1/09/2016

♪ ♪ “Facebook ရဲ့ အခမဲ့ အင်တာနက် ၀န်ဆောင်မှုကို အီဂျစ်တွင် ရပ်နား” ♫


Facebook ရဲ့ အခမဲ့ အင်တာနက် ၀န်ဆောင်မှုကို အီဂျစ်မှာရပ်နား လိုက်ရ ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်မှာအိန္ဒိယမှာလည်းအဲဒီ ၀န်ဆောင်မှုကို ရပ်နား ခဲ့ရတာပါ။ Free Basics လို့ အမည်ပေးထားတဲ့ ၀န်ဆောင်မှုဟာ ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အခမဲ့ အင်တာနက် အသုံးပြုနိုင်စေတဲ့ Facebook ရဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ Free Basics မှာ Facebook နဲ့ အခြား ၀က်ဆိုက် အချို့ကိုအခမဲ့အသုံးပြုနိုင် ပါတယ်။

အာဏာပိုင်အချို့နဲ့ အင်တာနက် တက်ကြွလှုပ်ရှားသူအချို့က ၀က်ဆိုက်အချို့ကိုသာမျက်နှာသာပေးထား တဲ့အတွက် ဒါဟာ Net Neutrality လို့ ခေါ်တဲ့ ဘက်မလိုက် အင်တာနက် စည်းမျဉ်းများကိုချိုးဖောက် တယ်လို့ ပြောပါတယ်။ Facebook က အီဂျစ်မှာ Telecom Carrier တစ်ခုဖြစ်တဲ့ Etisalat Egypt နဲ့ ပူးပေါင်းပြီးလွန်ခဲ့တဲ့ နှစ်လအကြာကတည်းကအခမဲ့အင်တာနက်ကိုပံ့ပိုးပေးခဲ့တာပါ။ အီဂျစ်တွင် လူပေါင်းသုံးသန်းကျော် အသုံးပြုခဲ့တယ်လို့ Facebook က ပြောပါတယ်။ လူတစ်သန်းဟာပထမဆုံးအကြိမ် အင်တာနက် အသုံးပြုဖူးတာဖြစ်တယ်လို့ Facebook က ပြောပါတယ်။ “အီဂျစ်မှာအခမဲ့ အင်တာနက် မပံ့ပိုးပေး နိုင်တော့တာစိတ်ပျက်စရာဖြစ်ပါတယ်”လို့ Facebook က Associated Press ကိုပြောပါတယ်။

Facebook က ဒီပြဿနာကိုမကြာမီဖြေရှင်းနိုင်မယ်လို့ ပြောပါတယ်။ Facebook CEO Mark Zuckerberg က Free Basics ဟာ ဘက်မလိုက် အင်တာနက် စည်းမျဉ်းများကိုချိုးဖောက်ခြင်းမရှိဘူးလို့ အရင်က ပြောကြားခဲ့ဖူးပါတယ်။ Free Basics ဟာ ၀က်ဆိုက်များအတွက် မတူညီသော အခကြေးငွေဖြင့် ရောင်းချပေးနေတာမဟုတ်ဘဲ ၀က်ဆိုက် အချို့ကိုအခမဲ့ကြည့်ခွင့်ပေးတာဖြစ်တယ်လို့ သူကပြောခဲ့ပါတယ်။ အဲဒီ အတွက် လွတ်လပ်တဲ့ အင်တာနက်စည်းမျဉ်းကိုမချိုးဖောက်ဘူးလို့ သူက ပြောခဲ့ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com