1/07/2016

♪ စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းသင့်တင့်သော Tablet - "KENBO N21" ♫


နည်းပညာပစ္စည်းများ ထုတ်လုပ်ရောင်းချသည့် ကုမ္ပဏီအများစုဟာ အမျိုးစုံသော ပစ္စည်းတွေကို တီထွင် ထုတ်လုပ်ရောင်းချကြပါတယ်။ ဟန်းဆက်တစ်မျိုးတည်းကိုသာ အားပြုခြင်းမဟုတ်ဘဲ တက်ဘလက်၊ Power bank နှင့် အခြား Accessories များကိုလည်း ထုတ်လုပ်ရောင်းချကြပါတယ်။ KENBO အမှတ်တံဆိပ်သည် လည်း လူကြိုက်များသည့် စမတ်ဖုန်း များကို ရောင်းချသည့်အပြင် တက်ဘလက် အမျိုးအစားတစ်ခုကိုလည်း ထုတ်လုပ်ရောင်းချပေးထားပါတယ်။

တက်ဘလက်ရဲ့ မျက်နှာပြင်အရွယ်အစားပမာဏကတော့ 7.9 inches ရှိပြီး၊ ကြီးမားသော Screen ကို အသုံးပြု၍ ဗီဒီယိုများကြည့်ရှုတဲ့ အခါ ကောင်းမွန်သည့် ခံစားမှုရသများကို ပိုင်ဆိုင်နိုင်ပါလိမ့် မယ်။ ဂိမ်းများကို ဆော့ကစားတဲ့အချိန်မှာလည်း စိတ်ကျေနပ်မှုကိုရရှိစေပါလိမ့်မယ်။ အင်တာနက် အသုံးပြုတဲ့ အခါတွင်လည်း မျက်နှာပြင်ကျယ်ခြင်းကြောင့် ပိုမိုအဆင်ပြေစေနိုင်ပြီး၊ ခရီးသွားတဲ့အခါ သယ်ဆောင်သွားဖို့ အတွက်လည်း ပေါ့ပါးပါတယ်။

GPS နှင့် Google Map တွေက ခရီးသွားတဲ့အခါ ပိုမို အဆင်ပြေစေဖို့ ထောက်ပံ့ပေး ပါလိမ့်မယ်။ CPU ရဲ့ စွမ်းရည်ကတော့ Octa Core 1.7 GHz ဖြစ်ပြီး၊ GPU ကတော့ Mali 450 MP2 ပါ။ ဒီအတွက်ကြောင့် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်များကို ပေးစွမ်းမယ့် တက်ဘလက်ဖြစ်ပါတယ်။ တပ်ဆင်ပေးထားသော ကင်မရာနှစ်မျိုးနှစ်စားဟာ ပုံရိပ်တွေကို အကောင်းမွန်ဆုံး ရိုက်ကူးနိုင်ဖို့အတွက် အဆင်ပြေစေပါ လိမ့်မယ်။

အဓိက ကင်မရာသည် 8MP စွမ်းရည်ရှိပြီး၊ ရှေ့ ကင်မရာငယ်ကတော့ 5MP စွမ်းရည် ပါ။ ဗီဒီယိုရိုက်ကူးတဲ့အခါ 1080p HD အရည်အသွေးကို ရရှိပါလိမ့်မယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM ကို 2GB နှင့် internal storage ကို 16GB ထည့်သွင်းပေးထားပါတယ်။

သုံးစွဲနိုင်မယ့် OS အမျိုးအစားကတော့ Android Version KitKat ပါ။
အားသွင်းအသုံးပြုဖို့အတွက် ထည့်သွင်းပေးထားသော ဘက်ထရီသည် 4000mAh စွမ်းရည်ရှိပြီး၊ အသုံးပြုသူအတွက် အချိန်ကြာမြင့်စွာ သုံးစွဲနိုင်ဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

Network - GSM/WCDMA
Screen - 7.9 inches
CPU - Octa Core 1.7 GHz
OS - Android OS,v4.4
Memory - 16 GB
Bluetooth - Yes
Contact - 09-258451418

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com