1/06/2016

♪ ထိုင်းရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်များ တိုက်ခိုက်ခံရ ♫


တက်ကြွလှုပ်ရှားသည့် ဟက်ကာများသည် တနင်္လာနေ့ညက တရားမျှတမှုကို တောင်းဆိုမှုနှင့်အတူ ထိုင်းနိုင်ငံ၏ မြို့ပြ ရဲဝက်ဘ်ဆိုက်များ အပါအဝင် ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက် ၄ ခုကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်ခံရသော ဝက်ဘ်ဆိုက်များတွင် “Blink Hacker အဖွဲ့၊ ကျဆုံးနေသော တရားဥပဒေ၊ ကျွန်တော်တို့ တရားမျှတမှု အလိုရှိသည်၊ Greetz Myanmar Black Hats” ဟူသော စာသားအပြင် မျက်လုံးနှစ်ဖက်ကို အုပ်ထားခံရသည့် မျက်နှာဖုံးဖြူ ဓာတ်ပုံကို တင်ထားကြာင်း Facebook စာမျက်နှာ Polamuang tortan ၏ရေးသားချက် အရသိရသည်။

Blink Hacker အဖွဲ့မှ တိုက်ခိုက်ခဲ့သော ရဲတပ်ဖွဲ့ ဝက်ဘ်ဆိုက်များမှာ မြို့ပြဆိုင်ရာရဲတပ်ဖွဲ့ http://metro.police.go.th, ပီချစ်ရဲဌာန http://phichit.police.go.th, ခွင့်ပြုမိန့်ဆိုင်ရာ ရဲစင်တာ http://www.pcscenter.sb.police.go.th, တော်ဝင်ထိုင်းရဲတပ်ဖွဲ့ ဆက်သွယ်ရေး နည်းပညာနှင့် ဆက်သွယ်ရေးရုံး http://www.ictgenral.police.go.th တို့ဖြစ်သည်။

Ref: Bangkokpost
Credit to ==> Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com