“Huawei G Play Mini”
ပြည်တွင်းဖုန်းဈေးကွက်ထဲမှာ နာမည်အခိုင်အမာရှိသောHuawei တံဆိပ်မှ လည်းလူတန်းစားမျိုးစုံ သုံးစွဲနိုင်စေဖို့အတွက်ဖုန်းအသစ်များကိုတင်သွင်း ထုတ်လုပ်ရောင်းချပေးနေပါတယ်။ အလယ်အလတ် အဆင့်ဟန်းဆက် အသစ်များကိုလည်းရောင်းချပေးထားသလိုအထက်တန်းလွှာများ အသုံးပြု နိုင်မည့် စွမ်းရည်မြင့်တန်ဖိုးကြီးဟန်းဆက်များကိုလည်း ရောင်းချပေးထား ပါတယ်။ ဈေးနှုန်း ၁၇၀၀၀၀ ၀န်းကျင် ရှိသော Huawei ရဲ့ ဟန်းဆက် တစ်မျိုးကတော့ G Play Mini ဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင် အကျယ်အ၀န်း ကတော့ 5inches ဖြစ်ပါတယ်။
IPS capacitive touchscreen ကို ကြည့်ရှု အသုံးပြုတဲ့အခါ၌ ရုပ်ထွက်များဟာ ကြည်လင်ကောင်းမွန်နေ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် 720x1280 pixels ပမာဏဖြင့် ထောက်ပံ့ပေးထား လို့ဖြစ်ပါတယ်။ ယခုဖုန်းရဲ့တန်ဖိုးဟာအရမ်းမြင့်မားတယ်လို့ မဆိုနိုင်ပါဘူး။ ထိုသို့ဟန်းဆက်ဈေးနှုန်းမကြီးမားခြင်းကြောင့် ဖုန်းတွင်းပိုင်းစွမ်းရည်များ ဟာထိပ်တန်းအဆင့်မရှိဘူးလို့ထင်ပါကလွဲမှားနိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုရင်ယခုဟန်းဆက်မှာပါရှိတဲ့ အဓိကကင်မရာရဲ့စွမ်းရည်ဟာ အခြား အမြင့်စားဟန်းဆက်များမှာ ရိုက်ကူးနိုင်သောအဓိကကင်မရာစွမ်းရည်နှင့် တူညီသောကြောင့်ဖြစ်ပါတယ်။
G Play Mini ရဲ့ အဓိကကင်မရာက13MPစွမ်းရည်ရှိပါတယ်။ ရှေ့ကင်မရာငယ် ကလည်း ပြည့်ဝကောင်း မွန်တဲ့ အရည်အသွေးကို ပိုင်ဆိုင် ထားပါတယ်။ 5MP စွမ်းရည်ရှိခြင်းကြောင့် Selfieပုံများ ရိုက်ကူးတဲ့အခါမှာ ကြည်ကြည်လင်လင်နဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဆင်းကတ်အသုံးပြုနိုင်မှု အနေအထားကလည်း စိတ်ကျေနပ်ဖွယ်ကောင်းပါတယ်။
ဆင်းကတ် နှစ်ကတ်ကိုတစ်ပြိုင်တည်းထည့်သွင်းအသုံးပြုနိုင်ပါမယ်။ မှတ်ဥာဏ်ပမာဏ အပိုင်းတွင် RAM က 2GB ပါရှိပြီး၊ Internal Storage ကိုတော့ 8GB ထည့်သွင်းပေးထားပါတယ်။ Hardware ပိုင်းဆိုင်ရာမှာHiSilicon Kirin 620 ကိုထည့်သွင်းပေးထားပါတယ်။ ဘက်ထရီကLi-Po 2550 mAhပါ။
<Specification>
Network - GSM/WCDMA
Screen - 5 inches
CPU - Octa Core 1.2GHz
OS - Android OS,v4.4.2
Memory - up to 32 GB
Bluetooth - v4.0
Contact - 09-73171214
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal