1/09/2016

♪ Huawei က အမျိုးသမီးများအတွက် စမတ်နာရီနှစ်လုံးကို မိတ်ဆက် ♫


Huawei က CES တွင် စမတ်နာရီနှစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ Jewel နှင့် Elegant ဟု အမည်ပေးထားပြီး အမျိုးသမီးများအတွက် ရည်ရွယ်ထားပါသည်။ Android Wear OS ထည့်သွင်းထားပါသည်။ စမတ်ဖုန်းနှင့် ကြိုးမဲ့ချိတ်ဆက်နိုင်ပြီး ဖုန်းမှ Message, Email, Phone Call များကို စမတ်နာရီမှ သိရှိ ပြန်ကြားနိုင်ပါသည်။

စမတ်နာရီနှစ်လုံးစလုံးသည် နှင်းဆီ ရွှေရောင်ဖြစ်ပြီး စတိုင်ကျလှပပါသည်။ အထူမှာ ၄၄ မီလီမီတာ ရှိပြီး ယခင်ထုတ်လုပ်ရောင်းချခဲ့သော Huawei Watch ၏ ၄၂ မီလီမီတာ အထူထက် အနည်းငယ် ပိုမိုထူပါသည်။ စမတ်နာရီများတွင် ၁.၄ လက်မ 400x400p ထိတွေ့မျက်နှာပြင် တပ်ဆင်ထားပါသည်။ ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးသည့် Sensor နှင့် ရာသီဥတု အခြေအနေများကို အာရုံခံပေးသည့် Sensor များတပ်ဆင်ထားပါသည်။

Jewel နှင့် Elegant တို့ကို ဒေါ်လာ ၅၉၉ နှင့် ဒေါ်လာ ၄၉၉ ဖြင့် အသီးသီး ရောင်းချမည်ဖြစ်သည်။ ယခုနှစ်နှောင်းပိုင်းတွင် ရောင်းချရန် စီစဉ်ထားပါသည်။

‪#‎DLNews‬ ‪#‎CES2016‬

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com