1/06/2016

♪ Asus က အိန္ဒိယတွင် သူ၏ ဈေးအသက်သာဆုံး ZenFone Go ကို ရောင်းချ ♫


sus က ၂၀၁၅ ခုနှစ်ကုန်ဆုံးရက် တစ်ရက်အလိုတွင် သူ၏ ဈေးအသက်သာဆုံး ZenFone Go ကို အိန္ဒိယတွင် ရောင်းချပေးလိုက်ပါသည်။ လက်ရှိတွင် Asus ZenFone Go ကို Flipkart နှင့် Asus အရောင်းဆိုင်များတွင်သာ ရောင်းချပေးမည်ဖြစ်သည်။ ဇန်န၀ါရီလ ဒုတိယ တစ်ပတ်တွင် စတင်ရောင်းချပေးမည်ဖြစ်သည်။

အမည် အပြည့်အစုံမှာ Asus ZenFone Go 4.5 ဖြစ်ပြီး ၄.၅ လက်မ 480 x 854 FWVGA Display တပ်ဆင်ထားပါသည်။ 1.3GHz MediaTek MT6580M Quad-Core SoC , 1GB RAM မောင်းနှင်မည်ဖြစ်သည်။ 8GB Internal Storage အပြင် 64GB အထိဝင်ဆန့်သော microSD Card Slot ပါရှိပါသည်။

The Asus ZenFone Go 4.5 ၏ အနောက်ဘက်တွင် 5 Megapixel Camera နှင့် အရှေ့ဘက်တွင် 0.3 Megapixel Camera တပ်ဆင်ထားပါသည်။ 3G connectivity, Wi-Fi, GPS, aGPS, Bluetooth, FM စွမ်းရည်များပ်ါရှိပြီး Dual SIM Phone ဖြစ်ပါသည်။ Android 5.1 Lollipop ကို Zen UI 2.0 ဖြင့် ပေါင်းစပ်ထားပါသည်။ 1600mAh Battery ထည့်သွင်းထားပါသည်။ ပထမနှစ်နှစ်အတွင်း Google Drive တွင် 100GB အခမဲ့ အသုံးပြုနိုင်ပါသည်။ အိန္ဒိယရူပီး ၅၂၉၉ ( ဒေါ်လာ ၈၀ ) သာ တန်ကြေးရှိသဖြင့် အလွန်ဈေးသက်သာပါသည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com