1/07/2016

♪ "6.33 လက်မ Le Max စမတ်ဖုန်းကို အိန္ဒိယတွင် ရောင်းမည်" ♫


တရုတ်စမတ်ဖုန်းထုတ်လုပ်သူ LeTV က ဇန်န၀ါရီလ ၅ ရက်နေ့တွင် အိန္ဒိယမှာ စမတ်ဖုန်းတစ်လုံး ကို ရောင်းချမယ်လို့ မျှော်လင့်ထားကြပေမယ့် ယခုအခါ ကုမ္ပဏီက ယခုလလယ်မှသာ အဲဒီ စမတ်ဖုန်းကို ရောင်းချမယ် လို့ ကြေညာလိုက်ပါတယ်။

အဆိုပါ ကြေညာချက် ကို Bengaluru မှာ ပရိသတ်များနဲ့ တွေ့ဆုံပွဲမှာ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ LeTV က အိန္ဒိယမှာ ရောင်းချမယ့် စမတ်ဖုန်းဟာ Le Max ဖြစ်ပြီး အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမြို့မှာ မိတ်ဆက်မှာဖြစ်တယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။

Le Max နဲ့အတူ အခြား စမတ်ဖုန်းများကိုလည်း အဲဒီပွဲမှာ ပြသမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ Le Max မှာ Snapdragon 810 SoC မောင်းနှင်မှာ ဖြစ်ပြီး အရွယ်အစား ကြီးမားတဲ့ 6.33 လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ Resolution မှာ 2560x 1440 pixel ဖြစ်ပါတယ်။ 4GB RAM တပ်ဆင်ထားတဲ့အတွက် Apps များစွာကို တစ်ပြိုင်နက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် Multi-tasking ပြုလုပ်ရာမှာ အလွန်အသုံးဝင်မှာဖြစ်ပါတယ်။

32GB/64GB/128GB Internal Storage Options များ ရွေးချယ်နိုင်မှာဖြစ်ပါ တယ်။ 3400mAh Battery ထည့်သွင်းပေးထားပါတယ်။ အနောက်ဘက်တွင် 21Megapixel Camera နဲ့ အရှေ့ဘက်တွင် 4 UltraPixel Selfie Camera တပ်ဆင်ထားပါတယ်။ အရွယ်အစားအပြည့်အစုံမှာ 167.1×83.5×8.95mm ဖြစ်ပြီး အလေးချိန်မှာ ၂၀၄ ဂရမ် ဖြစ်ပါ တယ်။

Le Max ကို Android 5.0 Lollipop ကို အခြေပြုထားတဲ့ EUI မောင်းနှင်မှာ ဖြစ်ပါတယ်။ Fingerprint Sensor လို့ ခေါ်တဲ့ လက်ဗွေရာလုံခြုံရေးစနစ် ပါရှိမှာဖြစ်ပါတယ်။ Fingerprint Sensor ဖြင့် ဖုန်းကို Unlock လုပ်ခြင်း၊ မိုဘိုင်းဖုန်းမှ ဈေးဝယ်ခြင်း၊ မိုဘိုင်းဖုန်း မှ ငွေပေးချေခြင်း စတဲ့ လုံခြုံရေးအတွက် အရေးကြီးတဲ့ အလုပ်များကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com