1/11/2016

♪ " Vivo X5 Pro " ♫


Price » 498,000 Ks
Contact Phone » 09-421744111 (Today's Mobile)
* Specification *
» Network : 2G, 3G, 4G (Dual SIM)
» Weight : 151 g
» Display : 5.2", Super AMOLED capacitive touchscreen
» Dimensions : 147.9 x 73.5 x 6.4 mm
» Memory : 16GB, 2GB RAM, microSD, up to 128GB
» Camera : 13 Megapixel, Front : 8MP, autofocus, LED flash, Geo-tagging, face detection, HDR, panorama
» Connectivity : GPRS, EDGE, WLAN, Bluetooth, USB
» Chipset : Qualcomm MSM8939 Snapdragon 615
» CPU : Quad-core 1.5GHz Cortex-A53
» OS : Android OS, v5.0 (Lollipop), Funtouch OS 2.1

Vivo ဟာ စမတ်ဖုန်းဈေးကွက်ကို လွန်ခဲ့တဲ့နှစ်တွေများစွာကတည်းက ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ Vivo က ထုတ်လုပ်တဲ့ X Play 3S ဟာဆိုရင် QHD Display ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းအမျိုးအစားဖြစ်ပြီး အဲဒီနောက်ပိုင်းမှာတော့ Vivo X5 Max ကို 4.75mm အထူနဲ့ အပါးလွှာဆုံးစမတ် ဖုန်းအဖြစ် ထုတ်လုပ်ခဲ့ပါသေးတယ်။ နည်းပညာအောင်မြင်မှုတွေကြောင့် Vivo X5 Pro ကို ဖြတ်ခနဲ ကြည့်လိုက်ရင် X5 Max ရဲ့ အပြင်အဆင်တွေအတိုင်း တစ်ထေရာတည်းနီးပါး တူညီပါတယ်။
ကွာခြားချက် အနေနဲ့ကတော့ X5 Pro ရဲ့အထူဟာ 6.4mm ရှိတာကြောင့် Vivo X5 Max နဲ့ ယှဉ်လိုက်ရင် ပိုထူလာပါတယ်။

ဒါ့အပြင် X5 Pro မှာ ဘေးထောင့်တွေ အနည်းငယ်ခုံးထားပြီး ကျောပြင်ဘက်ဒီဇိုင်းက လုံးဝကွဲပြားသွားတာ တွေ့ရပါတယ်။ အောက်ခြေကစပီကာ အပေါက်တွေဆီကို ကွေးညွတ်ထား တဲ့ ဘေးထောင့်တွေကို iPhone 6 ဒီဇိုင်းမျိုးခံစားရအောင် ဖန်တီးထားတာ သိသာပါတယ်။

စမတ်ဖုန်းဈေးကွက်မှာ လူကြိုက်များနေတဲ့ Sony ရဲ့ Xperia Series ဖုန်းတွေရဲ့ဒီဇိုင်းမျိုး X5 Pro မှာ တွေ့နိုင်ပြီး ဖန်သားကို ကိုယ်ထည်ကြားမှာ ညှပ်ထားတဲ့ဒီဇိုင်းနဲ့ ပြောင်လက်တောက်ပနေတဲ့ အလူမီနီယမ်ဘေးဘောင်တွေဟာ X5 Pro ကို ဆွဲဆောင်မှုရှိအောင် ပြုလုပ်ပေးထားတာ ဖြစ်ပါတယ်။

ဖုန်းရဲ့ကိုယ်ထည်ကို Nano-modling နဲ့ Laser-welding နည်းပညာနဲ့ တည်ဆောက်ထားပြီး 6.4mm အထူနဲ့ X5 Pro ဟာ အတော်လေး ပါးလွှာပါတယ်။ အလေးချိန်ကို ကြည့်ရင်လည်း 151g သာ ရှိတာမို့ သယ်ဆောင် အသုံးပြုရတာ အဆင်ပြေပါတယ်။ ကျောဘက်မှာ Vivo brand ကို အလယ်ခေါင်မှာ တွေ့ရပြီး Power ခလုတ်ကို ညာဘက်မှာ တပ်ဆင်ထားပါတယ်။

X5 Pro မှာ 2.5D effect ကို သုံးထားတာကြောင့် ရှေ့မျက်နှာပြင်ဟာ ခုံးနေသလိုခံစားရပြီး သတ္တုဘေးဘောင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ကွေးပေးထား ပါတယ်။

စမတ်ဖုန်းတစ်လုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ SoC အတွက် X5 Pro ဟာ Qualcomm Snapdragon 615 octa-core processor ကို သုံးထားပါတယ်။ RAM ပမာဏက 2GB ထည့်သွင်းထား ပါတယ်။ Vivo X5 Pro ရဲ့ Android OS 5.0 (Lollipop) အပေါ်မှာ Funtouch OS Skin ကို ထပ်သုံးထားပြီး Funtouch OS 2.1 ဖြစ်ပါတယ်။

ဒီ OS မှာ App အားလုံး ကောင်းကောင်းအလုပ်လုပ်နိုင်ပြီး အသုံးပြုရတာ လွယ်ကူပါတယ်။ X5 Pro ဟာ Dual-SIM အမျိုးအစားစမတ်ဖုန်းဖြစ်ပြီး SIM Slot နောက်တစ်ခုဟာ microSD အပေါက်အဖြစ် သုံးရမှာဖြစ်ပါတယ်။

ဖုန်းတွင်းသိုလှောင်မှုပမာဏ 16GB ကို အသုံးချနိုင်ပြီး 128GB အထိ mciroSD နဲ့ မြှင့်တင်နိုင်ပါတယ်။ X5 Pro ရဲ့ အောက်ခြေဘယ်ဘက်မှာသာ စပီကာတစ်ခုတည်း ပါဝင်ပြီး headphones မလိုဘဲ ကျယ်လောင်တဲ့အသံကို နားဆင်နိုင်ပါတယ်။ X5 Proမှာ ၅.၂ လက်မအရွယ် Super AMOLED Display ကို တွေ့နိုင်ပြီး resolution ဟာ 1080 x 1920 pixels full HD quality ကို ပံ့ပိုးပေးထားပါတယ်။ Indoors နဲ့ Outdoors နှစ်မျိုးလုံးအတွက် အရောင်အသွေး စုံလင်တဲ့ပုံရိပ်တွေကို screen က ပေးစွမ်းနိုင်ပါတယ်။ မျက်နှာပြင်ကို Gorilla Glass 3 နဲ့ ဖုံးအုပ်ကာကွယ်ထားပြီး ရုပ်ထွက်သိပ်သည်းဆ 424ppi ထိ ပါဝင်ပါတယ်။

Vivo X5 Pro ရဲ့ ကျောဘက်ကင်မရာဟာ 13MP အရည်အသွေးရှိပြီး LED flash သုံးနိုင်ပါတယ်။ HDR, Panorama, Face Beauty စတဲ့ feature တွေက သဘောကျစရာကောင်းပြီး ရှေ့ဘက်မှာ 8MP ကင်မရာဟာ အရည်အသွေးမြင့်ဓာတ်ပုံတွေ ဖန်တီးရိုက်ကူးနိုင်ပါတယ်။ 1080p full HD ဗီဒီယိုကို 30fps နဲ့ ရိုက်ကူးနိုင်ပါတယ်။ Vivo X5 Pro မှာ Hi-Fi Audio ကို Support လုပ်ပေးပြီး Wi-Fi, Bluetooth 4.0, GPS, microUSB v 2.0 စတဲ့ ချိတ်ဆက်မှုတွေ ပါဝင်ပါတယ်။ Vivo X5 Pro မှာ အရောင် (၂) မျိုး ရွေးချယ်စရာရှိပြီး အဖြူ၊ အနက်တို့ ဖြစ်ပါတယ်။

* Battery Life *
X5 Pro ဟာ 2450mAh Li-Polymer Batter အမျိုးအစားနဲ့ ထွက်ရှိလာပြီး Non-Removable ဖြစ်ပါတယ်။ ဘက်ထရီသက်တမ်းကတော့ ကျေနပ်အားရစရာ မရှိပေမယ့် Super Save Mode ကတော့ ဘက်ထရီသုံးစွဲမှုကို အကောင်းဆုံးချွေတာ ထိန်းသိမ်းပေးနိုင်ပါတယ်။
* Design *
iPhone 6 နဲ့ ခပ်ဆင်ဆင်ဒီဇိုင်းဖြစ်တာမို့ ခံ့ညားလှပနေပြီး သတ္တုဘေးဘောင်နဲ့ ခိုင်မာတောင့်တင်းတဲ့ ကိုယ်ထည်ဖြစ်အောင် အဓိကထား တည်ဆောက်ထားပါတယ်။ 6.4mm အထူသာရှိတဲ့ X5 Pro ဟာ ပါးလွှာပြီး အတော်လေး ကြည့်လို့ကောင်းပါတယ်။
* Processor *
X5 Pro ရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ SoC အတွက် Qualcomm Snapdragon 615 chipset ကို အသုံးပြုထားပြီး octa-core processor ကို ထည့်သွင်းပေးထားပါတယ်။ နောက်ထပ်ကောင်းမွန်နေအောင် ဂရပ်ဖစ် Adreno 405 နဲ့ RAM 2GB ပါဝင်ပါတယ်။
* Display and Camera *
မျက်နှာပြင်ဟာ ၅.၂ လက်မအရွယ်ရှိပြီး ရုပ်ထွက်အရည်အသွေးဟာ 1080 x 1920 pixels full HD ကို ပံ့ပိုးပေးထားပါတယ်။ မျက်နှာပြင် အကြမ်းဒဏ်ကို ကာကွယ်ပေးနိုင်တဲ့ Gorilla Glass 3 နဲ့ ဖုံးအုပ်ပေးထား ပါတယ်။ အဓိကကင်မရာဟာ 13MP ဖြစ်ပြီး full HD ဗီဒီယို ရိုက်ကူးနိုင်ပါတယ်။ Selfie အတွက် အလွန် အသုံးဝင်တဲ့ 8MP ကင်မရာကို ရှေ့ဘက်မှာ တပ်ဆင်ထားပါတယ်။
* Verdict *
Chinese Wireless Regulator ဖြစ်တဲ့ TENAA အဖွဲ့ကတောင် အကောင်းဆုံးအချက်တွေ ပါဝင်နေတဲ့ စမတ်ဖုန်းအဖြစ် X5 Pro ကို စာရင်းသွင်းသတ်မှတ်ထားပြီး ဈေးနှုန်းအရလည်း သုံးပျော်ပါတယ်။ ပြိုင်ဘက် စမတ်ဖုန်းတွေကြားမှာ စွမ်းဆောင်မှုအပြည့်ရှိတဲ့ စမတ်ဖုန်းအဖြစ် သုံးစွဲသူတိုင်း သဘောကျကြပါလိမ့်မယ်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com