1/07/2016

♪ ပထမဆုံး Snapdragon 820 chip အသုံးပြုမည့်စမတ်ဖုန်းအဖြစ် Letv Le Max Pro ကြော်ငြာ ♫


အမေရိကန် နိုင်ငံ တွင်ကျင်းပလျက်ရှိသော ကမ္ဘာ့ နည်းပညာကုန်စည်ပြပွဲ CES 2016 မှာ တရုတ်နိုင်ငံမှ စမတ်ဖုန်းကုမ္ပဏီ Letv မှ၎င်းတို့၏ Flagship ဖုန်းကိုမိတ်ဆက်ပေးခဲ့ပြီး နာမည်ကျော် Qualcomm Snapdragon 820 Chip ကိုအသုံးပြုထားတဲ့ပထမဆုံးဖုန်းဖြစ်တာကြောင့် လူအများစိတ်ဝင်စားမှုရရှိခဲ့ ပါတယ်။ Letv နည်းပညာကုမ္ပဏီကို ၂၀၀၄ ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့ပြီးတရုတ်နိုင်ငံရဲ့အကြီးဆုံး Online Video Streaming ထဲမှကုမ္ပဏီတစ်ခုဖြစ်ပါတယ်

 ဒေါ်လာ 1.6 ဘီလီယံ တန်ဖိုးရှိသောကုမ္ပဏီကြီးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ စမတ်ဖုန်းတွေစတင်ထုတ်လုပ်ခဲ့ ပါတယ်။ နာမည်ကြီး Samsung နဲ့ Xiaomi တို့မှ၎င်းတို့ရဲ့စမတ်ဖုန်းတွေကို Snapdragon 820 စတင်ထုတ်လုပ်မယ်လို့ ယူဆခဲ့ကြပေမယ့် Letv ကပထမဆုံးကြော်ငြာထုတ်လုပ်ခွင့်ရရှိသွားပါတယ်။ Xiaomi မှ ဒုဥက္ကဌ နှင့် ပူးတွဲတည်ထောင်သူ Mr Liwan Jiang မှလည်း ၎င်းတို့၏ Flagship စမတ်ဖုန်း Mi 5 ကိုတရုတ်နှစ်ကူး Lunar New Year အပြီးမှာစတင်မိတ်ဆက်ရောင်းချမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပြီး Snapdragon 820 chip အသုံးပြုထားမည်ဖြစ်ကြောင်းဆိုခဲ့သည်။

ယခု Letv Le Max Pro မှာ 6.3 inches မျက်နှာပြင်အကျယ်ရှိပြီး ဘေးဘောင်းများမှာပါးလွှာသော Narrow Bezels Sharp 2K Display ဖြစ်သည်။ Snapdragon 820 အသုံးပြုထားပြီး RAM 4GB ဖြင့်မောင်းနှင်ထားသည်။ 32GB ,64 GB ,128 GB memory သုံးမျိုးခွဲခြားထုတ်လုပ်ထားပြီး ပင်မကင်မရာ 21 MP နှင့် 4MP မျက်နှာပြင်ကင်မရာတပ်ဆင်ထားသည်။ fingerprint Scanner ပါဝင်ပြီး ၎င်းစနစ်ကို Qualcomm Securemsm technology အသုံးပြုသောကြောင့်ပိုမိုတိကျသောလုံခြုံရေး စနစ်ကိုအထောက်အကူပြုမည်ဖြစ်သည်။

အသံစနစ်ကို Dolby Atmos အသုံးပြုထားပြီး USB C type ဖြစ်သည်။ဘက်ထရီကို 3400 mAh ဘက်ထရီတပ်ဆင်ထားပြီး Quick Charge 3.0 နည်းပညာအသုံးပြုထားသည်။ Dual Sim အမျိုးအစား ဖြစ်ပြီး Android 6.0 Marshmallow ဖြင့်စတင်လည်ပတ်ထားသည်။

Credit to ==> Phone News Up To Date

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com