အမေရိကန်တွင် Windows 10 Phone ဖြစ်သော Microsoft Lumia 950 ကို
ရောင်းချနေသော တစ်ခုတည်းသော Carrier မှာ AT&T ဖြစ်ပါသည်။ ယခုအခါ
T-Mobile ကလည်း Windows 10 OS ထည့်သွင်းထားသော Alcatel OneTouch Fierce XL
ကို ရောင်းချပေးတော့မည်ဖြစ်သည်။
Android OS ထည့်သွင်းထားသော Alcatel OneTouch Fierce XL ကို အမေရိကန်တွင် MetroPCS မှ ၆၉ ဒေါ်လာဖြင့် ရောင်းချပေးနေပါသည်။ Windows 10 Model ၏ ဈေးနှုန်းကိုမူ မသိရသေးပါ။ Alcatel OneTouch Fierce XL ( Windows 10 Model ) တွင် Android Model ကဲ့သို့ပင် ၅.၅ လက်မ 720x1280p Display တပ်ဆင်ထားမည်ဟု မျှော်လင့်ရပါသည်။
Qualcomm Snapdragon 210 Processor မောင်းနှင်မည်ဖြစ်ပြီး 4G LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးမည်ဟု မျှော်လင့်ရပါသည်။ အနောက်ဘက်တွင် 8 Megapixel Camera နှင့် အရှေ့ဘက်တွင် 2 Megapixel Camera တပ်ဆင်ထားပါသည်။ 2GB RAM , 16GB Internal Storage ထည့်သွင်းထားမည်ဖြစ်သည်။
Credit to ==> Myanmar Digital Life Journal