1/18/2016

♪ သီချင်းစာသားများကို ပြသပေးမယ့် Musixmatch- Lyrics & Music ♫


Google ရဲ့ ၂၀၁၅ ခုနှစ်ထုတ် အကောင်းဆုံး Android App များထဲမှာ ရွေးချယ်ခြင်းခံရတဲ့ တစ်ခုက Musixmatch ဖြစ်ပါတယ်။ Musixmatch ဟာ သင့်ဖုန်းမှာ ဖွင့်ထားတဲ့ သီချင်းရဲ့ စာသားကို Sync လုပ်ပြီး အချိန်ကိုက် ဖော်ပြပေးနိုင်ရုံသာမကဘဲ YouTube, Spotify , Google Play Music စတာတွေကနေ သီချင်းနားထောင်ရင်လည်း စာသားကို Floating Lyrics အနေနဲ့ ပြသပေးနိုင်တာက ထူးခြားပါတယ်။ နောက်ထပ် ထူးခြားတာက သင့်ဖုန်းမှ မဟုတ်ဘဲ အနားမှာ ဖွင့်ထားတဲ့ သီချင်းများကိုလည်း App က ခွဲခြမ်းစိတ်ဖြာနိုင်ပြီး သီချင်းစာသားကို ဖုန်းမှာ ပြသပေးနိုင်ပါတယ်။ Music Player များမှာ ပါတဲ့ Sleep Timer , Equalizer လည်းပါရှိပါတယ်။ 


Musixmatch ကို အင်စတောလုပ်ပြီးရင် သူ့ရဲ့ စွမ်းရည်များကို ပြသပေးမှာပါ။ Next ကို နှိပ်ပြီးဖတ်ပါ။ ပြီးရင်တော့ Facebook , Google Plus နဲ့ Signup လုပ်နိုင်သလို အီးမေးဖြင့်လည်း Signup လုပ်နိုင်ပါတယ်။ Musixmatch ရဲ့ Home Screen မှ My Music မှာ သင့်ဖုန်းမှ သီချင်းများကို ပြသပေးထားပါတယ်။ နိုင်ငံခြား သီချင်းတစ်ပုဒ်ကို နှိပ်ပါ။ ( မြန်မာသီချင်းစာသားများကို မဖော်ပြပေးနိုင်ပါ။ )


ဒါဆိုရင် သီချင်းစာသားများကို အသံနဲ့ လိုက်ဖက်အောင် ပြသပေးမှာပါ။
စာသားအပေါ်ကို နှစ်ချက်နှိပ်ရင်တော့ သီချင်းတစ်ပုဒ်လုံးရဲ့ စာသားကို ပြသပေးပါတယ်။ မူလ Mode ကို ပြန်ပြောင်းဖို့ စာသားတစ်ခုကို နှစ်ချက်နှိပ်ပါ။

စာသားပြသပေးတဲ့ စကရင်ရဲ့ ညာဘက်အောက်မှ အစက်သုံးစက်ကို နှိပ်ပါ။ Edit Lyrics ကနေ စာသားများကို ပြင်နိုင်သလို စာသားပြတာဟာ အသံနဲ့ မကိုက်ရင် Sync Lyrics ကို နှိပ်ပါ။ အသစ်ပါလာတဲ့ Create LyricsCard ကို နှိပ်ပါ။


Quote ကို နှိပ်ပြီး အဲဒီသီချင်းမှ နှစ်သက်ရာ စာသား အချို့ကို ရွေးချယ်ပါ။ Images ကို နှိပ်ရင် ဓါတ်ပုံများကို ပြသပေးမှာဖြစ်ပြီး နှစ်သက်ရာကိုထည့်သွင်းနိုင်ပါတယ်။ ဖောင့်အမျိုးအစားကိုလည်း ရွေးချယ်နိုင် ပါတယ်။ Lyric Card လုပ်ပြီးရင် ညာဘက်အပေါ်ထိပ်မှ Share Icon ကိုနှိပ်ပြီး လူမှုကွန်ရက်များနဲ့ Messenger များကနေ မျှဝေနိုင်ပါတယ်။

သီချင်းစာသားများ ပြသပေးနေတဲ့ စကရင်ရဲ့ ညာဘက်ထိပ်မှ အိုင်ကွန်ကို နှိပ်ရင် Now Playing Screen ကိုရောက်ရှိမှာပါ။ အဲဒီမှာ လက်ရှိဖွင့်ထားတဲ့ သီချင်းကို တွေ့နိုင်ပါတယ်။ အခြားသီချင်းများကို လည်း ပြောင်းလဲနားဆင်နိုင်ပါတယ်။

Main Screen ရဲ့ Tap to identify music အထက်မှ ခလုတ်ကို နှိပ်ရင် အနားမှာ ဖွင့်ထားတဲ့ သီချင်းကို ထောက်လှမ်းမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ အဲဒီသီချင်းရဲ့ စာသားများကို ဖုန်းမှာ အချိန်ကိုက်ပြသပေးမှာဖြစ်ပါတယ်။

သူ့ရဲ့ နောက်ထပ်ကောင်းမွန်တဲ့ စွမ်းဆောင်ချက်က YouTube, Spotify , Google Play Music တို့လို အခြား App များကနေ သီချင်းနားထောင်နေရင်လည်း Floating Lyric ဖြင့် စာသားများကို ပြသပေးနိုင်တာဖြစ်ပါတယ်။ Musixmatch ဟာ ယခုနှစ်ရဲ့ အကောင်းဆုံး Android App စာရင်းထဲမှာ ပါဝင်နေတာ မအံ့သြမိပါဘူး။ သီချင်းချစ်သူတိုင်း ဆောင်ထားသင့်ပြီး အောက်ပါလင့်မှာ ရယူနိုင်ပါတယ်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com