1/14/2016

♪ “Huawei Mate 8 ကို CES တွင် တစ်ကမ္ဘာလုံးအတွက် ရောင်းချပေးမည်ဟု ကြေညာ” ♫


Huawei က CES 2016 တွင် Press Conference တစ်ခုပြုလုပ်ပြီး စွမ်းဆောင်ရည်မြင့် Mate 8 စမတ်ဖုန်းကို တစ်ကမ္ဘာလုံး အတွက် ရောင်းချ ပေးမယ်လို့ ကြေညာပါတယ်။ Mate 8 ကို တရုတ်မှာ ပြီးခဲ့တဲ့ လက စတင် ကြေညာခဲ့တာဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ်အတွင်းမှာ နိုင်ငံတကာ မှာ ရောင်းချမှာ ဖြစ်ပေမယ့် အမေရိကန်မှာတော့ အစောပိုင်းမှာ ရောင်းချ မှာ မဟုတ်ပါဘူး။ Mate 8 ဟာ ယခင်နှစ်ထုတ် Mate 7 ရဲ့ မျိုးဆက်ဖြစ်ပြီး Kirin 950 Processor အသစ် မောင်းနှင်တဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။

Huawei က ဖုန်းအသစ်ဟာ ဖုန်းအဟောင်းထက် CPU Power အပိုင်းမှာ ၁၀၀ ရာခိုင်နှုန်း နဲ့ GPU Performance အပိုင်းမှာ ၁၂၅ ရာခိုင်နှုန်း ပိုမို တိုးတက်ကောင်းမွန်လာတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည် အပိုင်းမှာလည်း ၇၀ ရာခိုင်နှုန်း ပိုမိုတိုးတက်လာပါတယ်။ Mate 8 မှာ Android Marshmallow ကို အခြေခံထားတဲ့ EMUI 4.0 ထည့်သွင်းထားပြီး ခြောက်လက်မ Full HD 1080p IPS Display ထည့်သွင်းပေးထားပါတယ်။ 3GB RAM, 32GB Internal Storage အမျိုးအစားနဲ့ 4GB RAM, 64GB Internal Storage နှစ်မျိုးရွေးချယ် နိုင်ပါတယ်။

ဒုတိယအမျိုးအစားမှာ Dual SIM LTE ကိုထောက်ပံ့ပြီး 3GB RAM Version မှာ SIM Card တစ်ခုသာ အသုံးပြုနိုင်ပါတယ်။ အနောက်ဘက်တွင် 16MP Resolution ထုတ်လုပ်ပေး နိုင်သော Sony IMX298 BSI CMOS Sensor တပ်ဆင်ထားပါတယ်။ ကင်မရာမှာ Optical Image Stabilization , Dual-Tone Flash , Phase Detection /Continuous Autofocus , Digital Zoom, Full HD Video Recording တို့ ပါရှိပါတယ်။ အရှေ့ဘက်မှာ Full HD Video များကို ရိုက်ကူးနိုင်တဲ့ 8MP Camera ထည့်သွင်းထားပါတယ်။

အနောက်ဘက် ကင်မရာဟာ 720p 120fps Slo-Mo Recording များကိုလည်း ပြုလုပ် ပေးနိုင်ပါတယ်။ 4000mAh Battery ထည့်သွင်းထားပါ တယ်။ 3GB RAM နဲ့ 4GB RAM အမျိုးအစားများကို ယူရို ၅၉၉ နဲ့ ၆၉၉ ဖြင့် အသီးသီးရောင်းချ ပေးမှာပါ။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com