1/11/2016

♪ " Lenovo Phab Plus VS Huawei P8 Max " ဖုန်းနှစ်မျိုးရဲ့အားသာချက်အားနည်းချက်များ ♫


ဖုန်းတစ်လုံးလိုရော Tablet တစ်လုံးလိုပါ အသုံးပြုနိုင်တဲ့ Lenovo Phab Plus ကို ဂိမ်းကစားနှစ်သက်သူတွေနဲ့ ဗီဒီယိုကြည့်တာတွေအတွက် သီးသန့်ထုတ်လုပ်ပေးထားတာ ဖြစ်ပါတယ်။ ဖုန်းပြောရုံသက်သက်မဟုတ်ဘဲ Phab Plus နဲ့ Audio Quality ကြာင့်လည်း လူတိုင်းကို ဖျော်ဖြေပေးနိုင်တဲ့ Phablet တစ်လုံးလို့ ပြောနိုင်ပါတယ်။ သတ္တုကိုယ်ထည်ကြောင့် အလှအပပိုင်းမှာ ဆွဲဆောင်မှုရှိပြီး အတွင်းပိုင်းမှာလည်း အားကောင်းတဲ့ processor တို့နဲ့ ဖန်တီးထုတ်ပိုးပေးထားပါတယ်။ ၆.၈ လက်မအရွယ် Display ပါဝင်ပြီး ဖုန်းရဲ့ အဓိကကင်မရာဟာ 13MP နဲ့ ရှေ့ဘက်မှာ 5MP ကင်မရာ ပါဝင်ပါတယ်။

Phab Plus မှာ Android OS 5.0 (Lollipop) ကို ထည့်သွင်းထားပါတယ်။ Dual-SIM အမျိုးအစား စမတ်ဖုန်းဖြစ်ပြီး ဖုန်းတွင်းသိုလှောင်မှုပမာဏ 32GB ကို microUSB နဲ့ 64GB ထိ မြှင့်တင်နိုင်ပါတယ်။ Huawei P8 Max ရဲ့ မျက်နှာပြင်ဟာလည်း ၆.၈ လက်မအရွယ်ရှိပြီး ပင်မကင်မရာ 13MP နဲ့ full HD ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်မှာ 5MP ကင်မရာ တပ်ဆင်ထားပါတယ်။ P8 Max မှာ ဖြုတ်/တပ်လို့မရတဲ့ Li-Po 4360mAh ဘက်ထရီ သုံးစွဲထားပါတယ်။

* Design *
1. Lenovo Phab Plus
Phab Plus ဟာ အရွယ်အစား အတော်ကြီးမားပြီး 7.6mm အထူသာရှိတာမို့ ပါးလွှာတဲ့အနေအထားကို မြင်တွေ့နိုင်ပါတယ်။ iPhone 6 Plus ရဲ့ ဒီဇိုင်းတည်ဆောက်ထားပုံတို့ တူညီနေတာတွေ့ရပြီး ဘေးထောင့် တွေကို အနည်းငယ်ခုံးထားပါတယ်။

2. Huawei P8 Max
P8 Max ကို သတ္တုကိုယ်ထည်နဲ့ တည်ဆောက်ထားပါတယ်။ Huawei P8 အတိုင်း ခပ်ဆင်ဆင်ဒီဇိုင်းကို ဆက်လက်သုံးထားပြီး 6.8mm အထူနဲ့ 228 g အလေးချိန် ရှိပါတယ်။ Power, အသံအတိုး/အလျှော့ ခလုတ်တို့ကို ညာဘက်မှာ တပ်ဆင်ထားပါတယ်။

* Processor *
1. Lenovo Phab Plus
အရွယ်အစားကြီးမားတဲ့ screen ပေါ်မှာ task တွေ များစွာကို ကောင်းကောင်း run ပေးနိုင်ပါတယ်။ Qualcomm Snapdragon 615 octa-core processor က အကောင်းဆုံး ဆောင်ရွက်ပေးပြီး 2GB RAM ထည့်သွင်းထားပါတယ်။ ဂရပ်ဖစ် Adreno 405 GPU ပါဝင်ပါတယ်။

2. Huawei P8 Max
Huawei P8 Max ရဲ့ စွမ်းဆောင်ရည်က ထူးခြားပြီး HiSilicon Kirin 935 octa-core processor က ဆောင်ရွက်ပေးထားပါတယ်။ App အားလုံးနဲ့ multitasking အတွက် လုံလောက်တဲ့စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်တဲ့ chip ဖြစ်ပြီး 3GB RAM ပါဝင်ပါတယ်။

* Display *
1. Lenovo Phab Plus
Lenovo Phab Plus မှာ သူ့ရဲ့ကြီးမားတဲ့မျက်နှာပြင်က ဆွဲဆောင်မှုအရှိဆုံးဖြစ်ပြီး Display ဟာ ၆.၈ လက်မအရွယ် ဖြစ်ပါတယ်။ 1080 x 1920 pixels full HD ရုပ်ထွက်အရည်အသွေး ရရှိနိုင်ပြီး ရုပ်ထွက်သိပ် သည်းဆကတော့ 324ppi ပါဝင်ပါတယ်။

2. Huawei P8 Max
၆.၈ လက်မအရွယ် Display ပါဝင်ပြီး resolution ဟာ 1080 x 1920 pixels full HD ကို ပံ့ပိုးထားပါတယ်။ မျက်နှာပြင် အကြမ်းဒဏ်ခံနိုင်ရည်ရှိအောင် Gorilla Glass 3 နဲ့ ကာကွယ်ဖုံးအုပ်ထားပါတယ်။ ရုပ်ထွက်ကြည်လင်ပြီး 326ppi pixel သိပ်သည်းဆ ရှိပါတယ်။

* Verdict *
1. Lenovo Phab Plus
အာရှဈေးကွက်အတွက် အရွယ်အစားကြီးမားတဲ့ဖုန်းတွေဟာ ရောင်းအားအကောင်းဆုံးဖြစ်ပြီး ဒီအချက်ကို Lenovo က ထည့်သွင်းစဉ်းစားခဲ့ပါတယ်။ Phab Plus ဟာ Tablet အသေးစားတစ်လုံးဖြစ်ပြီး ဖုန်းတစ်လုံးလိုပါ အသုံးပြုနိုင်တာကြောင့် ကျေနပ်စရာကောင်းတဲ့အချက်တွေနဲ့ ဝယ်သုံးရတာ ထိုက်တန်ပါတယ်။

2. Huawei P8 Max
Huawei P8 Max မှာ ဘက်ထရီဟာ အလွန်အားကောင်းနေပြီး တစ်ခါအားအပြည့်သွင်းထားရုံနဲ့ စွမ်းဆောင်ရည် ခပ်မိုက်မိုက်တွေကို ရရှိသုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အရင်ကထက် ပိုမိုအဆင့်မြင့်လာတဲ့ feature တွေလည်း မပျက်မကွက် ဆက်လက်ပါဝင်ခဲ့ပါတယ်။ P8 Max ကို high-end တစ်လုံးမှန်း သိသာအောင် ဖန်တီးထားပါတယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com