1/14/2016

♪ “နည်းပညာရပ်ဝန်းမှ တီထွင်သုံးစွဲမှုနှင့် စောင့်ကြည့်ကာကွယ်ခြင်း” ♫


သိပ္ပံရုပ်ရှင်ဇာတ်ကားများတွင် ထည့်သွင်းရိုက်ကူးထားသည့် အချို့သော အသုံးအဆောင်များ၊ စနစ်များသည် အနာဂတ်တွင် အသုံးပြုခွင့်ရလာကြ ပါသည်။ စိတ်ကူးများကို လက်တွေ့အကောင်အထည်ဖော်ခြင်းဖြင့် အကျိုးရှိ သောဘက်တွင် အထောက်အကူဖြစ်စေပါသည်။ ဂျိမ်းစဘွန်းဇာတ်လမ်း များတွင် ပါရှိသည့်အချို့သော အသုံးအဆောင်များသည် အပြင်ဈေးကွက် တွင် ၀ယ်ယူအသုံးပြုနိုင်ပါသည်။ အချို့သောကုမ္ပဏီများသည် သူတို့၏ ထုတ်ကုန်တွေကိုပိုမိုလူသိစေရန်နှင့် ကြော်ငြာပြီးသား ဖြစ်စေရန် ရုပ်ရှင် ရိုက်ကူးရာ၌ အသုံးပြုစေပါသည်။ ဂျိမ်းစဘွန်းအသုံးပြုရန်အတွက် Sony မှစမတ်ဖုန်းများကို ထောက်ပံ့ပေးခဲ့ ပါသည်။ Sony ရဲ့အချို့သော ဟန်းဆက်များသည် ဇာတ်ကောင်စရိုက်၏ အရည်အချင်းပိုမိုပီပြင်စေရန် ကောင်းမွန်သောစွမ်းရည် များနဲ့ ထောက်ပံ့ပေးထားပါသည်။ ညဘက် မြင်ကွင်းပုံရိပ်များ ရိုက်ကူးသည့်အခါ ပီပီပြင်ပြင်ဖော်ပြပေးပြီး၊ မတော် တဆထိခိုက်မှု ဒဏ်ကိုခံနိုင်ရည်ရှိအောင် အကောင်းစားသတ္တုများနဲ့ ပုံဖော် ပေးထားပါသည်။ မြေပြင်အခြေအနေတွင်သာမက ရေအောက်တွင်လည်း သုံးစွဲနိုင်စေရန် ဖုန်းများကို ရေစိုခံ၊ ရေစိမ်ခံဖုန်းဖြစ်အောင်တီထွင် ပေးထား ပါသည်။

ဂျိမ်းစဘွန်းအသုံးပြုသော အခြားနည်းပညာပစ္စည်းများလည်းရှိပါသေး သည်။ မော်တော်ကားများ၊ နာရီများ၊ လက်နက်များ၊ အဝေးထိန်း ကိရိယာ များ စသဖြင့်စုံလင်လှပါသည်။ လက်တွင်ပတ်၍အသုံးပြုနိုင်သော ပစ္စည်း တစ်မျိုးလည်းရှိပါသည်။ "Myo Gesture Control Armband" ဖြစ်ပြီး၊ တံတောင်နားလောက်တွင် ၀တ်ဆင်ပြီး Drone ကို ထိန်းချုပ်မောင်းနှင် နိုင်ပါသည်။ အခြားသော ပစ္စည်းများကိုလည်း ချိတ်ဆက်၍အသုံးပြုနိုင် ပါသည်။ နည်းပညာပစ္စည်းအသစ်အဆန်းများကို လက်ဆောင်အဖြစ်ပေးချင် သူများအတွက်လည်း အဆိုပါကိရိယာက ဆန်းသစ်စေပါသည်။ ရောင်းချ သော နေရာဒေသအလိုက် ယူရိုငွေ ၁၈၀ နှင့် ၂၀၀ ကြားရှိနိုင်ပါသည်။

နည်းပညာစနစ်နှင့် ပစ္စည်းများ ပိုမိုကောင်းမွန်စွာအသုံးပြုလာနိုင်သည့်အခါ ကောင်းကျိုး၊ ဆိုးကျိုးများရှိလာပါသည်။ မကောင်းမှု အတွက် ရည်ရွယ်ပြီး အသုံးပြု သူများရှိခြင်းကြောင့် နိုင်ငံတကာမှ အစိုးရများသည် နည်းပညာ အရေးနှင့်ပတ်သက်သည့် စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများထုတ်ပြန် ကြေညာ၍ ကာကွယ်လာကြပါသည်။ သက်ဆိုင်ရာအစိုးရများက ကဏ္ဍ အလိုက်စောင့်ကြည့်ခြင်း လည်း ဆောင်ရွက်ကြပါသည်။ ထိုသို့သုံးစွဲသူများ ကိုစောင့်ကြည့်ခြင်းအတွက် ဝေဖန်ချက်များစွာလည်းထွက်ပေါ်လာကြ ပါသည်။ ကိုယ်ပိုင်လွတ်လပ်ခွင့်၊ သုံးစွဲသူအခွင့်အရေးစသည်တို့ ချိုးဖောက်ခံ ရကြောင်း သုံးစွဲသူများဘက်မှ ပြောဆိုကြပါသည်။ နည်းပညာ ကိစ္စရပ်များ ကို ၀န်ဆောင်မှုပေးသော လုပ်ငန်းတွေလည်းသုံးစွဲသူများ၏ အချက်အလက် တွေနဲ့ပတ်သက်၍ မကြာခဏပြစ်တင် ဝေဖန်ခံခဲ့ရပါသည်။ သုံးစွဲသူများ၏ အချက်အလက်တွေကို တရားဝင်နည်းများနဲ့ရယူ၍ ကြော်ငြာလုပ်ငန်းများကို လွှဲပြောင်းပေးသည်ဟု ဝေဖန်သူများရှိသလို၊ အချက်အလက်များကို လုံခြုံစွာမသိမ်းဆည်းနိုင်ခြင်းကြောင့် ဟတ်ကာများ၏ ရန်မူခြင်းကိုခံရ ကြောင်း ပြစ်တင်ကြပါသည်။

နည်းပညာကုမ္ပဏီများဘက်မှလည်း စနစ်များ၏ လုံခြုံရေးကိုအစဉ်တစိုက် ကာကွယ်ထားပြီး၊ ဖောက်ထွင်းမှုမခံရအောင်လည်း လုံခြုံရေးစနစ်များကို တိုးမြှင့်ခြင်း၊ ကောင်းမွန်အောင်ဆောင်ရွက်လျက်ရှိကြောင်းပြောဆိုလေ့ ရှိပါသည်။ ဒုစရိုက်မှုကြီးများနဲ့ပတ်သက်သော ကိစ္စများကို ဖော်ထုတ်ခြင်း အတွက် ကူညီထောက်ပံ့ပေးခြင်းကိုတော့ ပြုလုပ်ပေးပါသည်။ အမှုကျူးလွန် သူများအသုံးပြုခဲ့သည့် အချက်အလက်မှတ်တမ်းများကို သက်ဆိုင်ရာ တာဝန်ရှိ သူများတောင်းခံလာပါက လုပ်ထုံး၊ လုပ်နည်းညီပါလျှင် အဆိုပါ အချက်အလက်များကိုပေးပါသည်။နည်းပညာကဏ္ဍ တဖြည်းဖြည်း ဖွံ့ဖြိုး လာသည်နှင့်အမျှ နည်းပညာ စနစ်များအသုံးမပြုဘဲ နေ့စဉ်နေထိုင်မှု ပုံစံ များကို ဖြတ်သန်းဖို့ဆိုသည်မှာ မလွယ်ကူပါဘူး။ ဒါကြောင့် နည်းပညာ အခြေပြုစီးပွားရေးလုပ်ငန်းများ ပိုမိုပေါ်ပေါက်လာခဲ့သလို၊ အချို့သော ကုမ္ပဏီများသည်ပင် နည်းပညာနယ်ပယ်ကိုချဲ့ထွင်လုပ်ကိုင်လာကြပါသည်။ အွန်လိုင်းအခြေပြု၍ စီးပွားရေးလုပ်ကိုင်သော လုပ်ငန်းများ၊ ဖုန်းများနဲ့ ချိတ်ဆက်၍ ၀န်ဆောင်မှုပေးသော လုပ်ငန်းများရှိခြင်းကြောင့် နေရာ အနှံ့ကိုသွားလာရန်မလိုဘဲ အချိန် ကုန် သက်သာစွာဖြင့် အလုပ်ပြီးမြောက် စေပါသည်။ ဈေးဝယ်ခြင်း၊ အိမ်ငှား၊ အိမ်ဝယ်၊ အိမ်ရှာခြင်း၊ ကားငှား၊ ကားရောင်း၊ ကား ၀ယ်ခြင်း၊ အလုပ်အကိုင် ရှာဖွေ၊ လျှောက်ထားခြင်း၊ ငွေလွှဲပြောင်းပေးပို့ခြင်းတို့အတွက် အွန်လိုင်းကို အားထားနိုင်သလို၊ သတင်း နှင့်အထွေထွေဗဟုသုတအတွက်လည်း အွန်လိုင်းမှနေ၍ အကြောင်းအရာ စုံကိုဖြန့်ချိပေးနေသော App များရှိပါသည်။

အွန်လိုင်း မီဒီယာလုပ်ကိုင်နေသောလုပ်ငန်းများလည်း ရှေ့ဆက်၍ များပြားလာနိုင်ပါသည်။ ထိုကဲ့သို့ သက်ဆိုင်ရာအစိုးရလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၊ တစ်သီးပုဂ္ဂလများ၊ အွန်လိုင်းဆိုင်ရာအကောင့် များဖွင့်၍ သုံးစွဲသည့်အခါ ဟက်ကာများ၏ ရန်မှမလွတ်ကင်း ကြပါဘူး။ အကောင့်များ၊ စာမျက်နှာများကို ဟက်၍ အမျိုးစုံရေးသားနှောင့်ယှက်ကြ ပါသည်။ အချို့ဟက်ကာများက ငွေကြေး တောင်းဆိုမှုဖြင့် အကောင့်ကို အလဲအလှယ်ပြုကြသည်။ နာမည်ကြီးသော၊ စောင့်ကြည့်သုံးစွဲသည့် လူဦးရေများပြားသော စာမျက်နှာများသည် တိုက်ခိုက်ခြင်းခံရပါက အသစ် တစ်ဖန်ပြန်လည်အစပြုရသော အခြေအနေရှိပါသည်။ ဘဏ်နှင့်ငွေကြေး ဆိုင်ရာသုံးစွဲမှုရှိသော အကောင့်များကို တိုက်ခိုက်သူတွေလည်းများပြား ပါသည်။ အချို့သောသူများသည် ငွေထုတ်စက်များတွင် သတိမမူမိသော ကြောင့်လည်းကောင်း၊ ဟက်ကာများ၏ ထောက်လှမ်းမှုကိုမသိရှိဘဲ အကျူးကျော်ခံရခြင်းကြောင့်လည်းကောင်း၊ ဘဏ်အကောင့်အတွင်းရှိ ငွေများဆုံးရှုံးကြရပါသည်။အွန်လိုင်းအသုံးပြုသူများ စိုးရိမ်ရမည့် နောက်ထပ် အခြေအနေတစ်ခုမှာ အကြမ်းဖက်ဝါဒသမားများ၏ ပစ်မှတ်ဖြစ်မှာ ကိုပါ။ အကြမ်းဖက်ဝါဒကို ကျင့်သုံးသောသူများသည် တပ်သားသစ်စုဆောင်းခြင်း၊ ၀ါဒမှိုင်းတိုက်၍ ဆွဲဆောင်သိမ်းသွင်းခြင်း စသည်တို့ ပြုသည့်အခါ အင်တာနက် စနစ်များကို အသုံးပြုတတ်ကြပါသည်။

 နေရာဒေသ ကွဲပြားသော၊ ကမ္ဘာ့နေရာအနှံ့မှ အဖွဲ့ဝင်များရရှိစေရန် အင်တာနက်မှ ရှာဖွေခြင်းပြုလုပ်ကြပါသည်။ အထူးသဖြင့် အယူဝါဒမရှိသောသူများ၊ အရွယ်မရောက်သေးသူများ၊ တစ်ကိုယ်တည်းသမားများ၊ အမျိုးသမီးများကို အဓိကပစ်မှတ်ထားတတ်ကြပါသည်။ အင်တာနက်မှတစ်ဆင့် ချိတ်ဆက်မိ၍ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သွားသူများရှိသလို၊ သက်ဆိုင်ရာအစိုးရမှ စောင့်ကြည့်လေ့လာခြင်းဖြင့် အချိန်မီတားဆီးထိန်းသိမ်း လိုက်နိုင်သူများ လည်းရှိပါသည်။ “အွန်လိုင်းတွင် ဟက်ကာများ၊ အကြမ်းဖက်သမားများ ကြိုက်နှစ်သက်သော ပစ်မှတ်အများ စုကတော့ တစ်ကိုယ်တည်းသမားများ၊ အထီးကျန်စိတ်ကျနေသူများပါ။ ကမ္ဘာအနှံ့မှ တစ်ကိုယ်တည်းသမားများ၏ အွန်လိုင်း ရာဇ၀င်များကို သူတို့ ကလေ့လာတတ်ပါတယ်”ဟု လန်ဒန်ရှိ Royal Holloway University မှ Kenneth Paterson ကပြောပါ သည်။

အချို့သော မိဘများသည် သူတို့၏ ကလေးများကိုသတ်မှတ်ထားသည့် စည်းကမ်းများဖြင့်သာ အွန်လိုင်းနှင့် လူမှု ကွန်ရက်စနစ်များကို အသုံးပြု စေပါသည်။ စာသင်ကျောင်းအချို့တွင်လည်း ကျောင်းချိန်အတွင်း နည်းပညာပစ္စည်းများကို အတန်း အတွင်းမယူဆောင်စေဘဲ သတ်မှတ်နေရာ များတွင် အပ်နှံထားစေပါသည်။ အနောက်နိုင်ငံများတွင် မိဘများသည် နေ့စဉ်အလုပ်တာဝန်များခြင်းကြောင့် သူတို့၏ကလေးများအရေးကို လုံလောက်စွာ ဂရုမစိုက်နိုင်ပေ။ ထို့ကြောင့် အချို့သောကလေးငယ် များသည် အွန်လိုင်းမှတစ်ဆင့် အပေါင်းအသင်းအသစ်များရရှိပြီး၊ အရွယ် မတိုင်မီ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ပါတီ၊ ကလပ်များ ခိုးတက်ခြင်း (သို့) အုပ်ထိန်းသူမရှိသော အိမ်များ တွင် ပါတီ၊ ကလပ်ဖွင့်၍ အပေါင်းအသင်းများဖွင့်ခြင်းစသည်တို့ ပြုမူတတ်ကြပါသည်။ အချို့တွေ ကတော့ အပေါင်းအသင်း အားကိုးဖြင့် လွတ်လပ်မှုရှာခြင်းကြောင့် အိမ်ပြေး ဘ၀အဖြစ် ရောက်ရှိသွားတတ်ကြသည်။ အချိန်မီပြန်လည် ဆုံးမပြုပြင်နိုင် သော ဆယ်ကျော်သက်များရှိသလို၊ အချို့တွေကတော့ အမှောင်လမ်းကို သွားမြဲတိုင်းသွားတတ်ကြပါသည်။ ပစ္စည်းခိုးယူခြင်း၊ အများပိုင် ပစ္စည်းများ ဖျက်ဆီးခြင်း၊ လုယက်ဓါးပြတိုက်ခြင်းများကိုကျူးလွန်တတ်သူများရှိသလို၊ လူသတ်မှုကျူးလွန်သည့်အရွယ် မရောက်သေးသူများလည်းရှိပါသည်။ နောက်တစ်ချက်မှာ အွန်လိုင်းအသုံးပြုသည့် ဆယ်ကျော်သက် မိန်းကလေး များကြုံတွေ့ ရသော ပြဿနာပါ။ အများသူငါဝတ်စားသည်ကို တုပ၍ ၀တ်စားခြင်းကြောင့် မကောင်းမှုဒုစရိုက်များကိုဖိတ်ခေါ်သည်နှင့်တူပြီး၊ အဓမ္မကျူးလွန်ခံရသော မိန်းကလေးများရှိပါသည်။ အချို့တွေကတော့ အွန်လိုင်းမှာတွေ့ဆုံသောသူ၏ စကားများကို အယုံလွယ်၍ အရွယ်မတိုင်မီ ကိုယ်ဝန်ဆောင်ရသောအဖြစ်မျိုးကြုံတွေ့ကြရပါသည်။

အရွယ်မရောက်မီကိုယ်ဝန်ဆောင်ရသော အဖြစ်မျိုးသည် အနောက်နိုင်ငံ များတွင် တားဆီးကာကွယ်သော်လည်း ရပ်တန့်မှုမရှိသလို၊ အခုအခါ ယဉ်ကျေးမှုစောင့်ထိန်းအလေးထား သည့် အရှေ့နိုင်ငံများမှာပင် အဖြစ်များ နေပါသည်။ ဒါကြောင့် နည်းပညာစနစ်များနဲ့ပတ်သက်၍ အနာဂတ် မျိုးဆက်သစ် များကို ထိန်းကျောင်းဖို့ လူကြီးများအနေဖြင့်လည်း တတ်မြောက်သုံးစွဲခြင်း၊ စောင့်ကြည့်လေ့လာခြင်းပြုသင့်ပါသည်။

အစိုးရများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများက Selfie Stick တွေကို ရှေးဟောင်းအဆောက်အအုံများ၊ ပြပွဲ၊ ပြတိုက်များ၊ အခမ်းအနားများကို ယူဆောင်ခွင့်မပြုသလို၊ Drone များပျံသန်းခွင့်နယ်မြေတွေကိုလည်း ကန့်သတ်လာခဲ့ပါသည်။ နောက်ပိုင်းမှာ 3D Print ထုတ်ခြင်းနဲ့ပတ်သက်၍ နည်းပညာပိုမိုမြင့်မားလာပါကလည်း ကန့်သတ်ချက်အချို့ရှိလာနိုင်ပါသည်။ 3D Print နည်း ပညာဖြင့် သေနတ်ကိုစမ်းသပ်ထုတ်ပြခဲ့သည့် ဥပမာလည်း ရှိပါသည်။ ဈေးကွက်ထဲတွင် 3D Printer အများအပြား ၀ယ်ယူခွင့်ရရှိပြီး၊ အသုံးပြုသူများလည်း မိမိတို့လိုအပ်သလို အရာဝတ္ထု များကို ပုံဖော်ဖန်တီး လာပါက အတုအယောင်ကိစ္စများ၊ အစားထိုး လိမ်လည်ခြင်းများ၊ အငြင်းပွား ဖွယ်ကိစ္စများရှိလာနိုင်ပါသည်။ ဒါပေမယ့်လည်း ကျန်းမာရေးဆိုင်ရာကုသမှု များ၊ ကုန်ပစ္စည်းလိုအပ်ချက်ရှိမှုများအတွက်လည်း အထောက်အကူ ပေးနိုင်သော ကောင်းကျိုးများလည်းရှိပါသည်။

“အနာဂတ်မှာလူတိုင်း 3D Printer ပိုင်ဆိုင်ခွင့်ရလာမယ်ဆိုပါက ကျွန်မတို့ အနေနဲ့ အချို့သောစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ပါလိမ့်မယ်”ဟု Stefanie Mueller က ပြောပါသည်။ သူမနှင့် သူမ၏ သူငယ်ချင်းဖြစ်သူတို့သည် စမတ်ဖုန်းပျက်စီးပါက အစားထိုးကိုင်ဆောင်နိုင်အောင် 3D နည်းဖြင့် ပစ္စည်းသစ်ထုတ်နိုင်ရန် ကြိုးပမ်းနေပါသည်။ ဒါကြောင့်နည်းပညာစနစ်နှင့် ပစ္စည်းများထွက်ရှိမှု၊ ပိုမိုကောင်းမွန်လာမှုသည် လမ်းဆုံးမရှိသလို၊ နှောင့်ယှက်ဖျက်ဆီးမည့်သူများကလည်း လမ်းတစ်လျှောက် လိုက်ပါနေမှာ ဖြစ်ပါသည်။

ငြိမ်းချမ်းတိုး
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download