1/25/2016

ပြောင်းလဲမှု အနည်းငယ်သာ ပြုလုပ်ထားတဲ့ iOS 9.2.1





How-to-Install-iOS-9.2.1
ဇန်နဝါရီလ ၁၉  ရက်နေ့က အသစ်ထွက်ရှိလာတဲ့ iOS 9.2.1 ဟာ iOS အသုံးပြုထားတဲ့ Device တိုင်းမှာ update လုပ်ခွင့်ပြုခဲ့ပါတယ်။ iOS Version အသစ်ထွက်ရှိလာတိုင်း ပြောင်းလဲမှု တစ်ခု မဟုတ် တစ်ခု ပြုလုပ်လေ့ရှိတဲ့ Apple ဟာ  iOS 9.2.1 မှာတော့ အပြောင်းလဲ အများကြီး မပြုလုပ်ခဲ့ပါဘူး။ iOS 9.2.1 ထွက်ရှိလာတဲ့ ရည်ရွယ်ချက်ကတော့ iOS 9.2 မှာ ဖြစ်ပေါ်နေတဲ့ error အနည်းငယ်ကိုပြင်ဆင်ဖို့အတွက်ထွက်ရှိလာခြင်းဖြစ်ပါတယ်။
 
ဒါပေမဲ့ Apple ဟာ နောက်ထပ်ထွက်ရှိလာမဲ့ iOS 9.3 မှာတော့ အပြောင်းအလဲတွေ အများကြီးပြုလုပ်သွားဖို့ရှိပါတယ်။ အခုလတ်တလောမှာတော့ Apple အနေနဲ့ iOS 9.2.1 မှာ အပြောင်းအလဲ သုံးခုသာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါတွေကတော့ လုံခြုံရေးကို ပိုမို တိုးမြှင့်ခြင်း ၊ Bug တွေကို ပြင်ဆင်ခြင်း နှင့် အချို့   iOS 9.2 မှာ အဆင်မပြေဖြစ်တဲ့ Feature များကိုပြန်လည်ပြင်ဆင်ခြင်းဆိုတဲ့အချက်တွေပဲဖြစ်ပါတယ်။
iOS 9.2.1 ကို အသုံးပြုလိုသူတွေအနေနဲ့ မိမိရဲ့  Wi-fi ဖြင့် upgrade ပြုလုပ်နိုင်ပါတယ်။ နည်းလမ်းကတော့ Setting > General > Software Update ဆိုပြီး အဆင့်ဆင့်သွားကာ update and install ပြုလုပ်နိုင်ပါတယ်။ iOS 9.2 မှာ အနည်းငယ် error ဖြစ်ပေါ်နေလို့ မကြိုက်နှစ်သက်တဲ့ iOS အသုံးပြုသူတို့အတွက် iOS 9.2.1 ကို အသုံးပြုကာ အကြိုက်တွေ့စေမှာဖြစ်ပါတယ်။ iOS 9.2.1 ကို iPhone , iPad နဲ့  iPod touch တို့မှာအသီးသီးအသုံးပြုနိုင်ပြီဖြစ်ပါတယ်။
Ref : gottabemobile
 Credit MMAS(Aung Ko Htet)
သီဟထိုက်www.thihahtike.com
<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download