1/21/2016

♪ အမြင့်ဆုံး Level အထိမတတ်မြောက်ပါက သင်တန်း ကြေး၏ ၂ဆ ငွေပြန်အမ်းပေးမည့် Mobile Phone ပြုပြင်ရေးသင်တန်းများဖွင့်လှစ်မည် ♫


စာတွေ့ ပိုင်းထက်လက်တွေ့ ပိုင်းကို ပိုမိုဦးစားပေးသင်ကြားပေးလျှက်ရှိ သည့်ဖုန်းပြုပြင်နည်း သင်တန်းကျောင်းတစ်ခုဖြစ်သည့် Today‘s Mobile သင်တန်းကျောင်းမှတန်းခွဲသစ်များဖွင့်လှစ် သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါသင်တန်းသည် Hardware Course ပိုင်းနှင့် Software Course ဟူ ၍ သင်ကြားပေးလျှက်ရှိပြီး Hardware Course ပိုင်းတွင် စာတွေ့ 30% လက်တွေ့ 70 % ဖြင့်သင်ကြား ပေးမည်ဖြစ်သည်။ Software Course ပိုင်းတွင် စာတွေ့ ပိုင်းတွင် 40%လက်တွေ့ ပိုင်းတွင် 60% ဖြင့် သင်ကြားပေးသွားမည် ဟုသိရသည်။ Hardware Course ပိုင်းတွင် Electronic အခြေခံနှင့် Circuit ပေါ်ရှိအစိတ်အပိုင်းများ၏ အလုပ်လုပ်ပုံ အဆင့်ဆင့်၊ Service Tools များ၏ အသုံးပြုပုံ နည်းစနစ်များ၊ Digital Meter,Multi-meter,Power Supply, တို့ အားအသုံးပြု၍ PCB ပေါ်ရှိ Components များအား တိုင်းတာနည်းများ၊ Mobile Phone Diagram,PCB တို့ ကိုတွဲဖက်၍ ပြစ်ချက် ရှာဖွေလေ့လာနည်းများ၊ Power Dead, Charging,Backlight,Network and WiFi Section များအတွက် ပြစ်ချက်ရှာဖွေနည်း နှင့်ပြုပြင်နည်းများ၊ Jumper စနစ်ဖြင့် ကောင်းမွန်အောင်ပြုလုပ်ခြင်းနည်းများ၊BAG IC ခြေထောက် ငုတ်ဖော်ပေးခြင်း ၊ IC အောက်ခြေများခဲရှင်းခြင်း၊IC များစနစ်တကျပြန်လည်တပ်ဆင်နည်းများကို သင်ကြားပေးမည်ဖြစ်ပြီး Software Course ပိုင်းတွင်လည်း Computer အခြေခံနှင့်အင်တာနက် အသုံးပြုရှာဖွေနည်းများ၊ ဖုန်းတစ်လုံး၏ အခြေခံလုပ်ဆောင်ချက်များ၊ History of Mobile Phone and Knowledge များ(Android & iOS) သင်ကြားပေးသွားမည်ဖြစ်သည်။

အဆိုပါသင်တန်း၏ ၀န်ဆောင် မှုများမှာ နေစရာတိုက်ခန်းစီစဉ်ပေးခြင်း၊ တစ်ဦးလျှင် Laptop တစ်လုံးစီ၊ စက်ပြင်ပစ္စည်း တစ်စုံစီ ဖြင့် သင်ကြားပေးခြင်း၊သင်တန်းပြီးစီးလျှင်လုပ်ငန်းခွင် ၀င်ရောက်နိုင်ရန် စီစဉ်ပေးခြင်း၊ စသည်တို့  ကိုရရ မည်ဖြစ်သည်။ လူဦးရေကန့် သတ်ထားသည် ဟုလည်းသိရသည်။ ယင်းသင်တန်းကို တက်ရောက် ခြင်းဖြင့်တကယ့်လုပ်ငန်းခွင် အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင် မည်ဖြစ်သည်။ ထိရောက် မှုအရှိဆုံး သင်ကြားမှုနည်းစနစ်ကြောင့်အချိန်တိုအတွင်း လွယ်ကူတက်မြောက်စေမည်ဖြစ်သည်။ အဆိုပါသင်တန်းကို တက်ရောက်လိုပါက 09-32226999,09-32227000 သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။ 

Today‘s Mobile တွင်မိုလ်ဘိုင်းဖုန်းပြုပြင်ရေးသုံးစက်ပစ္စည်းများနှင့် ဖုန်းအပိုပစ္စည်းများလည်း ၀ယ်ယူနိုင်သည်ဟုသိရသည်။ Today‘s Mobile နှင့် Partner အဖြစ် ပူးပေါင်းထားသည့် Win-Win မိုဘိုင်းပြုပြင်သင်တန်းကျောင်းမှလည်း mobile phone Software Subject နှင့် HardwareSubjectများကို သင်ကြား ပေးပြီးသင်တန်းကာလအတွင်းအမြင့်ဆုံး Level အထိမတတ်မြောက်ပါက သင်တန်း ကြေး၏ ၂ဆ ငွေပြန်အမ်းပေးမည်ဖြစ်သည်။Win-Win Mobile phone Training and Services center 09-960112888,09-960113888 သို့ ဆက်သွယ်နိုင်မည်ဖြစ်သည်။


Credit to == > Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com