ဗားရှင်းအမျိုးမျိုးပြောင်းလဲနေတဲ့ Facebook နဲ့ Twitter တို့ကို အသုံးပြုရင်း အင်တာနက် ဒေတာတွေအကုန်မြန်တာကို သတိထားမိလာတဲ့အခါ Facebook နဲ့ Twitter ကို အသုံးပြုရမှာတောင် ကြောက်လာကြပါတယ်။ ဘာကြောင့်လဲဆိုတော့ Feature အသစ်တွေ ထည့်သွင်းလာတဲ့ Social Media Website တို့ရဲ့ ပရောဂကြောင့်ဖြစ်ပါတယ်။ အသစ်သစ်သော feature အသစ်တွေကို ပေးစွမ်းနေတဲ့ Facebook နဲ့ Twitter တို့ဟာ Google ရဲ့ Youtube ကို ယှဉ်ပြိုင်ချင်တဲ့အတွက်ကြောင့် သူတို့ရဲ့ Website မှာဗီဒီယိုတွေကိုတင်ခွင့်ပေးခဲ့ပြီးအဆိုပါဗီဒီယိုတွေကိုလူကြည့်များလာအောင်အလိုအလျောက်ပွင့်အောင်ပြုလုပ်ထားကြလို့ဖြစ်ပါတယ်။
ဒီအချက်ကို သတိထားမိတဲ့ အသုံးပြုသူတွေဟာ Facebook နဲ့ Twitter တို့မှာ
ဗီဒီယိုတွေအလိုအလျောက်လာနေတာကို ပိတ်ဖို့အတွက် နည်းလမ်းရှာမရဘဲ
အင်တာနက် ဒေတာ အကုန်မြန်နေတာကို လက်ပိုက်ကြည့်နေရပါတော့တယ်။ တကယ်တော့
နည်းလမ်းရှိပါတယ်။ လက်ရှိအချိန်အထိ အဲ့ဒီနည်းလမ်းကို
မသိကြသေးတဲ့လူတွေအများကြီးပါသေးတယ်။ ဒါကြောင့် iOS အသုံးပြုသူတို့အတွက် Facebook နဲ့ Twitter မှာအလိုအလျောက်ပွင့်နေတဲ့ဗီဒီယိုတွေကိုပိတ်ဖို့အတွက်အောက်ကနည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။
Facebook မှာ အလိုအလျောက်လာနေတဲ့ ဗီဒီယိုတွေကို ပိတ်နည်း
iOS အသုံးပြုသူတို့အနေနဲ့ Facebook application ကို ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက် ထောင့် အောက်ခြေနားမှာရှိတဲ့ More ဆိုတဲ့ စာသားလေးကို နှိပ်လိုက်ပါ။ ပြီးရင် Setting ဆိုတဲ့ Tab ကိုနှိပ်လိုက်ပါ။ Account Settings ဆိုတာကို တွေ့ရပါလိမ့်မယ်။ Account Settings ကို နှိပ်လိုက်ပါ။ Videos and Photos ဆိုတဲ့ Tab ကို ထပ်မံတွေ့ရှိပါလိမ့်မယ်။ အဲ့ဒီ Tab ကို နှိပ်လိုက်ရင် Video Settings နဲ့ Photo Settings ဆိုပြီးတွေ့ပါလိမ့်မယ်။ အဲ့ဒီထဲကမှ Video Setting အောက်က Autoplay ဆိုတဲ့ Tab ကို နှိပ်ပြီး မိမိကြိုက်နှစ်သက်ရာ On Wi-Fi Connections Only နဲ့ Never Autoplay Videos ဆိုပြီး နှစ်ခု ထဲက တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ On Wi-Fi Connections Only ဆိုတာကတော့ ဖုန်းကို Wifi နဲ့ အင်တာနက် အသုံးပြုတဲ့အခါမှသာ ဗီဒီယိုတွေကို အလိုအလျောက် လာစေခြင်းဖြစ်ပြီး Never Autoplay Videos ဆိုတာကတော့ Facebook မှာ ဗီဒီယိုတွေ အလိုအလျောက် လာခြင်းကို အပြီးသတ်ပိတ်လိုက်ခြင်းဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်ရာ ရွေးပြီးရင် Facebook မှာဗီဒီယိုတွေဟာအလိုအလျောက်လာတော့မှာမဟုတ်တော့ပါဘူး။
Twitter မှာ အလိုအလျောက်လာနေတဲ့ ဗီဒီယိုတွေကို ပိတ်နည်း
iOS နဲ့ Twitter ကို အသုံးပြုနေသူတို့အတွက်တော့ Twitter application ကို ဖွင့်လိုက်ပါ။ ပြီးရင် ညာဘက်အောက်ခြေထောင့်နားမှာရှိတ့ Me ဆိုတဲ့ icon လေးကို နှိပ်လိုက်ပါ။ စက်သွားပုံစံလေးနဲ့ setting ကို တွေ့ပါလိမ့်မယ်။ အဲ့ဒါကို နှိပ်လိုက်ရင် setting ဆိုတာကို ထပ်မံတွေ့ရှိပါလိမ့်မယ်။ အဲ့ဒီ setting ဆိုတာကို နှိပ်လို်က်ပါ။ ပြီးရင်တော့ general ဆိုတဲ့ Tab အောက်မှာ Video autoplay ဆိုတဲ့ စာသားလေးကိုထပ်မံတွေ့ရှိပါလိမ့်မယ်။ အဲ့ဒီ Video autoplay ဆိုတဲ့ စာသားကိုနှိပ်လိုက်တဲ့အခါမှာတော့ Use Wi-Fi Only နဲ့ Never play videos automatically ဆိုတဲ့ ရွေးစရာနှစ်ခုတွေ့ပါလိမ့်မယ်။ အဲ့ဒီ နှစ်ခုထဲကမှ မိမိကြိုက်နှစ်သက်ရာကိုရွေးချယ်နိုင်ပါတယ်။ Use Wi-Fi Only ဆိုတာကတော့ မိမိအနေနဲ့ Twitter ကို Wi-fi နဲ့ အသုံးပြုတဲ့အခါ ဗီဒီယိုတွေကို အလိုအလျောက်လာစေတာဖြစ်ပြီး Never play videos automatically ဆိုတာကတော့ဘယ်တော့မှဗီဒီယိုတွေကိုအလိုအလျောက်မလာစေတဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။
အထက်ဖော်ပြပါအချက်တွေကို လိုက်နာပြုလုပ်လိုက်ရင်တော့ မိမိတို့ရဲ့ အင်တာနက် ဒေတာဟာ Facebook နဲ့ Twitter တို့အသုံးပြုရုံလောက်နဲ့တော့အရင်ကလောက်အလွယ်တကူမကုန်တော့ပဲထိုက်တန်တဲ့အချိန်ပမာဏအထိတော့သုံးစွဲနိုင်ပါလိမ့်မယ်။
Ref : Hacks
Credit MMAS(Aung Ko Htet)
သီဟထိုက်
www.thihahtike.com
www.thihahtike.com
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။