနေ (low-light) တွင် ၇၈% တိုးမြှင့် ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။ 1.2 degree ပုံရိပ်ငြိမ်သက်စေမှု နည်း ပညာက ဓာတ်ပုံရိုက်သည့်အခါတွင် လက်မငြိမ် သက်ခြင်း ကြောင့် ဖြစ်ပေါ်လာမည့် ပုံရိပ်ေ၀၀ါးမှုများကို ဖယ်ရှားနိုင်ပြီးအရည် အသွေးမြင့် ပုံရိပ်များရရှိနိုင်မည်ဖြစ်ပါသည်။ G7 Plus တွင် makeup effects နှင့်အသားအရေအရောင် ညှိနိုင်ခြင်း၊ ပြုပြင် နိုင်ခြင်းများကြောင့် မိတ်ကပ်လိမ်းစရာမလိုဘဲသဘာဝဆန်စွာ လှပသော ပုံထွက်များ ရရှိနိုင်မည်ဖြစ်ပါသည်။

ထို့ပြင် Huawei G7 Plus ၏ Perfect Selfie ကမိမိပုံကို မှတ်သားထားပေးနိုင်မည်ဖြစ်ပြီး beautifying effects က အလိုအလျောက် ပြုပြင်ပေးမည် ဖြစ်ပါသည်။ အလင်းရောင် အားနည်းနေသည့်အချိန် တွင်ဖြစ်စေ၊ မိမိရိုက်ယူလိုသောပစ္စည်းသည် အရောင်မှေးမှိန်နေသည့် အချိန်တွင်ဖြစ်စေ၊ နောက်ခံ Background အရောင်မှေးမှိန်နေသည့် အချိန်တွင်ဖြစ်စေ ဓာတ်ပုံရိုက်ယူသည့်အခါ အလင်းရောင် အလိုအလျောက်ညှိ၍ ပုံပေါင်းများစွာရိုက်ယူထားပြီး အကောင်းဆုံးပုံ တစ်ပုံကိုထုတ်ပေးမည်ဖြစ်သည်။

Gorilla Glass ဖုံးအုပ် ထားသော အဆိုပါဖုန်းတွင် RAM သည် 3GB ဖြစ်ပြီး Internal Storage သည် 32GB ပါရှိပါတယ်။ CPU အမျိုးအစားမှာ Quad-Core 1.5 GHz Cortex-A53 & Quad-Core 1.2 GHz Cortex-A53 ဖြစ်ပါတယ်။ Huawei G7Plus တွင်သိပ်သည်းဆ 600Wh/L ပါဝင်သည့် 3,000 mAh ဘက်ထရီကို ထည့်သွင်းပေးထားပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com